ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မင်းမဲ့စရိုက်ဆန်ဆန် ကျူးလွန်နေတဲ့ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်ရဲ့ ပါရမီယာဉ်လိုင်း (ပေးစာ)

မင်းမဲ့စရိုက်ဆန်ဆန် ကျူးလွန်နေတဲ့ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်ရဲ့ ပါရမီယာဉ်လိုင်း (ပေးစာ)
၁၇၆-ယဉ်လိုင်းသည် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်အောက်မှ ပြေးဆွဲနေသော ပါရမီယာဉ်လိုင်းဖြစ်ပါသည်။ ၁၇၆-ယဉ်လိုင်းသည် တောင်ဒဂုံမြို့မှ လှိုင်သာယာသို့ ပြေးဆွဲနေသော ယဉ်လိုင်းဖြစ်ပါသည်။ ထို ၁၇၆-ယဉ် လိုင်းထဲမှ ၂/ဂ ၈၃၃၆ ယဉ်အမှတ်နဲ့ ပြေးဆွဲနေသော ပါရမီယဉ်သည် တောင်ဒဂုံမြို့နယ်၊ပြည်ထောင်စုလမ်းနှင့် စည်ပင်လမ်းဆုံ၊သစ်ဆိုင်ကွေ့မှတ်တိုင်၌် ၁၅-၈-၂၀၁၂ ညဦးပိုင်း ၉း၀၀ အချိန်ခန့်တွင် အုပ်စုဖွဲ့ ၍ ရမ်းကားမှု ဖြစ်ပွားခဲ့သည်။

ဖြစ်ပွားပုံမှာ တောင်ဒဂုံမြို့နယ်၊ပြည်ထောင်စုလမ်းနှင့် စည်ပင်လမ်းဆုံ၊ သစ်ဆိုင်ကွေ့မှတ်တိုင်၌ မောင်နေ၀င်း နှင့် မောင်ညီထွေးဝင်းတို့အား အဆိုပါ ၁၇၆-ယဉ်လိုင်းမှ ယဉ်နောက်လိုက် နှစ်ဦး၊ အပေါင်းဖော် သုံးဦးတို့က အုပ်စုဖွဲ့၍ ဒုတ်နှင့် ၀ိုင်းရိုက်ခဲ့ကြပါသည်။ ပြည်ထောင်စု လမ်းမကြီးဘေးမှကပ်၍ စက်ဘီးနင်းလာသော မောင်နေ၀င်းအား အဆိုပါ ၁၇၆ - ယဉ်မှ ထိလုနီးပါး ပွတ်ဆွဲသွားပါသည်။ ထို့ကြောင့် ရှေ့ဆက်၍ နင်းလို့မရ၊ အောက်သို့လည်း ချရခတ်တဲ့ အနေထားကြောင့် နှုတ်ဖြင့်ဆဲဆိုသည်ကို အဆိုပါ ၁၇၆ ယဉ်လိုင်းမှ ကားရပ်၍ ယာဉ်နောက်လိုက် နှစ်ဦး၊ အပေါင်းဖော်သုံးဦးတို့က အုပ်စုဖွဲ့၍ဒုတ်နှင့် ၀ိုင်းရိုက်ခဲ့ကြခြင်း ဖြစ်ပါသည်။

` မောင်နေ၀င်းမှ သူ့၏ညီ၊ မောင်ညီထွေးဝင် (ခ) သားငယ်ကို လှမ်းအကူညီ တောင်းပါသည်။ မောင်ညီထွေးဝင်း (ခ) သားငယ်မှ ပြေးလာရာကို အဆိုပါ ၁၇၆ - ယာဉ်နောက်လိုက်များက ၀ိုင်းရိုက် လိုက်သောကြောင့် ဦးခေါင်းကွဲသွားခဲ့ပါသည်။ ယင်းအချိန်တွင် ရပ်ကွက်သူ၊ ရပ်ကွက်သားများ ထွက်လာရာ အဆိုပါကားမှာ မောင်း ပြေးသွားပါသည်။ ယင်းသို့ မောင်းပြေးစဉ် ယာဉ်မောင်းသူမှ ရပ်ကွက်သားများကို' မင်းတို့ရပ်ကွက်ကို မီးလာရှို့ ပစ်မယ်'ဟု ကြိမ်းမောင်း ခြိမ်းခြောက်သွားခဲ့ပါသည်။ ဤသို့ဖြစ်ပွားခဲ့သည်မှာ တစ်ကြိမ်တစ်ခါလည်း မဟုတ် တော့ပါ။ လှိုင်သာယာမှာဖြစ်လိုက်၊ ဒဂုံတောင်မှာဖြစ်လိုက်နှင့် အကြိမ်ရေ စိတ်လာခဲ့သည်ဟုလည်း အဆိုပါ ၁၇၆- ယဉ်လိုင်းကို အမြဲလို စီးနင်းနေသော ခရီးသည်များကလည်း ပြောဆိုနေကြပါသည်။ အရိုက်ခံရသူ မောင် ညီထွေးဝင်း (ခ) သားငယ် ဆိုသူသည် အရိုက်ခံရသည့် ဒဏ်ရာကြောင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ အနီးရှိ ရပ်ကွက်သူ၊ရပ်ကွက်သားများမှ အရေးပေါ် ပို့ဆောင်ပေးခဲ့ရပါသည်။  အရိုက်ခံရသူ မောင်ညီထွေးဝင်း (ခ) သား ငယ်သည် ဦးခေါင်းနောက် အရိုက်ခံရတာ ပြင်းထန် လွန်းသောကြောင့် (၃) ချက်ချုပ်ခံထားရသည်ဟု သိရှိရပါ သည်။ အရိုက်ခံရသည် ဒဏ်ရာမှာ အတွင်းသို့ နက်သွားသည်ဟုလည်း ဆေးရုံမှပြောဆိုပါသည်။

အဆိုပါ အရိုက်ခံရသော အကိုဖြစ်သူ မောင်နေ၀င်းနှင့် ညီငယ်ဖြစ်သူ မောင်ညီထွေးဝင်း (ခ) သားငယ် တို့သည် လက်ရှိအချိန်တွင် စံပြဆေးရုံ၌ ဆေးကုသမှုကို ခံယူနေသည်ဟု ထပ်မံသတင်းရရှိပါသည်။ မောင်ညီ ထွေးဝင်း (ခ) သားငယ်သည် Rolling Stone ဆံပင်ညှပ်ဆိုင်မှ အလုပ်သမားတစ်ဦးဖြစ်ပြီး NLD အဖွဲ့ဝင် လူငယ်တစ်ဦး ဖြစ်ကြောင်းလည်း သိရှိရပါသည်။

ပေးပို့သူ လင်းဆက်.. 
ဓာတ်ပုံ ဒီမိုကောင်းကင်..