ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

လမ်းမတော်မြို့နယ် အမေ့အားမာန် စေတနာရှင် ကွန်ရက်မှ လှည်းကူးမြို့နယ် ရေဘေးသင့် ပြည်သူများအတွက် ဆန်အလှူပေးအပ် လှူဒါန်းပွဲ...

လမ်းမတော်မြို့နယ် အမေ့အားမာန် စေတနာရှင် ကွန်ရက်မှ ကိုလေးနိုင်ထွန်း၊ ကိုအေးမင်း၊ ကိုသန့်ဇင်၊ ကိုသန့်ဇင်ဦး၊ ကိုသိန်းဇော်တို့မှ ဦးစီး၍ လှည်းကူးရေဘေးသင့် ပြည်သူများအတွက်၁၉.၈.၂၀၁၂ ညနေ(၄နာရီ)ခန့်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းအား လှည်းကူးမြို့နယ် ရေဘေးသင့် ပြည်သူများအတွက်  ဆန်(၁၈)အိတ်အား လှူဒါန်း ပေးအပ်ခဲ့ပါသည်။