ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ရှမ်းပြည်နယ်တောင်ပိုင်း) အောင်မြင်စွာ ဖွဲ့ စည်း...

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ရှမ်းပြည်နယ်တောင်ပိုင်း) အောင်မြင်စွာ ဖွဲ့ စည်းနိုင်


၂၀၁၂ ခုနှစ် သြဂုတ်လ ၆ ရက်


မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ရှမ်းပြည်နယ်တောင်ပိုင်း) ကို ရှမ်းပြည်နယ် တောင်ကြီးမြို့ တွင် (၁၅) ဦး ပါဝင်သည့် အလုပ်အမှုဆောင်အဖွဲ့ ဖြင့် ယနေ့ အောင်မြင်စွာ ဖွဲ့ စည်းနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ရှမ်းပြည်နယ်တောင်ပိုင်း) ကို ရှမ်းပြည်နယ် ဒေသခံ တိုင်းရင်းသား သတင်းစာ ဆရာများနှင့် သတင်းစာ စာပေ စိတ်ဝင်စားသူ မျိုးဆက်သစ်လူငယ်များဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အလုပ် အမှုဆောင်အဖွဲ့တွင် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၄ ဦးဖြင့် ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်။ အလုပ် အမှုဆောင်အဖွဲ့  ဖွဲ့ စည်းပုံတွင် ဥက္ကဌ၊ ဒုတိယ ဥက္ကဌ၊ အတွင်းရေးမှူး။ တွဲဖက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်မှူး၊ သတင်းနှင့် ပြန်ကြားရေးမှူး၊ စည်းရုံးရေးမှူး၊ ပညာရေးမှူး၊ ရံပုံငွေရှာဖွေရေးမှူး တို့ ပါဝင် ဖွဲ့ စည်း ခဲ့သည်။

သတင်း, ဓာတ်ပုံ,  ကိုညီဇော် ပေးပို့သည်..