ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရှမ်းပြည်တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပာိုပုံးမြို့မှ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှု သင်တန်း..

 
 
ရှမ်းပြည်နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) နှင့် Myanmar Egress တို့ ပူးပေါင်း၍ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှု သင်တန်းကို ရှမ်းပြည်တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပာိုပုံးမြို့ ၊ မွေတော်ကျောင်းတွင်( ၂၀-၈-၂၀၁၂) မှ (၂၃-၈-၂၀၁၂) ထိ ဆွေးနွေး ပို့ချသွားမည် ဖြစ်ပါသည်။ အဆိုပါ သင်တန်းတွင် ကျားဖြူပါတီမှ ၇၂ ဦး၊ PNO မှ ၁ ဦး၊ NLD မှ ၅ ဦး ၊ NGO ၂၆ ဦး၊ စုစုပေါင်း ၁၀၄ ဦး တက်ရောက်ကြပါသည်။ သင်တန်းဖွင့်ပွဲတွင် ပာိုပုံးမြို့နယ် ကျားဖြူပါတီ ဥက္ကဌ ဒေါ်နန်းသန်းသန်းရွှေမှ အမှာစကား ပြောကြားပါသည်။

အဆိုပါသင်တန်းသို့ ပင်လုံ ၊ ကာလိ ၊ မိုးနဲ ၊ လင်းခေး ၊ လဲချား ၊ ဆီဆိုင် မြို့နယ်တွင် ပို့ချခဲ့ပြီး ဖြစ်ပါသည်။ ပာိုပုံးမြို့နယ်တွင် ပို့ချပြီးပါက ညောင်ရွှေမြို့နယ် ၊ ပင်လောင်း မြို့နယ် တို့တွင် ဆက်လက် ပို့ချမည်ပာု ကြားသိရပါသည်။

ပေးပို့သူ လွိုင်မောဝ် မီဒီယာ ဂရု