ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ကြေငြာချက်နှင့် မှတ်တမ်းဓာတ်ပုံ၊ ရုပ်သံ..

(၂၅.၈.၂၀၁၂)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းတွင် လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းကြောင့် ကျေးရွာ(၂၆)ရွာမှ လယ်ယာမြေဧကပေါင်း ၇၈၆၈.၇၈ဧကကို စီးပွားရေး ဦးပိုင်လိမိတက်နှင့် Myanmar Wanbao Mining Copper .Ltd တို့မှ ကျေးရွာများမှ တောင်သူများပိုင် ယာမြေများကို အဓမ္မ သိမ်းယူထားသည်။ ကျေးရွာပေါင်း(၂၆) ရွာထဲမှ ဆည်တည်းရွာ၊ ဇီးတောရွာ၊ ဝက်မှေးရွာနှင့် ကန်တောရွာ တို့ကို   ယာမြေများ သိမ်းဆည်းရုံမက ကျေးရွာများကိုပါ ဖျက်သိမ်းခိုင်းခဲ့သည်။

ရွာဖျက်သိမ်းခံရသော ကျေးရွာများအပါအဝင် ယာမြေများ သိမ်းခံထားရသော တောင်သူများနှင့် ကျေးရွာသားများက ယခုကဲ့သို့ ယာမြေများ အဓမ္မသိမ်းယူခြင်းနှင့် ကျေးရွာများအား ဖျက်သိမ်းခိုင်းခြင်းများကို လက်မခံနိုင်သည့်အတွက် ယခုကဲ့သို့ ဆန္ဒဖော်ထုတ်မှုများ ဖြင့် ယာမြေများ ပြန်လည်ရရှိရေးအတွက် မိမိတို့အပိုင် ယာမြေများ ပြန်လည်ရရှိရေးအတွက် လယ်ယာမြေသိမ်းပိုက်ပွဲကို ၂၃.၈.၂၀၁၂ ရက်နေ့မှစ၍ တိုက်ပွဲဝင်နေကြသည်။

ယာမြေများသိမ်းပိုက်ခံရသော တောင်သူများက “ကျေးရွာပိုင်မြေများအပေါ် မကျူးကျော်ရ” ဆိုသည့် ဆိုင်းဘုတ်များကို မိမိတို့ ယာမြေများအပေါ်တွင် စိုက်ထူနေကြသည်။ လယ်မြေများ သိမ်းပိုက်ပွဲကို တိုက်ပွဲဝင်နေသော ရွာပေါင်း(၂၆) ရွာမှ တောင်သူများကို ကျွန်ုပ်တို့ ကွန်ယက်အသီးသီးမှ ထောက်ခံ၍ အကူအညီပေးသွားမည်ဖြစ်သည်။

 လယ်ယာမြေများ အဓမ္မသိမ်းယူထားသော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့် Myanmar Wanbao Mining Copper.Ltd တို့သည် အာဏာရှင်နှင့် ဓနရှင်တို့ ပူးပေါင်းပြီး ရိုးသားသော တောင်သူများအပေါ် ဂုတ်သွေးစုတ် အမြတ်ထုတ်နေမှုကို ကျွန်ုပ်တို့ကွန်ယက် အသီးသီးမှ အပြင်းအထန် ရှုံ့ချလိုက်သည်။

လယ်ယာမြေများပြန်လည်ရရှိရေးနှင့် ကျေးရွာများ မဖျက်သိမ်း ခံရရေးအတွက် တိုက်ပွဲ ဝင်နေသော ကျေးရွာသားအပေါင်း၏ တိုက်ပွဲဝင်စိတ်ဓာတ်အား ကျွန်ုပ်တို့ ကွန်ယက်အသီးသီးမှ လေးစားဂုဏ်ယူလျက်ရှိသည်။ ထိုသို့တိုက်ပွဲဝင်နေသော တောင်သူများကို ကျွန်ုပ်တို့ ကွန်ယက်အသီးသီးမှ လူအား၊ စိတ်ဓာတ်အားတို့ဖြင့် လယ်ယာမြေများပြန်လည်ရရှိသည်အထိ တိုက်ပွဲဝင်နေသော တောင်သူများနှင့် အတူ မားမားမတ်မတ်ရပ်တည်၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အတိအလင်း ကြေညာလိုက်သည်။

မှတ်ချက်။ ။ပြည်သူလူထုကြီးကတဆင့် ပေးပို့လာသော သတင်းများကို တဆင့်ဖြန့်ဝေပေးလိုက်ပါသည်။
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ (၂၅.၈.၂၀၁၂)
လယ်ယာမြေသိမ်းတိုက်ပွဲ ဆင်နွဲနေသော တောင်သူများအား ဖြိုခွဲရန်ကြိုးစားနေသောပြည်သူ့ရဲဝန်ထမ်းများ