ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကောင်းမှုကုသိုလ် ပြုပွဲ အခမ်းအနား.. (ဓာတ်ပုံ၊ ရုပ်သံများ)

 ဆူနာမိ ငလျင်ဒဏ်ကို အပြင်းအထန် ခံစားခဲ့ရပြီး လူပေါင်းများစွာ သေဆုံး၊ ပျောက်ဆုံးခဲ့ရတဲ့ မီယာဂိခရိုင် အိရှိမာကီမြို့ရှိ ချောင်းအတွင်း အမှိုက်သရိုက်များ ရှင်းလင်းပေးနေပုံပါ..။
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲနှင့် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းအသီသီးမှ စေတနာ့ဝန်ထမ်း မြန်မာလူမျိုး စုစုပေါင်း ၁၆၂ဦးမှ ရေဘေးသင့်ခံ ဂျပန်ပြည်သူများအား  အစားအသောက်များ သွားရောက် လှူဒါန်းခဲ့ပြီး အမှိုက်များ ပိတ်ဆို့နေတဲ့ ချောင်းအတွင်းအား ရှင်းလင်းပြီး သန့်ရှင်းရေး လုပ်အားပေးခဲ့ကြပါတယ်...။ အဆိုပါ လုပ်အားပေးပွဲသို့ ဂျပန်လူမျိုး ၈ဦးနှင့် အင်္ဂလန်နိုင်ငံသား ၁ဦး(Mr. Branden Brazil) တို့မှလည်း အားတက်သရော လိုက်ပါ လုပ်အားပေးခဲ့ကြပါတယ်..။ ဂျပန်နိုင်ငံရောက် မြန်မာလူမျိုးတွေရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမှာစကားအတိုင်း မိမိရောက်ရှိရာ နိုင်ငံတွေမှာ သဘာဝဘေးအန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အချိန်မှာ မိမိနိုင်ငံ မိမိလူမျိုးအရေးကဲ့သို့ တစ်တတပ်အား ဝိုင်းဝန်းဆောင်ရွက်ကြတဲ့ မွန်မြတ်တဲ့ စေတနာ့ဝန်ထမ်းအလှူကို ကျွန်တော်တို့ လေးစားချစ်ခင်ရတဲ့ အမေစုမွေးနေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်..။
ကုသိုလ်ရေးမှာ လက်မနှေးကြတဲ့ တို့မြန်မာတွေ.. အမေစု မွေးနေ့အတွက် အမေစုမွေးနေ့ လုပ်အားအလှူ
ဆူနာမိ ရေလှိုင်းဒဏ်ကြောင့် တောင်ပေါ်ထိရောက်သွားတဲ့ ပိုင်ရှင်ကိုစောင့်မျှော်နေတဲ့ ကားတစီး...။
ယနေ့တိုင်မြင်တွေ့နေရတဲ့ အပျက်အစီး မြင်ကွင်းများ...

ဓာတ်ပုံ ဦးထွန်းဦး..

ဆူနာမီ ရေလှိုင်းဒဏ် ပြင်းထန်စွာခံခဲ့ရတဲ့ မီယာဂီခရိုင် အိရှိနိုမာကီမြို့၌ အမေစု မွေးနေ့အတွက် ကုသိုလ်ယူပြီး ချောင်းသန့်ရှင်းရေး ဆောင်ရွက်နေတဲ့ စေတနာဝန်ထမ်း တို့မြန်မာတွေ(ရုပ်သံ)
ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာဘုန်းတော်ကြီးကျောင်းမှာ ကျင်းပပြုလုပ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဆွမ်းကပ် တရားနာပွဲ အခမ်းအနား.. (ရုပ်သံဖိုင်)
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့က ဂျပန်နိုင်ငံ ဂိုတန်းဘ အရပ်ရှိ ဝန်ကြီးချုပ် ဦးနုလှူဒါန်းခဲ့တဲ့ ဆင်းတုတော် တည်ထားကိုးကွယ်ရာ ကမ္ဘာငြိမ်းချမ်းရေး စေတီတော်သို့ သွားရောက်ကုသိုလ် ကောင်းမှုပြု ဆုတောင်း မေတ္တာပို့သပွဲ အခမ်းအနား.... (ရုပ်သံဖိုင်)
နှစ်စဉ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ရက်တိုင်း မိုးသောက်ကြယ်စာစောင် မိသားစုနဲ့ စေတနာရှင်မြန်မာများရဲ့ သွေးလွှတ်ဒါန်းပွဲနဲ့ ငါးလွှတ်ပွဲ အခမ်းအနား(ရုပ်သံ) သတင်းအကျယ် ဖတ်ချင်ရင် .. (ငါးလွှတ်ပွဲနှင့် သွေးလှူဒါန်းပွဲ သတင်းအကျယ်ဖတ်ချင်ရင်...) Click
ရုပ်သံဖိုင်များ ဇေယျာ
ပြည်တွင်းမှ စာဖတ်ပရိသတ်များ ရုပ်သံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင်...
မြန်မာဘုန်းတော်ကြီးကျောင်း မွေးနေ့အလှူ http://www.mediafire.com/?q0s6urzm91lj52q
ငြိမ်းချမ်းရေးစေတီ ဆုတောင်းမေတ္တာပို့သပွဲ အလှူ http://www.mediafire.com/?d5z214e2kcauqte
မိုးသောက်ကြယ် စာစောင် မိသားစုရဲ့ မွန်မြတ်တဲ့ သွေးလှူဒါန်းပွဲနဲ့ ငါးလွှတ်ပွဲ အလှူ http://www.mediafire.com/?f9fv4q8uao2o17h
မှတ်တမ်း ဓာတ်ပုံ၊ ရုပ်သံဖိုင်များ ပေးပို့ပေးတဲ့ ဦးထွန်းဦးနှင့် ကိုဇေယျာတို့ အားကျေးဇူးတင်ပါသည်...။