ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓသာသနာ့တက္ကသိုလ် ဖွင့်ပွဲအခမ်းအနား... (သတင်း၊ ဓာတ်ပုံ)

ရန်ကုန်တိုင်း၊ မြောက်/ဒဂုံမြို့နယ်ရှိ သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ ကြီးမှုးပြီး တည်ထောင် ဆောက်တည်ခဲ့သော သီတဂူကမ္ဘာ့ ဗုဒ္ဓသာသနာ့ တက္ကသိုလ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ဇွန်လ(၁၇)ရက် နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ နိုင်ငံတော်ဒု-သမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးနှင့်ဇနီး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မတီ ဥက္ကဌဦးတင်အေး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌဦးဌေးဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တောင်/ဥက္ကလာပမြို့နယ် အမတ်ဦးအောင်သိန်းလင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးဦးကျော်ဆန်း၊ သာသနာရေးဝန်ကြီးဌာန ၀န်ကြီးသူရဦးမြင့်မောင်၊ နိုင်ငံတကာသံအရာရှိများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားကို နံနက်(၁၀)အချိန်တွင် နိုင်ငံတော်ဒု-သမ္မတသီဟ သူရဦးတင်အောင်မြင့်ဦးမှ သီတဂူ ကမ္ဘာ့ဗုဒ္ဓ သာသနာ့တက္ကသိုလ် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်မှ

ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပါတယ်။ အခမ်းအနားတွင် သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရမှ ကြွရောက်လာကြသော ဒါယကာ၊ ဒါယကာမများအား (၅)ပါးသီလချီးမြှင့်ပြီး ကမ္ဘာ့ဗုဒ္ဓသာသနာ့တက္ကသိုလ် တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့ပါသည်။ နိုင်ငံတော်ဒု-သမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးမှ ဆရာတော် အရှင်သူမြတ်များအား လှုဖွယ်ဝတ္ထုများ ဆပ်ကပ်လှုဒါန်းပြီး အခမ်းအနားကို နေ့လည်(၁၂)နာရီ အချိန်တွင် (ဗုဒ္ဓသာသနံစိရံတိဌတု) (၃)ကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

ဓာတ်ပုံသတင်း.... ဒီမိုဝေယံ၊ ဒီမိုကောင်းကင်..
မြန်မာနိုင်ငံသားအချင်းချင်း အားလုံး တချိန်တည်းမှာ တနေရာတည်းမှာ ဆုံနိုင်ခွင့်မရှိတာ တစ်ခုကတော့ ဝမ်းနည်းဘွယ်ရာပါပဲ..။ မြန်မာနိုင်ငံရှိ သြဇာတိက္ကမရှိတဲ့ ဆရာတော်၊ သံဃာတော်မြတ်ကြီးများမှ နိုင်ငံနဲ့လူမျိုးရေးကို ရှေ့ရှူပြီး အမျိုးသားရင်ကြားစိရေးအတွက် ကြိုးပမ်းဆောင်ရွက် ပေးကြပါရန် ရိုသေစွာ လျှောက်ထားအပ်ပါတယ်...။