ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ထိုင်း၊ မြန်မာနယ်စပ်.. မဲဆောက်အမှိုက်ပုံမှ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ.... (ဓာတ်ပုံ၊ သတင်း)

ဇန္နဝါရီလ (၄)ရက်နေ့ (၆၄)နှစ်မြောက် လွတ်လပ်ရေးနေ့က ရွှေဝါရောင်ဦးဆောင် ဆရာတော်များ ဖြစ်ကြတဲ့ ဆရာတော်ဦးဣသရိယနဲ့ ဆရာတော် ဦးနေမိန္ဒတို့ဦးဆောင်ပြီး ထိုင်း၊ မြန်မာနယ်စပ် မဲဆောက်အမှိုက်ပုံမှာ နေထိုင်ရှာဖွေ လုပ်ကိုင် စားသောက်နေကြတဲ့ မြန်မာမိသားစုများနဲ့ ကလေးငယ်များအတွက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပေးခဲ့ကာ အစားအသောက်များ လှူဒါန်း ပေးအပ်ခဲ့ပါတယ်။


တကယ် လွတ်လပ်ကြပြီလား
ဒို့တတွေ တကယ်လွတ်လပ်ရင်
ဒို့ပြည်သူတွေရဲ့ဘဝ
အခြေမလှတဲ့
သူများနိုင်ငံရဲ့အမှိုက်ပုံမှာ
ဒီလိုနေစရာ လိုပါ့မလား...
မိမိတစ်ယောက်တည်း လွတ်လပ်နေတာ
လွတ်လပ်ရေးမဟုတ်
တကယ့် လွတ်လပ်ရေး
ဘယ်သူတွေမှာ တာဝန်ရှိသလဲ
ဘယ်သူတွေပါဝင် ဆင်နွှဲကြမှာလဲ.
ဘယ်လိုပါဝင် ဆင်နွှဲကြမှာလဲ...
ဘယ်လိုပါဝင် ဆင်နွှဲနေပါသလဲ..
ရှေ့ဆောင်ကောင်းလား..
နောက်လိုက်ကောင်းလား...
ဘေးတိုက်လား... ကန့်လန့်တိုက်လား..
ပြီးတော့... မေးရအုံးမယ်.....
ဘယ်အချိန်ပါဝင်ဆင်နွှဲကြမှာလဲ...
ရပြီးမှလား...မရသေးခင်လား....
မေးမေး..... သေချာစွာမေးကြပါ။
ရဲရဲမေး...ရဲရဲဖြေ..... ဒါပေမဲ့.. မလိမ်ညာကြကြေးနော်.....

မင်းသုည (ဗုဒ္ဓတက္ကသိုလ်)