ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဟင်္သာတမြို့ မြသဇင်ဆေးရုံတွင် ၁၂.၁.၂၀၁၂ရက်နေ့က သေဆုံးသွားသော မပြည့်ပြည့်သော် သေဆုံးမှု(တိုင်ကြားစာ)

လူနေရပ်ကွက်အတွင်းမှ မြသဇင်ဆေးခန်း
ဟင်္သာမှာ နှလုံးရောဂါဖြင့် သေဆုံးသူ မိန်းကလေးက နှလုံးရောဂါ ပြဖို့အတွက် ဆေးရုံတက်နေတာ မဟုတ်ဘူး ခါးနာလို့ ဆရာဝန်ကြီးမှ လူနာနေကောင်းနေပြီ ဆေးရုံက ဆင်းဖို့ခွင့်ပြုတဲ့ မနက်မှာပဲ သေဆုံးသူရဲ့ အဘွားဈေးဝယ် သွားနေတုန်း ဆရာမက ဆေးထိုးပေးလိုက်ပါတယ်..။ အဲဒီဆေးကို ဆရာဝန်ကြီးကလည်း မအွန်ပါဘူး သူတို့ဆေးထိုးပြီး လူနာက အမောဖေါက်လာတော့မှ ဆရာဝန်တွေကို လှမ်းခေါ်ပြီး တံခါးကို အတင်းဆွဲပိတ်ပြီး လုပ်ပါတယ်..။ မကြာခင်မှာပဲ လူနာ အသက်ဆုံးရှုံး သွားပါတော့တယ်..။ နောက်တော့ အကြောညှပ်လို့ ဆေးရုံတက်ကုသတာကို နှလုံးရောဂါကြောင့် သေဆုံးတာပါလို့ လုပ်ပါတော့တယ်...။

လူနာအသက်ဆုံးရှုံး သွားတော့ ဆေးဖိုးနဲ့ ကားခလည်း အလကားဆိုပြီး ကားငှားပို့လိုက်ပါတယ်..။ သေဆုံးသူ ရွာပြန်ရောက်တော့ ကားသမားက ငွေတစ်သိန်း တောင်းသွားပါတယ်။ အနာတခြား ဆေးတခြား အဖြစ်ဆိုးကြောင့် အသက်ဆုံးရှုံးသွားရတဲ့ လူနာရှင်တွေက မကျေနပ်တဲ့အတွက်ကြောင့် DVBကတဆင့် တိုင်ကြားလို့ သတင်းပါလာတော့ ဒေါ်လှလှမူ (မြသဇင် ဆေးရုံအုပ်ကြီးက) ပုသိမ်ကိုသွားပြီး မကြာခင် အမျိုးတော်စပ်မယ့် သစ်တောဝန်ကြီးဦးစိုးမြင့်ရဲ့ အကူအညီနဲ့ အမှုကို အဖြစ်မှန် ပပျောက်အောင် ဆောင်ရွက်ပြီး နေပြည်တော်အထိ ဒီအမှုအတွက် ဆက်သွားပါတယ်..။ 

မြသဇင်ပုဂ္ဂလိကဆေးရုံဟာ ဆေးရုံလိုင်စင်က မကျသေးဘဲနဲ့ ဟင်္သာတပြည်သူ့ ဆေးရုံအုပ်ကြီး ဦးကြည်စိုး ဇွတ်ခွင့်ပေးထားပြီး အဆိုပါ တရားမဝင် ဆေးရုံကိစ္စအတွက် ဆေးကောင်စီကို တိုင်ထားသော်လည်း ဆေးကောင်စီကလည်း နောက်ဆုံး ဆေးခန်းဘက်ကဘဲ ပါသွားတယ်...။ အခု ဆေးရုံက ဆက်ဖွင့်ခွင့် ရသွားပါတယ်။ ငွေနဲ့အတင်းလိုက်တဲ့ အတွက်ကြောင့်ပါ။ ပတ်ဝန်းကျင်က ဆေးရုံအနံ့တွေ မခံနိုင်လို ရပ်ကွက်က စည်ပင်သာယာကို တိုင်သော်လည်း စည်ပင်က ဗိုလ်ကြီးခင်မောင်မြင့်က ကွင်းဆင်းစစ်ဆေးပြီး ဆေးရုံဖွင့်ထားတဲ့ တိုက်ထဲ ဝင်ပြီးပြန်သွားတာက လွဲပြီးဘာမှ ထူးခြားမလာပါဘူး..။

ဟင်္သာတ မြသဇင်ဆေးရုံ အကြောင်း အနီးအနားနေ ပြည်သူများမှ တိုင်ကြားစာ အသံဖိုင် by demowaiyan
တရားခံဘက်က သေဆုံးသူ မပြည့်ပြည့်သော်ကိစ္စ၏ ဆေးစစ်ချက်တွေကို ဆေးရုံက ဖျောက်ဖျက် ပြစ်တာလားမသိဘူး ကာယကံရှင်ကို မပေးလိုက်ဘူး။ တိုင်ချင်တဲ့ နေရာတိုင်လို့ ပမာမခန့် ပြန်ပြောပါတယ်...။ ထိုအတွက်ကြောင့် ယခုကဲ့သို့ Good Government, Clean Government, သမ္မတကြီးအနေနဲ့ လူထုအသံ နားထောင်နေချိန်မှာ ယခုမြသဇင်ဆေးခန်းမှ မသေသင့်ပဲ သေဆုံးခဲ့ရတဲ့ မပြည့်ပြည့်သော်ကိစ္စနဲ့ ပတ်ဝန်းကျင်နေ ပြည်သူများရဲ့ အသံများအား နားထောင် ဖြေရှင်းပေးပါရန် သတင်းဋ္ဌာနများမှ တဆင့် တိုင်ကြားအပ်ပါသည်...။

ဟင်္သာတမြို့ခံများ...