ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရွှေညဝါဆရာတော်ကြီးနှင့် မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်တို့မှ ကျင်းပပြုလုပ်ပေးတဲ့ အနယ်နယ်အရပ်ရပ်မှ မသန်စွမ်းသူများအား တရားဟောကြားပွဲ..

ရွှေညဝါ ဆရာတော်၊ မေတ္တာရှင် ဆရာတော်တို့အား ဒုက္ခိတ မသန်စွမ်းသူများမှ ဖူးမြော်ကြည်ညိုနေစဉ်..

ပြီးခဲ့တဲ့ ဇန္နဝါရီလ ၂၅ရက်နေ့က ကြည့်မြင်တိုင် သာဓုကျောင်းတိုက်မှာ ရွှေညဝါဆရာတော် ဦးပညာသီဟနှင့် မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်ဦးဇဝနတို့မှ ဦးစီးပြီး မြန်မာနိုင်ငံအနယ်နယ် အရပ်ရပ်မှ ဘဝကံအကြောင်းကြောင်းကြောင့် ဒုက္ခိတဖြစ်နေရတဲ့ မသန်မစွမ်းသူများအား တရားဟောကြားပွဲ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်...။ အဆိုပါနေ့က ကျောင်းတိုက်သို့ ရောက်ရှိလာကြတဲ့ ဒုက္ခိတ မသန်စွမ်းသူများအား အားပေးစကားများ ပြောကြားခဲ့ပြီး တရားရေအေး တိုက်ကြွေးခဲ့ပါတယ်...။ မသန်းစွမ်းသူတွေလည်း တရားရေအေး နာကြားခွင့်ရှိတဲ့ အတွက်ကြောင့် ပြုလုပ်ပေးခြင်း ဖြစ်ကြောင်း ဆရာတော်က မိန့်ဆိုပါတယ်..။
ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးတော်ဆောင်ချုပ် ရွှေညဝါဆရာတော်ကြီးဟာ ပြီးခဲ့တဲ့ အပတ်က နိုင်ငံတော် သံဃမဟာနာယက (၁၀)ပါးသာ သိရှိတဲ့ ၄၇ပါးစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ၁လအတွင်း ကျောင်းတိုက်မှ ထွက်ခွာရန် ဖိအားပေးခြင်း ခံနေရပါတယ်..။ ထေရဝါဒဗုဒ္ဓဘာသာ ဓလေ့ထုံးစံအရ ထေရ်ကြီးဝါကြီးများအား အပြစ်ရှိကြောင်း တောင်းပန်ပါက.. ခွင့်လွှတ်ကြေအေးရတဲ့ မေတ္တာတရားကို အခြေခံတဲ့ ဗုဒ္ဓဘာသာတရားတော်လာ ဟောကြားချက်များ ရှိပေမယ့် ရွှေညဝါဆရာတော်အား လျစ်လျူရှုခဲ့ပြီး မန္တလေးအဖွဲ့ချုပ်ရုံးမှာ သြဝါဒပေးမှုနဲ့ ကျောင်းတိုက်မှ ထွက်ခွာရန် ဖိအားပေးခြင်း ခံနေရပါတယ်..။ အစိုးရ ကြံ့ဖွံ့ရုံးများမှာ တရားဟောကြားပါက မည်သို့ ဆုံးဖြတ်မည်ကိုလည်း ပြည်သူအများမှ သိရှိလိုကြပါတယ်...။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွှေညဝါဆရာတော်ကြီးအား ပစ္စည်းလေးပါး ဒါယကာအဖြစ် သတ်မှတ် လှူဒါန်းမည်ဟုလည်း သိရှိရပါသည်..။  ထို့အတူ မေတ္တာရှင်(ရွှေပြည်သာ)ဦးဇဝန၊ ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလတို့ အားလည်း မြန်မာပြည်တွင်း တရားဟောကြားခွင့် ပိတ်ပင်ခြင်း ခံနေရပါတယ်...။

ဓာတ်ပုံ.. သတင်း၊ ဒီမိုဝေယံ