ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မဂ္ဂင်ကျောင်းတိုက် ပြန်လည်ဖွင့်ပြီ..

မဂ္ဂင်ကျောင်းထိုင် ဆရာတော် ဦးဣန္ဒက
ရွှေဝါရောင်ဦးဆောင် ဆရာတော် အရှင်ဂမ္ဘီရ
(ဓာတ်ပုံ ဒီမိုကောင်းကင်)
ရွှေဝါရောင် တော်လှန်ရေးအပြီး နအဖမှ ဝင်ရောက် ဖျက်ဆီး ချိတ်ပိတ်ခဲ့စဉ်က
မဂ္ဂင်ကျောင်းရဲ့ ယနေ့မြင်ကွင်း..။ နအဖလက်ထက် ဖျက်ဆီးခံခဲ့ရတဲ့ မဂ္ဂင်ကျောင်းတိုက်ဟာ လက်ရှိလည်း တွေ့မြင်ရသော ပုံများက ၀မ်းနည်း ကြေကွဲစရာပါ စေသနာရှင်အလှူရှင်များ လိုအပ်နေပါသည် ကုသိုလ်ဒါနပြုကြပါ။
တောင်ဥက္ကလာပမြို့နယ်မှာရှိတဲ့ မဂ္ဂင်ကျောင်းတိုက်ဖြစ်ပါတယ်။ ကျောင်းတိုက်ဆရာတော် ဦးဣန္ဒက နှင့် ဆရာတော် ဦးဂမ္ဘီရ တို့လက်ရှိ သီတင်းသုံး နေထိုင်နေပါတယ်..။
ဓာတ်ပုံ ဒီမိုကောင်းကင်..၊ ကိုမြသိန်း
၁၆ရက်နေ့က သွားရောက်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ..
(သတင်း၊ ဓာတ်ပုံ  Red Star Burma)
၁၆-၁-၂၀၁၂ နေ့ ညနေ ၃နာရီ ၃၀ မိနစ်ခန့်က နိုင်ငံရေး အကျဉ်းသားဟောင်းများမှ ရွှေဝါရောင် သံဃာတော်လှန်ရေးအပြီး ချိတ်ပိတ်ခံထားရသော မဂ္ဂင်ကျောင်းတိုက်သို့ သွားရောက်ခဲ့ ကြပါတယ်၊ မဂ္ဂင်ကျောင်းတိုက်တွင် ယခု ပြန်လည် လွတ်မြောက်လာသော ဆရာတော်ဦဂမ္ဘီရနှင့် အတူ ဘုန်းဘုန်း ပနားမားတို့အား သွားရောက်တွေ့ဆုံ အားပေးခဲ့ကြပါတယ်၊ ဆရာတော်ဦးဂမ္ဘီရနှင့် ဘုန်းဘုန်းပနားမားတို့မှာ အဆိုပါ မဂ္ဂင်ကျောင်းတိုက်တွင်ပင် သီတင်းသုံး နေထိုင်မှာဖြစ်ကြောင်း သိရပါသည်..။ ယခုအခါ ကျောင်းတိုက်အတွင်း မီးနှင့် အခြား အသုံးအဆောင်များ အားလုံးကို ပြန်လည်ပြုပြင်ရန် ဆရာတော်မှ ဦးစီးပြီး ပြင်ဆင်နေကြောင်း ကျောင်းတိုက်အတွင်း ကူညီပေးနေသူမှ ပြောပြပါတယ်။