ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နေပြည်တော်မှ လူမှုအကူအညီပေးရေး အသင်းနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ စုပေါင်း၍ မီးဘေးကယ်ဆယ်ရေးသို့ ငွေနှင့်ပစ္စည်းများလှူဒါန်း..


နေပြည်တော်မှ လူမှုအကူအညီပေးရေး အသင်းနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ စုပေါင်း၍ မီးဘေးကယ်ဆယ်ရေးသို့ ငွေနှင့်ပစ္စည်းများလှူဒါန်း

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်းရှိ ကူးတို့ဆိပ်ရပ်ကွက် မီးလောင် ပေါက်ကွဲမှုဖြစ်ပွားပြီး ကယ်ဆယ်ရေး လုပ်ငန်းများကို အမြို့မြို့အနယ်နယ်ရှိ လူမှုအဖွဲ့အစည်းများမှ လုပ်ကိုင်ကူညီနေကြရာ ယနေ့ ၉-၁-၂၀၁၂ နံနက် ၁၀နာရီ ၃၀ မိနှစ် အချိန်တွင် နေပြည်တော် ဇဗ္မူသီရိမြို့နယ်၊ ၀ဏ္ဏသိဒ္ဓိရပ်ကွက်နှင့် သုခသိဒ္ဓိရပ်ကွက် လူမှု၊ အကူအညီပေးရေးအဖွဲ့မှ ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ဆက်သွယ်ကာ တာမွေမြို့နယ် မီးသတ်တပ်ဖွဲ့သို့ သွားရောက်၍ ကျဆုံးသွားသော မီးသတ်တပ်ဖွဲ့ဝင် (၅) ဦးအတွက် တစ်ဦးလျင် ၅၀၀၀၀ ကျပ်စီနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၁၃)ဦးမှ နှစ်ဦးအတွက် (၄၀၀၀၀)ကျပ် ကျန် (၁၁)ဦးအတွက် (၂၀၀၀၀)ကျပ်စီလှုဒါန်းခဲ့ကြပါသည်။

ယင်းနောက် လူမှုအကူ အညီ ပေးရေးအဖွဲ့ဝင်များနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ တို့သည် မီးဘေးကယ်ဆယ်ရေး စခန်းရှိရာ ၀ိဇရာ ရာမကျောင်း တိုက်သို့သွားရောက်၍ ဆရာတော်နှင့် တွေ့ဆုံဆွေးနွေးကြကာ ဆရာတော်မှ ဦးဆောင်ပြီး ဆရာတော်ထံ ရောက်ရှိနေသော စင်္ကာပူမှဒကာ၊ ဒကာမများမှ လှုဒါန်းထားသော မြန်မာကျပ်ငွေ (၄၀၀၀၀၀)၊ နေပြည်တော် ၀ဏ္ဏသိဒ္ဓိ/ သုခသိဒ္ဓိရပ်ကွက် လူမှုအကူအညီပေးရေးအဖွဲ့မှ ငွေကျပ် ၂၅ သိန်းငါးသောင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်းများမှလှုဒါန်းငွေ ကျပ် (၂၈၀၀၀၀) တို့ကို မီးဘေးသင့်၍သေဆုံးသွားသော မိသားစုဝင်များ ထံသို့ ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ကြပါသည်။ ကျန်ရှိနေသေးသော ငွေသားအချို့ကို ယင်းလူမှုအကူအညီ ပေးရေးအသင်းမှ တာဝန်ရှိသူများက ထိခိုက်ဒဏ်ရာရသူများအတွက် ဆရာတော်၏ဦး ဆောင်မှုဖြင့် ဆက်လက် ပေးဆောင်ပေးပါရန် အပ်နှံ့ခဲ့ကြပါသည်။ ဆက်လက်၍ လူမှုအကူအညီ ပေးရေးအဖွဲ့နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ စုပေါင်းကာ မီးလောင်မှုဖြစ်ပွားခဲ့သော နေရာသို့ သွားရောက်ပြီး ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှု့လေ့လာ ခဲ့ကြကာ မှတ်တမ်းအဖြစ် ဓာတ်ပုံများ ရိုက်ယူခဲ့ကြပါသည်။
(ပေးပို့လာတဲ့ Red Star Burma အားကျေးဇူးတင်ပါသည်..)