ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများမှ ဝါရင့်နိုင်ငံရေးသမားကြီးများနဲ့ တွေ့ဆုံဆွေးနွေး...

 သခင်သိန်းဖေ၏ နေအိမ်သို့ သွားရောက်ကာ ၀ါရင့်နိုင်ငံရေးသမားကြီးများနှင့်သွားရောက်တွေ့ဆုံစဉ်
နိုင်ငံရေး အကျဉ်းသားဟောင်းများ အနေဖြင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ယနေ့ဆက်လက်ပြီး ၀ါရင့်နိုင်ငံရေး သမားကြီးများနှင့် တွေ့ဆုံခဲ့ကြပါသည်၊ နိုင်ငံရေး အကျဉ်းသားဟောင်းများသည် (၇)ရက်နေ့က သခင်သိန်းဖေ၏ နေအိမ်တွင် သွားရောက်ကာ ပါလီမန်ရှေ့နေကြီး ဦးသန်းတင်၊ ရွှေတောင်ဦးအုန်းမောင်၊ ဦးထွေးမြင့်(ပြည်ချစ်)၊ ဦးအုန်းကျော်တို့နှင့် တွေ့ဆုံကာ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အတွက် ဆွေးနွေးခဲ့ပါသည်။
သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းနှင့် သွားရောက်တွေ့ဆုံစဉ်
ညနေပိုင်းတွင် သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းနှင့်လည်း သွားရောက်ကာ အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆွေးနွေးခဲ့ကြပါသည်။ ဦးထွေးမြင့်(ပြည်ချစ်)က ယခုလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဟာ လွတ်ငြိမ်းချမ်းသာလို့ မခေါ်ထိုက်ပါဘူး ဆိုပြီး ပြာပါသည်။ နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ပေးတဲ့ အတွက် နိုင်ငံရေး အဓိပ္ပါယ်ကို စဉ်းစားလို့ မရဘူးဟု ဆိုပါတယ်။ ငြိမ်းချမ်းစွာ လုပ်ပါ့မယ်ဆိုတဲ့ လူတွေကို တချီတမောင်းတော့ ချလိုက်ဦးမယ်ဆိုတဲ့ စိတ်ခံစားချက် ဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းကလည်း နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်သူလူထုရဲ့ ၀န်ထုတ်ဝန်ပိုးတွေကို အမြန်ဆုံး လျှော့ချရေးဆိုတဲ့ စံသုံးချက်ကို ယနေ့ကာလမှာ အဓိကထားပြီး လုပ်ဆောင်ရန် ပြောကြားလိုက်ကြောင်း သိရှိရပါတယ်။

Burma Red Star အားကျေးဇူးတင်ပါသည်..။