ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကော့မှူး အမေ့အလင်းရောင် ပညာဒါနကျောင်းဆောင်သစ်...

 ကော့မှူး အမေ့အလင်းရောင် ပညာဒါနကျောင်းဆောင်သစ် တည်ဆောက်နေပါပြီ။

ပညာရေးကွန်ယက်မှ မတည်ငွေနှင့် စေတနာရှင်များမှ ထည့်ဝင်လှူဒါန်းငွေများဖြင့် ( 14' x 52' ) အကျယ် စာသင်ကျောင်းဆောင်သစ်ကို စတင်ဆောက်လုပ် နေပါပြီ။ အမေ့အလင်းရောင် ပညာဒါန ကျောင်းလေးမှာ သူငယ်တန်းမှ ဆဋ္ဌမတန်းအထိ ကလေးငယ် (၁၃၀) ယောက်အား စေတနာဆရာ၊ဆရာမ (၇) ဦးတို့က ပညာသင်ကြား ပေးလျှက် ရှိပါတယ်၊

အဆောက်အဦးအတွက် အလှူငွေ လုံလောက်ပြီး ဖြစ်သော်လည်း စာသင်ခုံ၊ စားပွဲ၊ ကုလားထိုင်များ လိုအပ်လျှက် ရှိနေပါသေးတယ်။ စေတနာရှင်များ ပါဝင်လှူဒါန်းနိုင်ပါသည်။

လေးစားစွာဖြင့်
ကိုငယ်( ၀၉ ၅၁၆၂၀၆၀ )
အမေ့အိမ်ပညာရေးကော်မတီ
လှိုင်သာယာ