ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

၁၈ရက်နေ့ ညနေ(၅)နာရီမှာ ရွှေညဝါဆရာတော်ကြီးအား ကိုမင်းကိုနိုင်နှင့် ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ သွားရောက် ဖူးမျှော်တွေ့ဆုံမည်...

ဘန်ကောက်မှ ပြန်လည်ကြွရောက်လာသော ရွှေညဝါဆရာတော်နှင့် ကိုဂျင်မီတို့ ရန်ကုန်လေဆိပ်မှာ တွေ့ဆုံစဉ်..
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင့်တိုင် သာဓုပရိယတ္တိ စာသင်တိုက် (ရန်ကုန် ဗုဒ္ဓတက္ကသိုလ်) အကျိုးတော်ဆောင်ချုပ် ရွှေညဝါဆရာတော်ကြီးအား ယနေ့ညနေ(၅)နာရီ၌ ပြီးခဲ့တဲ့ သောကြာနေ့က ပြန်လည် အကျဉ်းထောင် အသီးသီးမှ ပြန်လည် လွတ်မြောက်လာကြတဲ့ ကိုမင်းကိုနိုင်နဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များမှ သွားရောက် တွေ့ဆုံဖူးမျှော် ဂါရဝပြုကြမည် ဖြစ်ကြောင်း သိရှိရပါသည်..။

လာမည့် ၁၉ရက်နေ့ ကြာသာပတေးနေ့မှာတော့ တိုင်းသံဃမဟာနာယကမှ ရွှေညဝါဆရာတော်ကြီးအား ရွှေတိဂုံ အရှေ့ဘက်မုခ် ဗဟန်းကြားတောရလမ်းရှိ ရန်ကုန်တိုင်း သံဃမဟာနာယကရုံးသို့ ခြိမ်းခြောက်စာ ဆန်ဆန် ဖိတ်ခေါ်ထားပြီး အဆိုပါနေ့မှာ ရွှေညဝါဆရာတော်အား အမိန့်ချမှတ်မည်ဟု အများက ခန့်မှန်းပြောဆိုနေကြသည်..။

သတင်း.. ဒီမိုဝေယံ
အဆိုပါနေ့၌ အမှန်တရားအတွက် အောက်ပါ တိုက်တွန်း နှိုးဆော်ချက်ကိုလည်း လက်ခံရရှိထားပါတယ်..
ဗုဒ္ဓသာသနာတော်အတွက် ရွှေည၀ါဆရာတော်ကို ကူညီကြ

လွတ်လပ်ခွင့်ကို လိုလားသူများ၊ နိုင်ငံရေးနိုးကြား တက်ကြွသူများနှင့် ဗုဒ္ဓဘာသာဝင်များခင်ဗျာ ရွှေည၀ါဆရာတော်ကို အရေးယူရန် အမိန့်ချမှတ်မည့် (၁၉-၁-၂၀၁၂) ကြာသာပတေးနေ့ မွန်းလွဲ ၁ နာရီတွင်း ဗဟန်းမြို့နယ် ကြားတောရလမ်း တိုင်းသံဃာ့နာယက ရုံးရှေ့သို့ လာရောက်ကြ၍ ဆရာတော်ဖက်မှ ထောက်ခံ အားပေးကြပါရန် အသိပေး နှိုးဆော်လိုက်ရပါသည်။ ဆရာတော် ဦးပညာသီဟအား မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ရေစက်ချ သြ၀ါဒဟောကြား သည်ကို ပုံကြီးချဲ၍ သာဓုကျောင်းတိုက်မှဖယ်ရှားရန် သံဃာ့မဟာနာယကအဖွဲ့မှ စီစဉ်နေခြင်းဖြစ်ပါသည်။ ဆရာတော်၏ အမှန်တရားလုပ်ရပ်အတွက် ကူညီကြပါခင်ဗျာ၊

ကျေးဇူးတင်စွာဖြင့်
ကြယ်နီ
ပြီးခဲ့တဲ့ သောကြာနေ့က အသနားခံစာအား ပယ်ချစာ..