ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

(၈)ရက်နေ့က စတင်ပြုလုပ်တဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှု .....

 မလွတ်မြောက်နိုင်သေးသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံး အမြန်ဆုံး လွတ်မြောက်နိုင်ရေးအတွက် လှုပ်ရှားမှုတစ်ခုအား ဒီဇင်ဘာလ (၈)ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့တွင် စတင်လိုက်ပါသည်။ ကြံဖွံ့အစိုးရ၏ ဇန်န၀ါရီလ ၃ရက် လွတ်ငြိမ်းချမ်းသာခွင့် ကြေငြာချက် ထုတ်ပြန်အပြီး နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်လာခြင်း မရှိသည့်အတွက် ကျန်နေသူများ လွတ်မြောက်ရေး အတွက် ယခုကဲ့သို့ လှုပ်ရှားမှုများကို စတင်ခဲ့ခြင်းဖြစ်ပြီး တာမွေမြို့နယ်အတွင်းရှိ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်ပေါင်း ၁၅ စုများ၏ နေအိမ်များသို့ သွားရောက် အားပေးခဲ့ပါသည်။  

၈၈ မျိုးဆက်ကျောင်းသားဟောင်းများ အပါအ၀င် ၂၀၀၇ ဗကသ ကျောင်းသားများ၊ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး(GW)၊ အလုပ်သမား၊ လယ်သမားကွန်ယက်အဖွဲ့များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ ကွန်ယက်၊ နိုင်ငံရေးအကျဉ်းသား မိသားစုများ ကူညီစောင့်ရှောက်ရေး အဖွဲ့ စသည့်အဖွဲ့များမှ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရှိရပါသည်။ နောက်ပိုင်း အလွှာအသီးသီးမှ လူပုဂ္ဂိုလ်များ၊ စာပေအနုပညာရှင်များ၊ လူတန်းစားအားလုံးပါဝင်သည့် တနိုင်ငံလုံး အတိုင်းအတာအထိ ကျယ်ပြန့်သည် လှုပ်ရှားမှုအဖြစ် လုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်းနှင့် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များအား အားပေးသည့်လှုပ်ရှားမှုအပြင် အခြား ၀တ်ပြု ဆုတောင်းပွဲ များကို ကိုမင်းကိုနိုင်ပုံပါသည့် တီရှပ်များ ၀တ်ဆင်ကာ လုပ်ဆောင်သွားရန် ရှိကြောင်းသိရသည်။
 သတင်း၊ ဓာတ်ပုံ.. ဒီမိုဝေယံ၊ ဇော်တူး