ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဇလွန်မြို့မှ မတရားပြုကျင့်ခံရတဲ့ GTCကျောင်းသူ အမှု လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ရက် HRDPမှ အမှုမှန် ပေါ်ပေါက်ရေးအတွက် ဆက်လက်လိုက်ပါ ဆောင်ရွက်မည်..

ဇလွန်မြို့မှ မတရားပြုကျင့်ခံရတဲ့ ဟင်္သာတ GTCကျောင်းဆင်း မသင်းသင်းကြူလှိုင် အမှုအား ပြီးခဲ့တဲ့ ဇန္နဝါရီလ(၃)ရက်နေ့က ဟင်္သာတခရိုင် တရားရုံးမှ တရားခံ ဦးမင်းသီလအား အမှုမှတရားသေ လွှတ်ပေးခဲ့ပါတယ်...။ အဆိုပါ အမှုနှင့်ပတ်သက်ပြီး အမှုမှန်၊ အဖြစ်မှန် ပေါ်ပေါက်ရေးအတွက်.. လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ရက် (HRDP) အဖွဲ့မှ ဆက်လက်လိုက်ပါ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရပါသည်..။

ထို့အတူ အဆိုပါ အမှုနှင့် ပတ်သက်ပြီး အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် ဟင်္သာတ GTC ကျောင်းသူ/ ကျောင်းသားများမှလည်း  မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်သို့ လက်မှတ်ရေးထိုး တိုင်ကြားမည် ဖြစ်ကြောင်း သိရှိရပါသည်...။

အမှုမှာ အသက်(၂၀)အရွယ် ဟင်္သာတ နည်းပညာတက္ကသိုလ် AGTI (Civil) ဘွဲ့ရ မသင်းသင်းကြူလှိုင်အား ဇလွန်- ညောင်တုန်း  မီးရထားလမ်း ဖောက်လုပ်ရေး ကန်ထရိုက် တာဝန်ခံ ဦးမင်းသီလမှ (၁.၇.၂၀၁၁)တွင် အလုပ်ခန့်ပြီး ၄ရက်အကြာ (၄.၇.၂၀၁၁)တွင် အလိုမတူပဲ သားမယားပြုကျင့်ခဲ့သော အမှုဖြစ်ပါသည်။ အမှုဖြစ်စဉ်နှင့် မသင်းသင်းကြူလှိုင် ရုပ်သံဖိုင် ပြန်ဖတ်လိုလျှင်... Click

အထက်ပါ အမှုဖြစ်စဉ်နှင့် အတူမိမိကိုယ်တိုင် မတရားပြုကျင့်ခံရ၊ မိခင်ကအသတ်ခံရ၊ ဖခင်က မတရားဖမ်းခံရပြီး ငွေများတရားနိုင် အဖြစ်နဲ့ကြုံတွေ့နေရတဲ့ ဟင်္သာတမြို့နယ် လိပ်ချောင်းကျေးရွာ အုပ်စုမှ မစုဝေသော်ရဲ့ အမှု၌လည်း  တရားရုံးမှ မစုဝေသော်၏ ဖခင်အား ၁၀နှစ်  ပြစ်ဒဏ်ချမှတ် လိုက်ပြီး မစုဝေသော်အားလည်း သားမယား ပြုကျင့်ခံရပြီး ရရှိလာသော  ခလေးအား ဖျက်ချမှုဖြင့် တရားဆက်စွဲဆိုမှာ ဖြစ်ကြောင်း သိရှိရပါတယ်..။ မစုဝေသော် အမှုဖြစ်စဉ်နှင့် မစုဝေသော် ရုပ်သံဖိုင် ပြန်ဖတ်လိုလျှင်.. Click

လက်ရှိ မြန်မာပြည်ရဲ့ တရားရေး မဏ္ဍိုင်အခြေအနေတွေပါ..။ မိမိထံသို့လည်း တရားခံ ဦးမင်းသီလဘက်မှ ကာကွယ်ရေးသားချက်အား တစ်ဦးအီးမေးလ်မှ တစ်ဆင့် ပေးပို့လာသလို ကျန်တဦးမှ ကွန်မာန့်ဖြင့်လည်း ဖြေရှင်းထားတာ တွေ့ရပါတယ်..။ ဦးမင်းသီလဘက်မှ ဖြေရှင်းရေးသားထားတဲ့ အီးမေးလ်မှ ပေးပို့လာသူက တရားစီရင်ချက် အသေးစိတ်အား ဥပဒေပုဒ်မများဖြင့် ဖော်ပြထားပြီး အဓိက ထွက်ဆိုသူ တော်ဝင်နဂါး စားသောက်ဆိုင်မှ သက်သေ မောင်စန်းသူရိန်ထွန်းရဲ့ ထွက်ဆိုချက်ကို ရေးသား ဖော်ပြထားပါတယ်...။ မောင်စန်းသူရိန်ရဲ့ ထွက်ဆိုချက်နဲ့ ပတ်သက်ပြီး မသင်းသင်းကြူလှိုင်ရဲ့ အဒေါ်ဖြစ်သူ ဒေါ်မြမြထွေး (လက်ထောက်ကထိက ဒဿနိသဋ္ဌာန ဟင်္သာတတက္ကသိုလ်)ရဲ့ တိုင်ကြားစာမှာ ဖတ်ရှုနိုင်ပါတယ်..။

တရားကို နတ်စောင့်ပါတယ်လို့ ရေးသားထားတဲ့ ကွန်မာန့်တခုကို ဖတ်ရှုလိုက်ရလို့ လက်ရှိ မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ တရားစီရင်ချက်တွေမှာ တရားကို နတ်စောင့်၊ မစောင့်ဆိုတာ အထူးပြောစရာလိုမည် မထင်ပါ..။ အားလုံးသိပြီး ဖြစ်ပါတယ်...။ တရားကို စောင့်တဲ့နတ်က နတ်ကောင်း၊ နတ်မြတ်လား မာရ်နတ်လား၊ ဥပဒေအထက်မှာ ရှိနေကြတဲ့ အာဏာပိုင်တွေလား၊ ငွေရှင်ကြေးရှင်တွေလား ဆိုတာကတော့ ဆုံးဖြတ်ချက်ချသူ တရားသူကြီးသာ အသိဆုံးဖြစ်ပေလိမ့်မည်..။