ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရဲရဲဝံ့ဝံ့ တည်တည်ငြိမ်ငြိမ်နဲ့ အဆုံးတိုင် ရင်ဆိုင်ဖြေရှင်းသွားဖို့ အသင့်ရှိနေပါကြောင်း.. ရွှေညဝါဆရာတော်မိန့်ဆို...

 ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၇)ရက်နေ့က ရွှေညဝါကျောင်းတိုက်ကို ကြွရောက်လာတဲ့ နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌဗန်းမော် ဆရာတော်ကြီးရဲ့ ပုံပါ..။ ဗန်းမော်ဆရာတော်ကြီးဟာ ရွှေညဝါက ဖွင့်လှစ်ထားတဲ့ ဗုဒ္ဓတက္ကသိုလ်ရဲ့ အဓိပတိဖြစ်ပါတယ်..။ အင်မတန် ရိုးသားဖြူစင်၊ သီလ၊ သမာဓိနဲ့ ပြည့်စုံပြီး အများကြည်ညိုတဲ့ ဗန်းမော်ဆရာတော်ကြီးဟာ ရွှေညဝါဆရာတော်အား အမိန့်စတင်ထုတ်ပြန်တဲ့ နိုဝင်ဘာလ (၂၈)ရက်နေ့က ကျင်းပတဲ့ ၄၇ပါးစုံညီ အစည်းအဝေးမှာ ပါဝင်ခဲ့ခြင်းမရှိသလို ထုတ်ပြန်စာအား သိရှိခြင်းမရှိခဲ့ပါဘူး။
တိုင်းသံဃမဟာနာယက အဖွဲ့မှ လာမည့် ၁၉ရက်နေ့ ကြာသာပတေးနေ့မှာ ရွှေညဝါဆရာတော်ကြီးအား အရေးယူဆောင်ရွက်ရန်ကိစ္စ ဆင့်ခေါ်စာ. ပေးပို့ထားပါတယ်...။ အဆိုပါ ခြိမ်းခြောက်စာဆန်ဆန် ဆင့်ခေါ်စာနဲ့ ပတ်သက်ပြီး ရွှေညဝါဆရာတော်မှ ဒါယိကာ၊ ဒါယိကာမများသို့ သာသနာတော်အတွက်၊ မြန်မာပြည် လောကအတွက်၊ အမှန်တရားအတွက် မည်သည့် အခက်အခဲမျိုးမဆို  ရဲရဲဝံ့ဝံ့ တည်တည်ငြိမ်ငြိမ်နဲ့ အဆုံးတိုင် ရင်ဆိုင်ဖြေရှင်းသွားဖို့ အသင့်ရှိနေပါကြောင်း.. ဆုံးဖြတ်စဉ်းစားထားပြီး ဖြစ်ပါကြောင်း မိန့်ဆိုပါတယ်....။