ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရွှေညဝါဆရာတော်ကြီး အသနားခံစာအား တိုင်းသံယမဟာနာယကမှ ပယ်ချပြီး ယခင်ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ဆောင်ရွက်ရန် မြို့နယ် သံဃမဟာနာယကသို့ ညွှန်ကြားစာပေးပို့..

ဒီကနေ့ Friday 13th နေ့ဟာ မြန်မာပြည်သူတွေ ကံကောင်းခြင်းကို သယ်ဆောင်လာတဲ့ အနာဂတ်မြန်မာနိုင်ငံမှာ ကြယ်တွေ ပြိုင်တူလင်းခွင့် မြင်တွေ့ရတော့မယ့်နေ့။ မိမိတို့ ယုံကြည်ချက်ကြောင့် မတရား ထောင်သွင်း အကျဉ်းကျခံနေရတဲ့ ရဟန်း၊ သံဃာ၊ ကျောင်းသား၊ ကျောင်းသူ၊ တိုင်းရင်းသား ပြည်သူတွေပြန်လည် လွတ်မြောက်လာတဲ့ နတ်၊ လူသာဓု ခေါ်ရမယ့် နေ့ဖြစ်ပါတယ်...။

သို့ပေမယ့် တဘက်က တတိုင်းပြည်လုံး အုံအုံးကျွက်ကျွက် ဝမ်းသာပိတိ ဖြစ်နေရတဲ့ အချိန်ကိုက်မှာပဲ ပြည်ပန်းညို ချိုပါပေ့ ဆားကဖျက်ဆိုသလို  (၁၃.၁.၂၀၁၂)မနက် ၁၀း၃၅က ရွှေညဝါဆရာတော် သီတင်းသုံး နေထိုင်သည့် ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်သို့ တိုင်းသံဃ မဟာနာယကမှ ယခင် ဆုံးဖြတ်ခဲ့သည့် (၄၇)ပါးစုံညီ အစည်းအဝေး စာပါအတိုင်းသာ ဆောင်ရွက်ရန် ကြည့်မြင်တိုင်မြို့နယ် သံဃမဟာနာယကအဖွဲ့သို့ ညွှန်ကြားချက် တဆင့်ပေးပို့လာပါတယ်။ ယခုလိုလုပ်ရပ်ဟာ ယနေ့ပြည်သူလူထု နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည် လွတ်မြောက်လာမှု အပေါ် အထူးအာရုံဆိုက် အလေးထားနေတဲ့ အချိန်မှာ တဘက်က တမင်လုပ်ဆောင် လာသလားဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်..။
၁၃ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံမှာ တရားပွဲများ ဟောပြောပြသခဲ့ပြီး ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာတဲ့ ရွှေညဝါဆရာတော်ကြီးနဲ့ ပြန်လည်လွတ်မြောက်လာတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီတို့ ရန်ကုန်လေဆိပ်မှာ တွေ့ဆုံစဉ်..
(ဓာတ်ပုံ.. 7 Day News Journal)

ခေတ်တွေ စံနစ်တွေ ပြောင်းနေပါပြီ သံဃမဟာနာယက ဆရာတော်ကြီးများအား မေတ္တာရပ်ခံ ဝိုင်းဝန်းတောင်းဆို ပေးကြပါ..။
 
ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၅)ရက်နေ့က နိုင်ငံတော် သံဃမဟာနာယကထံသို့ အသနားခံစာ တောင်းပန် လျှောက်ထားလွှာ ရေးပို့ခဲ့သလို...။ ပြည်သူလူထုရဲ့ လက်မှတ်ရေးထိုးလွှာ ၅သောင်းကျော်ကိုလည်း ဆက်လက်ပေးပို့ရန် စီစဉ်ထားပါတယ်..။