ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဇလွန်မြို့မှ မတရားပြုကျင့်ခြင်းခံရတဲ့ ဟင်္သာတ GTC ကျောင်းဆင်း မသင်းသင်းကြူလှိုင်အမှု၌ တရားခံအား အမှုမှ တရားသေလွှတ်မိန့်ချခြင်းအပေါ် အရေးယူပေးပါရန် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံ တိုင်ကြားခြင်း…

ပြီးခဲ့တဲ့ ဇန္နဝါရီလ (၃)ရက်နေ့က ဇလွန်မြို့မှ မတရားပြုကျင့်ခြင်းခံရတဲ့ ဟင်္သာတ GTC ကျောင်းဆင်း မသင်းသင်းကြူလှိုင်အမှု၌ ဟင်္သာတတရားရုံးမှ တရားခံဦးမင်းသီလအား အမှုမှ တရားသေ လွှတ်ပေးခဲ့ပါတယ်..။ အဆိုပါ အမှုနဲ့ပတ်သက်ပြီး တရားခံအား အမှုမှ တရားသေလွှတ် မိန့်ချခြင်းအပေါ် အရေးယူပေးပါရန် မသင်းသင်းကြူလှိုင်၏ ဦးလေးဖြစ်သူ ဦးစိန်သောင်းမှ ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံသို့ ဇန္နဝါရီလ (၁၀)ရက်နေ့ရက်စွဲ တိုင်ကြားတဲ့ တိုင်ကြားစာဖြစ်ပါတယ်..။

အဆိုပါ အမှုနှင့်ပတ်သက်ပြီး အမှုမှန်၊ အဖြစ်မှန် ပေါ်ပေါက်ရေးအတွက်.. လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ရက် (HRDP) အဖွဲ့မှ ဆက်လက်လိုက်ပါ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရပါသည်..။ ထို့အတူ အဆိုပါ အမှုနှင့် ပတ်သက်ပြီး အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် ဟင်္သာတ GTC ကျောင်းသူ/ ကျောင်းသားများမှလည်း မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်သို့ လက်မှတ်ရေးထိုး တိုင်ကြားမည် ဖြစ်ကြောင်း သိရှိရပါသည်...။