ကောင်းကင်ပြာကျောင်းနှင့် မဲဆောက်အမှိုက်ပုံက မြန်မာပြည်သားများရဲ့ဘဝ....
မဲဆောက်အမှိုက်ပုံက ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ရင်နင့်ဖွယ် ဘဝတွေပါ။ စံနစ်ဆိုးရဲ့ သားကောင်တွေ ဖြစ်နေရတဲ့ ကလေးငယ်တွေ ပြည်သူတွေပါ... အနံအသက်ဆိုးရွားပြီး ယင်တလောင်းလောင်းကြားမှာ နေထိုင်၊ လုပ်ကိုင်၊ စားသောက်နေရကြတာပါ။ တိုင်းပြည်ရဲ့ စံနစ်တခုကို မပြောင်းနိုင်သ၍ ကျွန်တော်တို့လူမျိုးတွေ ဒီလိုဒုက္ခပေါင်းစုံနဲ့ ရင်ဆိုင်နေကြရဦးမှာပါ။