ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ခေတ်အဆက်ဆက်က ရွှေတိဂုံစေတီတော်မြတ်ကြီး သမိုင်းနှင့် အဓမ္မဝါဒီခေတ် အခြေအနေ.....

ရွှေတိဂုံစေတီတော်မြတ်ကြီး
ဒဏ္ဍာရီအဆိုအရ ရွှေတိဂုံစေတီတော်မြတ်ကြီးကို လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က တည်ထားခဲ့ပါတယ် လို့ပြောကြပါတယ်။ ဗိသုကာပညာရှင်တွေကတော့ စေတီတော် ရဲ့ Stupa လက်ရာတွေအရ ၆ ရာစု နဲ့ ၇ ရာစုကြားက မွန်တွေ တည်ခဲ့တယ်လို့ ယုံကြည်ကြပါတယ်။ ( အမှန်က ယခုဖူးမြင်နေရသော ဥာဏ် တော်အမြင့် ၃၂၀ ပေကျော်မှာ မွန်မိဘုရားကြီးရှင်စောပု လက်ထက်က တည်ထားခဲ့ခြင်းဖြစ်သည်။ အပြင် ပန်း နှင့် ဓါတ်တော်သမိုင်းကို ခွဲခြားသိရန်လိုသည်။ မှတ်ချက် )

ရှေးပညာရှိများနှင့် ကျမ်းဂန်အထောက်အထားများအရ ဗုဒ္ဓပရိနိဗ္ဗာန်မပြုခင်ကာလ (BC 486) ကတည်းက တည်ထားခဲ့ကြောင်း သိရပါတယ်။ ဒီစေတီရဲ့ မူလအစကတော့ ရာမညတိုင်းမှ ကုန်သည်နှစ်ဦးဖြစ်တဲ့ တဖုဿ နှင့် ဘလ္လိက ညီနောင်တို့ကို မြတ်ဗုဒ္ဓက ဆံတော်ရှစ်ဆူ ပေးသနားခြင်းမှစခဲ့ပါတယ်။ ညီနောင်နှစ်ပါးဟာ ဥက္က လာပမင်းကြီးရဲ့ အကူအညီနဲ့ သိဂုတ္တရတောင်ပေါ်မှာ ဆံတော် (၄) ဆူကို ရှေးရှေးသော ဘဒ္ဒကမ္ဘာမှ ဘုရား ၃ ဆူရဲ့ ဓါတ်တော်များကိုပါ စုပေါင်းပြီး ရွှေတိဂုံစေတီတော်အတွင်း ဠာပနာသွင်း လှူဒါန်းတည်ထားခဲ့ပါတယ်။

ဓါတ်တော်ကြုတ်ကနေ ဠာပနာဖို့ ဆံတော်ကိုယူတဲ့အခါမှာ မယုံနိုင်သော ထူးခြားဆန်းကြယ်မှုတွေ ဖြစ်ခဲ့ပါ တယ်။ ဗုဒ္ဓ၏ မြင့်မြတ်တဲ့ ဆံတော်ကနေထွက်လာတဲ့ ရောင်ခြည်တော်တွေဟာဆိုရင်ဖြင့် အထက်ဘ၀ဂ်မှအောက်နရက်၊ ငရဲပြည်အထိတိုင်အောင်ပါဘဲ။ မြတ်ဗုဒ္ဓ၏ တန်ခိုးတော်အစွမ်းသတ္တိတွေကြောင့် မျက်မမြင်တွေ စက္ခု အလင်းပြန်ရခဲ့ကြတယ်။ နားပင်သူတွေ ကြားနိုင်ကြသလို ဆွံ့အသူတွေလည်း ပြန်ကောင်းလာကြပါတယ်။ ကမ္ဘာမြေကြီးသိမ့်သိမ့်တုန်အောင် တုန်လှုပ်ခဲ့ပြီး လေပြင်းမုန်တိုင်းတွေ ပင်လယ်ပြင်မှာ ကျရောက်ခဲ့ပါတယ်။ မေယုတောင်ကြီးတခုလုံး တုန်လှုပ်ခဲ့ပြီး လျှပ်စီးတွေလက်ပါတယ်။ ဒူးထိနစ်အောင်မိုးတွေရွာသွန်းပြီး အချိန်ရာ သီမဟုတ်ဘဲ ဟိမ၀န္တာတောင်တန်းမှ ပန်းပေါင်းစုံ၊ သစ်သီးမျိုးစုံ ဖူးပွင့်၊ သီးလာကြပါတော့တယ်။

သမိုင်းကိုပြန်ကောက်ရရင် မွန်ဘုရင်ဘုရားဦး မတိုင်ခင် လွန်ခဲ့သော နှစ်ပေါင်း (၁၃၀၀) ကဆိုရင် စေတီတော်ဟာ ယိုယွင်းလာခဲ့ပါတယ်။ ယခင်ဥာဏ်တော်ဟာ (၁၈) မီတာ ( ပေ ၆၀ ) သာ ရှိခဲ့ပါတယ်။ ခေတ်အဆက်ဆက်ပြု ပြင်မွမ်းမံခဲ့ရာ ယခုဖူးမြင်နေရသော ဥာဏ်တော်အမြင့် ( ၉၈ မီတာ ) ( ပေ ၃၂၀ ) ဟာ ၁၅ရာစုကမှဖြစ်ပါတယ်။ မွန်ဘုရင့် နိုင်ငံတော်ခေတ်မှာ ကြီးမားတဲ့ စေတီတော်ကြီး နှစ်ဆူဖြစ်တဲ့ ရွှေတိဂုံ နှင့် ရွှေမော်ဓော စေတီတော်ကြီးများကို ပြန်လည်မွမ်းမံတည်နိုင်ခဲ့ကြပါတယ်။

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီဟာ အစပထမက ၂၇ ပေသာ ဥာဏ်တော်အမြင့်ရှိခဲ့ရာမှ မွန်ဘုရင်ဗညားဦးက ၁၃၆၂ မှာ ဥာဏ်တော် ၆၆ ပေထိ မြှင့်တင်တည်ခဲ့ပါတယ်။ ဓမ္မစေတီမင်း ရဲ့ ဆွေတော်မျိုးတော်ကြီးဖြစ်တဲ့ ယောက္ခမတော် ကြီး မိဖုရား ရှင်စောပု ( ၁၄၅၃-၇၂) က ဥာဏ်တော်အမြင့် မီတာ ၄၀ ( ပေ ၁၂၉ ) ကို မြှင့်တင်ခဲ့ပါတော့တယ်။

၁၄၇၂ မှာ မိဖုရားကြီးရှင်စောပု က ဓမ္မစေတီမင်းကို နန်းအပ်ပြီး အငြိမ်းစားယူရန် ဒဂုံ ( ယ္ခု ရန်ကုန် ) ကို ဆင်း လာခဲ့ပါတယ်။ သူမ မသေခင်ခေါင်းချရာနေရာကနေ ရွှေရောင်တ၀င်းဝင်းနဲ့ မြင့်မြတ်တဲ့စေတီတော်ကြီးကို ဖူး မြင်လိုစိတ်ရှိခဲ့ပါတယ်။ ၁၆ ရာစုနှစ်မှာတော့ ရွှေတိဂုံစေတီတော်မြတ်ကြီးဟာ မြန်မာနိုင်ငံအတွင်း လူသိအများ ဆုံး ဘုရားဖူးနေရာဖြစ်လာပါတော့သည်။

နောက်ပိုင်းရာစုတွေအတွင်း ငလျင်ဒဏ်အကြိမ်ကြိမ်ခံစားရလို့ ပျက်စီးယိုယွင်းလာခဲ့ပါတယ်။ အဆိုးဆုံးပျက်စီးမှု ကတော့ ၁၇၆၈ ကလှုပ်ခဲ့သော ငလျင်ကြောင့်ဖြစ်ပြီး စေတီအထက်ပစ္စယံ မြေခခဲ့ပါတယ်။ ဆင်ဖြူရှင်မင်းက ပြန်လည်ပြုပြင်တည်ထားခဲ့ပါတယ်။ ယခုဖူးမြင်နေရသော ထီးတော်သစ်ကိုတော့ မင်းတုန်းမင်း ၁၈၇၁ က တည် ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်ဟာ မြန်မာနိုင်ငံအောက်ပိုင်းတစ်ခုလုံး ( ရန်ကုန် အပါအ၀င် ) ကို အင်္ဂလိပ်က သိမ်းပိုက်ထားတဲ့အချိန်ဖြစ်ပါတယ်။ ( ၁၈၅၂ မှာ ဒုတိယ အင်္ဂလိပ်၊ မြန်မာစစ်ဖြစ် )

၁၉၇၀ မှာ မြေငလျင်ကြောင့် ထီးတော်စောင်းသွားခဲ့ပါတယ်။ ၁၉၄၅ ဒုတိယကမ္ဘာစစ်ကြီးကာလကလည်း ငြမ်း တည်ဆောက်ခြင်း နှင့် အကြီးစားပြင်ဆင်မှု လုပ်ခဲ့ပါတယ်။

ဒီဇိုင်း

သိဂုတ္တရရင်ပြင်ပေါ်ရှိ စေတီတော်၏ ရင်ပြင်ပေါ်ရောက်ရန် ၀င်ပေါက်မုခ်လေးမုခ်ရှိပါတယ်။ ၀င်ပေါက်တိုင်းမှာ ခြင်္သေ့ရုပ်တစ်စုံစီဖြင့် စောင့်ကြပ်ထားပါတယ်။ အောက်ပစ္စယံကို ရွှေချထားသော အုတ်များဖြင့် တည်ထားပါ တယ်။ အထက်ပစ္စယံကိုတော့ ဘုန်းကြီး နှင့် အမျိုးသားများဟာ တတ်ရောက်နိုင်ကြပါတယ်။ နောက် ခေါင်း လောင်းပုံသဏ္ဍာန်ဖြစ်ပါတယ်။ ဒီအထက်က ဖောင်းရစ် (turnban) ၊ နောက် “ သပိတ် ” ပုံ၊ နောက် “ ကြာ မှောက် ကြာလှန် ” ၊ နောက် “ ငှက်ပျောဖူး ” ပုံ ၊ နောက် “ သရဖူ “ ပုံ ၊ နောက် စိန်ပေါင်း ၅၄၄၈ နှင့် ပတ္တမြား ၂၃၁၇ လုံး စီခြယ်သထားသော ထီးတော်၊ နောက်ဆုံးမှာတော့ ၇၆ ကာရက် ( ၁၅ ဂရမ် ) အရေအသွေးရှိ စိန်ဖူး တော် ဘဲ ဖြစ်ပါတယ်။

အထက်ပစ္စယံရှိ ရွှေတွေကတော့ ရွှေစစ်စစ်တွေဖြစ်ပုံရပြီး မူလီစုပ်ထားပါတယ်။ မြန်မာပြည်အနှံ့အပြားရှိ ပြည် သူများနဲ့ ဘုရင်များမကျန် စေတီတော်ကြီး အထွန့်ရှည် ထိန်းသိမ်းနိုင်ရန် လှူဒါန်းခဲ့ကြပါတယ်။ ၁၅ ရာစုနှစ်က မွန်မိဖုရားကြီး ရှင်စောပု ဟာ သူမ၏ ကိုယ်အလေးချိန်နှင့်ညီမျှတဲ့ ရွှေစင်ကို စေတီတော်ကြီးအတွက် လှူဒါန်း ခဲ့ပါတယ်။

ထုံးတမ်းအစဉ်အလာ

အခြားစိတ်ဝင်စားဖွယ်တစ်ခုကတော့ ဂြိုဟ်ခုံ နဲ့ ဂြိုဟ်ရုပ်တွေဘဲ ဖြစ်ပါတယ်။ ဥပမာ -အင်္ဂါနေ့မှာ ဖွားမြင်သူများဟာ အင်္ဂါထောင့်မှာရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်မှာ ရေသပ္ပါယ်ခြင်း၊ လှူဖွယ်ပစ္စည်းများ လှူ ဒါန်းခြင်း နဲ့ ဆုတောင်းမှုများ ပြုကြပါတယ်။

ဗုဒ္ဓဘာသာအများစုဟာ စေတီတော်ကို လက်ယာရစ် (clockwise) လှည့်ပတ်ပူဇော်ကြတာများပါတယ်။ နေ့ရှစ် ရက်အတွက် ရှစ်တိုင် နှင့် ဂြိုဟ်သင်္ကေတရုပ် ၈ ရုပ်ရှိပါတယ်။

တနင်္လာသားသမီးအတွက် ( ကျားရုပ်)

အင်္ဂါသားသမီးအတွက် ( ခြင်္သေ့ )

ဗုဒ္ဓဟူးသားသမီးအတွက် ( ဆင် )

ကြာသပတေးသားသမီးအတွက် ( ကြွက် )

သောကြာသားသမီးအတွက် ( ပူး )

စနေသားသမီးအတွက် ( နဂါး )

တနင်္ဂနွေသားသမီးအတွက် ( ဂဠုန် )

ရာဟုသားသမီးအတွက် (ဗုဒ္ဓဟူး ညမွေး ) ( ဟိုင်းဆင် ) အဆွယ်မပါ

အရုပ်တစ်ခုချင်းစီအပေါ်တွင် ဂြိုဟ်မင်းဟု သတ်မှတ်သော နတ်ရုပ်များ ရှိသည်။

ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသော မြန်မာလူမျိုးအများစုမှာ ဟိန္ဒူဗြဟ္မာဏ မှ ဆင်းသက်သော ဗေဒင် ပညာရပ်၊ နက္ခတ်ဗေဒပညာရပ်များကိုလည်း ယုံကြည်ကြ၍ ဂြိုဟ်တိုင်များတွင် လူများဖြင့် စည်ကားနေသည်။

ဗေဒင်နက္ခတ်ပညာရှင်များ၏ အကြံပေးမှုကြောင့်လည်း လှူဒါန်းရန် နှင့် ယတြာချေရန်အတွက်လည်း လာ ရောက်ကြသည်။

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးအများမှာ ဘုရားကျောင်းကန်သို့ သွားခြင့်ဖြင့် သူတို့ခံစားနေရသော စိတ်သောက ဝေဒနာများ သက်သာပျောက်ကင်းသွားတယ်လို့ ခံစားကြတယ်။ ထို့ပြင် ဘုရားကျောင်းကန်တွေမှာ မြင့်မြတ်ပြီး အကျင့်သီလရှိတဲ့ ပုဂ္ဂိုလ်တွေရှိပြီး ဗုဒ္ဓကို ရည်မှတ်ပြီး တည်ထားကိုးကွယ်ထားတဲ့ စေတီ ၄ မျိုး ကို ဖူးမြင်ရပြီး ဘုရားရဲ့ ဂုဏ်တော်၊ တရားရဲ့ ဂုဏ်တော်၊ သံဃာရဲ့ ဂုဏ်တော် များကို ပိုမိုဆင်ခြင်မိပြီး ကုသိုလ်ကောင်းမှုတွေ လည်း လုပ်နိုင်လို့ အလွန်ကောင်းမြတ်ခြင်းလို့ ယုံကြည်ကြပါတယ်။

ကမ္ဘာ့စာပေထဲက ရွှေတိဂုံ

အင်္ဂလိပ်ကဗျာဆရာကြီး ရုဒ်ကပလန် ( Rudyard Kipling) က ၁၈၈၉ မှာ ရွှေတိဂုံ သို့ ရောက်ရှိလာခဲ့ပြီး နောက် ၁၀ နှစ်ကြာတဲ့ ၁၈၉၉ မှာ သူ၏ “ From sea to sea and other Sketches ” ခရီးသွားဆောင်းပါး အတွဲ ၁ မှာ ရွှေတိဂုံစေတီတော်ကြီး နှင့် ပတ်သတ်ပြီး မှတ်တမ်းတင်ဂုဏ်ပြုထားပါတယ်။

ကပလင်း (Kapling) က -
ရွှေရောင်တ၀င်းဝင်းနှင့် အင်မတန်ရင်သပ်ရှုမောဖွယ်ကောင်းလှတဲ့ ဂမ္ဘီရဆန် ရွှေတုံးကြီးဟာ မိုးကုတ်စက်ဝိုင်း ထက်မြင့်မြင့်မားမားထွက်လို့ နေရောင်အောက်မှာ တဖျက်ဖျက် နှင့် သူ့ပုံသဏ္ဍာန်ကတော့ ဟိန္ဒူဘုရားကျောင်း တွေနဲ့လည်းမတူ၊ မွတ်စလင်ဗလီတွေနဲ့လည်း အသွင်ကွဲ၊ တမူထူးလို့ တင့်တယ်ဖွယ်အတိနဲ့ စိမ်းလဲ့လဲ့ တောင် ကုန်းပေါ်မှာ မားမားကြီးတည်လို့နေ။ အခြားလူနေအိမ်အဆောက်အဦးတွေ၊ ချုံဖုတ်တွေ နဲ့ စက်ရုံများရယ် သူ့ အောက်ခြေ၀ယ် အစီအရီပေါ့။ ကျွန်ုပ်စိတ်ဝယ် အင်္ဂလိပ်တို့ရဲ့ နတ်ဘုရားအသစ်တစ်ပါး ထိုင်နေရော့သလား အံ့ချီးဖွယ် တွေးထိမိတဲ့စိတ်ကို မထိန်းချုပ်နိုင်အောင်ဖြစ်ရပါရဲ့ ….. လို့ ဖွဲ့ဆိုထားပါတယ်။

သူကဆက်လက်ပြီး ရွှေတိဂုံပေါ့လို့ ကျွန်တော့်မိတ်ဆွေကပြောတော့ “ အံ့ဖွယ်အတိ ” လို့ စိတ်ထဲကပြောမိ တယ်။ ဒါပေမယ့် အဲ့ဒါဟာ ကျိန်တွယ်ပြောစရာမလိုတဲ့ အရာတစ်ခုပါ။ ( တကယ်မျက်မြင်ဖြစ်လို့ )။ အဲ့ဒီ အံ့ချီး ဖွယ်အရာထဲက ကျွန်တော့်ကို ရန်ကုန်ကိုလာစေတဲ့အချက်တစ်ခုဖြစ်ပါတယ်။ ဒုတိယကတော့ ကမ္ဘာမြေပေါ်က အချမ်းသာဆုံး နဲ့ ရှားပါးတဲ့အရာတွေရှိနေလို့။

1885 ခုနှစ်က ရွှေတိဂုံစေတီတော်ပုံ
စန္ဒကူးပန်းရနံ့တွေ ထုံသင်းနေတဲ့ နံသာမြိုင်တောကြီးတွေနဲ့ အသွင်ဆန်း၊ အဆင်ခြားနေတဲ့ ဒီရွှေမြေမှာ ကျွန်ုပ် ၏ မျက်စိပသာဒ မှာ မဆုံးနိုင်၊ မပြီးနိုင် ဖြစ်ခဲ့ရပေါ့။ ရွှေအတိနဲ့အဆောက်အအုံကြီးကတော့ ပြောတယ် “ ဒါဟာ မြန်မာပြည်တဲ့၊ မင်းတို့သိတဲ့ အခြားနယ်မြေတွေနဲ့ လားလားမျှ မတူနိုင်ဘူးတဲ့။ ” “ အဲ့ဒါဟာ အလွန်ကျော်ကြား တဲ့ ဘုရားကျောင်းအိုကြီးတစ်ခုပေါ့ ” လို့ ကျွန်တော့်မိတ်ဆွေက ရှင်းပြတယ်။ ယခုအခါ တောင်ငူ၊ မန္တလေး လမ်းဖွင့်ပြီဖြစ်လို့ အနယ်နယ်အရပ်ရပ်က ထောင်ပေါင်းများစွာသော ဘုရားဖူးတွေ လာရောက်ဖူးမျှော်နိုင်ပြီ ဖြစ်သည်တဲ့။ သူတို့အဆို “ ထီးတော် ” လို့ခေါ်တဲ့ တန်ဖိုးကြီးပြီး ထိပ်နားကတင်ထားတဲ့ အရာကတော့ ငလျင် ဒဏ်ကြောင့် မဲ့နေတယ်။ တတိယမြောက် ထီးတော်ကို ပြန်တင်မလို့ ၀ါးတွေနဲ့ခြံရံပြီး လုပ်နေတာကိုတွေ့ခဲ့ရပါ တယ်။ အဲ့ဒါတွေ ဖယ်ရှားလိုက်ရင်တော့ သင်တို့တွေ ပြန်တွေ့ရတော့မှာပါ။ အခုအခါမှာတော့ ရွှေရောင်တဖျက် ဖျက် နဲ့ ပြန်လည်တင့်တယ်နေပါပြီ ….. လို့ မှတ်တမ်းတင်ထားပါတယ်။

စစ်ဘေး နဲ့ ကျူးကျော်မှု

၁၆၀၈ ခုနှစ်မှာတော့ ငဇင်ကာ လို့ ခေါ်တဲ့ ပေါ်တူဂီလူမျိုး နယ်မြေသစ်ရှာသူ ဖိလစ်ဒပရစ်တို ဟာ ရွှေတိဂုံစေတီ တော်ကြီးကို ဖျက်ဆီးခဲ့ပါတယ်။ သူ့လူတွေဟာ မိဖုရားကြီး ရှင်စောပု ကို နန်းဆက်ခံတဲ့ ဓမ္မစေတီမင်း ၁၄၈၅ မှာ လှူဒါန်းခဲ့တဲ့ တန်ချိန် ၃၀၀ နီးပါးရှိ ဓမ္မစေတီခေါင်းလောင်းကြီးကို ယူဆောင်သွားခဲ့ပါတယ်။ ဒီပရစ်တိုက တော့ ပဲခူးကိုဖြတ်ချိန်မှာ ခေါင်းလောင်းတော်ကြီးရေထဲကျသွားခဲ့ပါတယ်။ ယခုချိန်ထိ ပြန်လည်ဆယ်ယူလို့ မရသေးပါဘူး။

စဥ့်ကူးမင်းခေါင်းလောင်းတော်ကြီး

၁၈၂၄ မေ ၁၁ မှာ အင်္ဂလိပ်တွေ မြန်မာပြည်ကို ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲကြီး အတွင်းရောက်ရှိလာပြီး ရွှေတိ ဂုံဘုရားကို သိမ်းပိုက်ခဲ့ပါတယ်။ သူတို့ဟာ မထွက်ခွာမီ နှစ်နှစ်အတွင်း ရွှေတိဂုံစေတီတော်ကြီးကို ခံတပ်တစ်ခု အဖြစ် အသုံးပြုခဲ့ပါတယ်။ သူတို့ဟာ လုယက်ဖျက်ဆီးသူတွေ။ လူရမ်းကားတွေ ဖြစ်ကြပါတယ်။ အရာရှိတ ယောက်ဆိုရင် စေတီတော်ကြီး၏ အောက်ကို ဥမင်လိုဏ်ခေါင်းတူးပြီး ယမ်းမှုန့်၊ ယမ်းတောင့်များကို ရှာဖွေရန် ကြိုးစားခဲ့ပါတယ်။ စဥ့်ကူးမင်း ၁၇၇၉ မှာ သွန်းလုပ်လှူဒါန်းခဲ့တဲ့ တန်ချိန် ၂၃ တန်ရှိ မဟာဂန္ဓခေါင်းလောင်းအ မည်ရှိ စဥ့်ကူးမင်းခေါင်းလောင်းတော်ကြီးကို အင်္ဂလိပ်တပ်တွေက ကာလကတ္တားကို သင်္ဘောနဲ့ အရည်ကျိုဖို့ သယ်သွားခဲ့ပါတယ်။ အဲ့ဒီခေါင်းလောင်းတော်ကြီးဟာလည်း ဓမ္မစေတီခေါင်းလောင်းနည်းတူ ရေထဲကျခဲ့ပါတယ် အင်္ဂလိပ်တပ်တွေက ပြန်လည်ဆယ်ယူရန် ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ နောက်ပိုင်း ပြည်သူတွေက စေတီတော်ကြီးမှာ ပြန်လည်ထားရန် ကြိုးပမ်းကူညီနိုင်ခဲ့ပါတယ်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ( ၁၉၅၂ ) မှာ အင်္ဂလိပ်တွေ ရွှေတိဂုံကို ပြန်လည်သိမ်းပိုက်ခဲ့ပြီး နှစ်ပေါင်း ၇၇ နှစ် ကြာ ၁၉၂၉ အထိ ဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူတွေကို လာရောက်ဖူးမျှော်ခွင့်ပြုခဲ့ကြပါတယ်။

ရွှေတိဂုံစေတီတော်ကြီး နဲ့ မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍ

၁၉၂၀ ပထမကျောင်းသားသပိတ်မှောက်ဖို့ တက္ကသိုလ်ကျောင်းသားကြီးများဟာ ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ် မှာဘဲ စုဝေးတိုင်ပင်ပြီး တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ တက္ကသိုလ်ကျောင်း သားကြီးများ စုဝေးတိုင်ပင်ခဲ့တဲ့နေရာကို အမှတ်တရာ ကမ္ဗည်းကျောက်တိုင် ထိုးထားပါတယ်။ ထိုသပိတ်ကြီး ကြောင့်ဘဲ အမျိုးသားကျောင်းတွေ ပေါ်လာခဲ့ရပြီး ပထမကျောင်းသားသပိတ်စတင်ခဲ့တဲ့ တန်ဆောင်မုန်းလပြည့် ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ၁၉၃၆ ဒုတိယကျောင်းသား သပိတ်အတွင်း ကာလမှာလည်း ရွှေတိဂုံစေတီတော်မြတ်ကြီးဟာ သပိတ်စခန်းတည် ရာဖြစ်ခဲ့ပါတယ်။

၁၉၃၈ မှာ မြန်မာနိုင်ငံအလယ်ပိုင်း ချောက် နှင့် ရေနံချောင်း ရေနံမြေအလုပ်သမားထုကြီး သပိတ်မှောက်ဆန္ဒပြ ပြီး ရန်ကုန်ကို ချီတတ်လာခဲ့ရာမှာလည်း ရွှေတိဂုံစေတီတော်ကြီးမှာ သပိတ်စခန်းလုပ်ခဲ့ပါသေးတယ်။ ဒီသပိတ် ဟာ ပြည်သူကော ကျောင်းသားတွေကပါ ထောက်ခံမှုကြောင့် ၁၃၀၀ ပြည့် အရေးတော်ပုံကြီး အဖြစ် တွင်ခဲ့ပါ တယ်။

ယခင်က အင်္ဂလိပ်လူမျိုးနဲ့အခြား အင်္ဂလိပ်အာဏာပိုင်များဟာ ဖိနပ်မချွတ်ဘဲ ဘုရားရင်ပြင်တော်ပေါ်သို့ တတ် ရောက်ကြပါတယ်။ မြန်မာတို့က အမျိုးသားရေးစိတ်ဓါတ်အပြည့်နဲ့ ဆန့်ကျင်တောင်းဆိုခဲ့လို့ ၁၉၁၉ မှာ အင်္ဂလိပ် က ဥပဒေ ထုတ်ပေးခဲ့ရပါတယ်။

၁၉၄၆ ဇန်န၀ါရီ ဟာ အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းဟာ သမိုင်းဝင်လှတဲ့ ရွှေတိဂုံအလယ်ပစ္စ ယံ လူထုအစည်းအဝေးပွဲကြီးကို ကျင်းပပြီး လွတ်လပ်ရေးအတွက် သမိုင်းဝင် မိန့်ခွန်းကို ပြောခဲ့ပါတယ်။

၁၉၈၈ မှာတော့ ဗိုလ်ချုပ်သမီးဒေါ်အောင်ဆန်းစုကြည် ဟာလည်း လူထု ၅ သိန်းကျော်ကို ရွှေတိဂုံစေတီတော် ရင်ပြင်ကြီးမှာ ဒီမိုကရေစီရေးအတွက် မိန့်ခွန်းခြွေခဲ့ပါတယ်။ သံဃာတော်များ၏ စက်တင်ဘာ ငြိမ်းချမ်းစွားလှုပ်ရှားမှု ၂၀၀၇ စက်တင်ဘာလမှာ လူထုတွေရဲ့စားဝတ်နေရေး ကျပ်တည်းမှုနှင့် ကုန်ဈေးနှုန်း အဆမတန်ကြီးမားမှု ကြောင့် နေရာအနှံ့အပြားမှာ သံဃာတော်များ ဦးဆောင်ပြီး လူထုဆန္ဒပြပွဲကြီးများ ဖြစ်ခဲ့ပါတယ်။
၂၀၀၇ စက်တင်ဘာ ၂၄ ရက်နေ့မှာ ၂၀၀၀၀ ကျော်ခန့်ရှိသော သံဃာတော်များ နှင့် သီလရှင်များဟာ ရွှေတိဂုံ ဘုရားသို့ ချီတတ်ပြီး လူထုအတွက် ဘာသာ၊ သာသနာအတွက် စုရုံးပြီး မိစ္ဆာစစ်အာဏာရှင်တွေကို မလိုလား ကြောင်း ငြိမ်းချမ်းစွာ မေတ္တာပို့ဆုတောင်းခဲ့ကြပါတယ်။ နောက်နေ့များမှာလည်း သံဃာတော် ၁၅၀၀၀ ကျော် ဦးဆောင်တဲ့ လူထု ၃၀၀၀၀ ကျော်ဟာ ရွှေတိဂုံစေတီတော်ကြီးမှ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ရုံးရှေ့ကို ဖြတ်ပြီး ချီတတ်ခဲ့ပါတယ်။ နောက်နေ့တွေမှာတော့ ရဟန်းသံဃာတော်များမှာ မတရား ဖမ်းဆီးနေအိမ် အကျယ်ချုပ်ကျခံနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ရဲရဲဝံ့ဝံ့ ချီတတ် မေတ္တာပို့ပေးခဲ့ပါတယ်။ ၂၀၀၇ စက်တင်ဘာ ၂၅ မှာ သံဃာတော် ၂၀၀၀ ခန့်နှင့် ထောက်ခံသူများကို မိစ္ဆာစစ် အာဏာပိုင်များက ခြိမ်းခြောက်သတိပေးခဲ့ပါတယ်။ စစ်အာဏာရှင်တွေရဲ့ လက်ပါးစေများဟာ ရွှေတိဂုံစေတီ တော်ကြီး နှင့် အခြား ရန်ကုန်မြို့ရှိနေရာများမှာ စစ်တပ်တွေ လက်နက်အပြည့်အစုံနဲ့ ချထားပါတယ်။

၂၀၀၇ စက်တင်ဘာ ၂၆ မှာတော့ လုံခြုံရေးတပ်တွေက ရက်စက်စွာ ပစ်ခတ်နှိမ်နှင်းလို့ ငြိမ်းချမ်းစွာဆန္ဒဖော် ထုတ်သူ ၅ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ လူအများလေးစားကြည်ညိုရတဲ့ မြင့်မြတ်လှတဲ့ နယ်မြေဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကြီးမှာတောင် မကောင်းဆိုးဝါးဝင်စီးနေသော စစ်မိစ္ဆာအာဏာရှင်များ နှင့် လက်ပါးစေများ ဟာ ရဟန်းသံဃာတော်။ သီလရှင်၊ ကျောင်းသား၊ သက်ကြီးရွယ်အိုများပါမကျန် အားလုံးကို အကြမ်းဖတ်ပစ် ခတ်၊ ဖမ်းဆီး၊ ရိုက်နှက်၊ သတ်ဖြတ် ကြပါတယ်။ မြန်မာသမိုင်းမှာကော၊ ကမ္ဘာ့သမိုင်းမှာပါ အကျည်းတန်ဆုံး၊ အယုတ်မာဆုံးဖြစ်တဲ့ ဘာသာ၊ သာသနာ၊ စော်ကားမှုကြီးကို ဗုဒ္ဓဘာသာဝင်တွေ အားကိုးယုံကြည် ကြည်ညိုရ တဲ့ ရွှေတိဂုံစေတီတော်ကြီးမှာပါ ဗမာစစ်အာဏာရှင်များက သက်သေပြ မော်ကွန်းတင်လိုက်ခဲ့ပါပြီ။ မြင့်မြတ်တဲ့ သာသနာ့နယ်မြေမှာ ရဟန်းရှင်လူ တို့ရဲ့ သွေး စွန်းပေခဲ့ရပါပြီ။ အာဏာကို ပူဇော်ကန်တော့နေတဲ့ စစ်အာဏာ ရှင်တို့က ပန်းပေါင်းနံ့သာတွေနဲ့ အသရေရွမ်းတင့်တယ်နေတဲ့ ရွှေတိဂုံစေတီတော်ကြီးကို သူတို့ရဲ့ လူသတ် လက်နက် ယမ်းငွေ့မီးလောင်ဗုံးတွေနဲ့ လိမ်းကြံခဲ့ကြပါတယ်။

အေးချမ်းသော ပရဝဏ်မှ အကျည်းတန် မြင်ကွင်း

ဘာသာခြားလူမျိုးခြား နယ်ချဲ့သူတွေလက်ထက်က ယခုလို သာသနာနယ်မြေမှာ သွေးမြေမကျခဲ့ပါဘူး။ ယခု အာဏာရူး နအဖ စစ်အာဏာရှင်လက်ထက်ကျမှ ဘုရားရှင်လက်ထက်ကတည်းက အသရေရွှန်းတင့်တယ်ခဲ့ သော ရွှေတိဂုံစေတီတော်ကြီး အပါအ၀င် မြန်မာနိုင်ငံအနှံ့ဘုရားစေတီတော်များ၊ ကျောင်းကန်အားလုံးဟာ ပျက်ဆီးခဲ့ရပါတယ်။ စစ်အာဏာရှင်လက်ပါးစေများဟာ သူတို့အာဏာမြဲဖို့အတွက် ရွှေတိဂုံအပါအ၀င် စေတီပု ထိုးများကို မကောင်းသောဆန္ဒတွေ၊ ဘုရား၊ တရား၊ သံဃာ ဂုဏ်တော်တွေ ညှိုးမှိန်အောင် အမျိုးမျိုး လုပ်နေ တာကို အားလုံး မျက်မြင်ကိုယ်တွေ့ဖြစ်ပါတယ်။

ဒါကြောင့် ယခုအခါမှာ ဘာသာ၊ သာသနာ လူမျိုးနှင့်မိမိတို့၏ နောက်မျိုးဆက်တွေရဲ့ အကျိုးကို လိုလားသော ရ ဟန်း၊ ရှင်လူ၊ ကျောင်းသား၊ လူငယ်အပေါင်းတို့ဟာ ဒီ အဓမ္မ၀ါဒီ စစ်အာဏာရှင် ကို စုပေါင်းညီညာစွာ ဆန့်ကျင် ဖယ်ရှားဖို့ လိုနေပါပြီ။ အဓမ္မတွေပျောက်ပြီး ဓမ္မတရားတွေ ထွန်းကားမှသာ ဘာသာ၊ သာသနာ နှင့် လူမျိုးဟာ ဂုဏ်တင့်မှာ အမှန်ပင်ဖြစ်ပါတော့တယ်။

အလင်းဆက်
၂၅ . ၂ . ၂၀၁၀

ပေးပို့လာသူ ညီငယ်အလင်းဆက်နှင့် ကိုနစ်နေမန်းအား ကျေးဇူးတင်ပါသည်။