ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

သြစတြေးလျ လူဝင်မှုကြီးကြပ်ရေးမှ ပြောင်းရွှေ့နေထိုင်ခွင့်ဥပဒေကို တင်းကြပ်လိုက်ပြီ

ဆံပင်ပြုပြင်ခြင်းနှင့် အချက်အပြုတ် အသက်မွေးဝမ်းကျောင်းဘာသာရပ်များဖြင့် သြစတြေးလျနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် PR လျှောက်ထားသူ နိုင်ငံခြားကျောင်းသားနှစ်သောင်းခန့်အား သြစတြေးလျ လူဝင်မှုကြီးကြပ်ရေးမှ စစ်ဆေးပြုပြင်မှုတစ်ရပ်အဖြစ် ရုတ်တရက်ပယ်ချလိုက်ကြောင်း AT&S Co., ltd. မှသိရှိရသည်။ အင်္ဂလိပ်ဘာသာစကားပြောသူများနှင့် အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်သူများအပေါ် အရေးပေး ထားသော ပြောင်းရွှေ့နေထိုင်ခွင့်ဥပဒေကို သြစတြေးလျမှတင်းကြပ်လိုက်ပြီး ဆရာဝန်များနှင့် အင်ဂျင်နီယာများကို ၎င်းတို့ပိုမိုလိုအပ်ကြောင်း သြစတြေးလျနိုင်ငံက ကြေငြာခဲ့ကြောင်းသိရသည်။

အင်္ဂလိပ်စာအရည်အသွေး ပိုမိုကောင်းမွန်ရန်လိုအပ်ပြီး ထူးချွန်ထက်မြက်မှုကို အဓိကထားသော ဥပဒေသစ်ထွက်ပေါ်လာချိန်တွင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး Chris Evans က နိုင်ငံခြားမှ ကျောင်းသားနှစ်သောင်းခန့်ရဲ့ သြစတြေးလျဒေါ်လာ ၁၄ သန်းခန့်ရှိတဲ့ စရိတ်တွေကို ပြန်လည်ပေးအပ်ရန်ရှိနေပါတယ်။ လက်ရှိအမှတ်ပေးစနစ်ဟာ နိုင်ငံအားကျောင်းသားများအား ရေတိုအသက်မွေးဝမ်းမှုအရည်အချင်းမှ အဆင့်မီပညာတတ်အသိုင်း အ၀ိုင်းသို့ ရှေးရှုစေရန် တွန်းအားပေးသည်ဟု” ပြောကြားသွားကြောင်း Today သတင်းစာတွင် ဖော်ပြထားကြောင်း AT & S မှသိရသည်။

တိုင်းတာချက်များအရ သြစတြေးနိုင်ငံတွင် အခြေချရန်မျှော်လင့်ထားသော သြစတြေးလျကောလိပ်များသို့ စာရင်းသွင်းပြီးဖြစ်သည့် နိုင်ငံခြားကျောင်းသားများကို တွေဝေသွားစေနိုင်သလို ၎င်းစနစ်ပြောင်းလဲချက်သည် သြစတြေးလျနိုင်ငံတွင် အိန္ဒိယသားလူဦးရေ ရုတ်ချည်းမြင့်တက်လာမှုနှင့် အိန္ဒိယကျောင်းသားများအပေါ် ပရမ်းပတာတိုက်ခိုက် နှောက်ယှက်မှုဖြစ်ရပ်များ၏ နောက်ဆက်တွဲအနေဖြင့် ထွက်ပေါ်စေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သောငါးနှစ်ခန့်က ပြောင်းရွှေ့ခွင့်ရပြီးသော စာရင်းကိုင်ပညာရှင် ၄၀,၀၀၀ ၏ အသက်မွေးဝမ်းကျောင်းပညာ ကျွမ်းကျင်မှုနှင့် ဘာသာစကားကို လိုအပ်ချက်များကြောင့် သြစတြေးလျနိုင်ငံအနေဖြင့် စာရင်းကိုင်လိုအပ်ချက်သည် ဆက်လက်ရှိနေမည် ဖြစ်သည်ဟု Mr.Evans မှပြောကြားခဲ့သည်။ အာရှနိုင်ငံမှကျောင်းသားများကို ရည်ရွယ်ထားသည့် သြစတြေးလျနိုင်ငံ၏ ကြီးမားသော နိုင်ငံခြားပညာရေး အခန်းကဏ္ဍသည် နိုင်ငံ၏ စတုတ္တမြောက် အကြီးမားဆုံး နိုင်ငံခြားဝင်ငွေအဖြစ် အောင်မြင်ခဲ့ကြောင်း AT& S မှထပ်မံသိရှိရသည်။ Manash တက္ကသိုလ်မှ လူမှုရေးသိပ္ပံပညာရှင် Andrew Markus မှ ပြောင်းရွှေ့မှုပေါ်လစီပေါ်တွင် ကျောင်းသားစာရင်းသွင်းမှု လျော့ကျနိုင်ကြောင်း၊ အကြောင်းအရင်းမှာ နိုင်ငံခြားကျောင်းသား ၇၀ ရာခိုင်နှုန်းခန့်မှာ သြစတြေးလျနိုင်ငံတွင် အမြဲတမ်းအခြေချရန် စီစဉ်ထားသောကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သြစတြေးလျနိုင်ငံမှ နိုင်ငံခြား ကျောင်းသားအရေအတွက်မှာ ၂၀၀၂ ခုနှစ်တွင် တစ်သိန်းငါးသောင်းခန့်ရှိရာမှ ၂၀၀၉ ခုနှစ်တွင် လေးသိန်းခန့်အထိရောက်ရှိလာပြီး အိန္ဒိယကျောင်းသား/သူများသည် ယခင်က လျှောက်ထားသူအများဆုံးဖြစ်သော တရုတ်နိုင်ငံကိုကျော်ဖြတ်ပြီး ယခုနှစ်အောက်တိုဘာလတွင် တစ်သိန်းတစ်သောင်းခုနှစ်ထောင်အထိ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း AT & S မှ ပညာရေးအတိုင်ပင်ခံက ပြောကြားခဲ့သည်။ ယခုဖြစ်စဉ်များအတောအတွင်း ဗြိတိန်နိုင်ငံမှလည်း ၎င်းတို့၏ ကျောင်းသားဗီဇာ စည်းမျဉ်းအား တင်းကျပ်မှု တစ်ရပ် ပြုလုပ်လိုက်သဖြင့် အမှန်တကယ် ကျောင်းတက်မည့် ကျောင်းသားများအတွက် မထိခိုက်နိုင်သော်လည်း ဥပဒေနှင့်မညီ အလုပ်လုပ်ကိုင်နေသူများနှင့် စည်းမျဉ်းစည်းကမ်း မလိုက်နာသူများကို ကာကွယ်ပြီး ဖြစ်လိမ့်မည်ဟု AT & S မှ ထပ်မံသိရှိရသည်။ သြစတြေးလျတွင် ပညာသင်ယူလိုသူ မြန်မာကျောင်းသားများအနေဖြင့် မည်သည့်ဘာသာရပ်များသည် အမြဲတမ်းနေထိုင်ခွင့် PR ရရှိနိုင်မည်ဆိုသည်တို့ သိရှိလိုပါက သြစတြေးလျ ပညာရေးကျွမ်းကျင်သူ AT & S Co.,Ltd. ဖုန်း-၅၂၁၁၂၅၊ ၆၅၂၂၈၈ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

ပေးပို့လာသူ သြစတြေးလျမှ ကိုစိုင်း