ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဝါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များနှင့် ချင်းအမျိုးသားခေါင်းဆောင်များမှ အဖွဲ့ချုပ်(ဒု)ဥက္ကဌဦးတင်ဦးအား ဂုဏ်ပြုချီးမြှင့်ပွဲ မှတ်တမ်းဓာတ်ပုံ....




ယနေ့ ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေအိမ်၌ ပြုလုပ်သော ၀ါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များမှ ပြန်လည်လွတ်မြောက်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု)ဥက္ကဌဦးတင်ဦးအား ဂုဏ်ပြုပွဲတွင် ချင်းအမျိုးသားများမှ (၆၂)မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အဖြင့် ဘဘဦးတင်ဦးအား အမျိုးသားပြန်လည်သင့်မြတ်ရေးသူရဲကောင်းဆု ကို ချီးမြင့်လိုက်ပါသည်။ အခမ်းအနား ကို ၀ါရင့်နိုင်ငံရေးလုပ်ဖော် ကိုင်ဖက်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်ဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် အဖွဲ့ဝင် များတက်ရောက်ခဲ့ကြသည် ။ အဆိုပါအခမ်းအနားကို နံနက် ၁၀ နာရီတွင်စတင်ကျင်းပပြီး နေ့ လည် ၁၂ နာရီခန့်  တွင်ပြီးဆုံးခဲ့ပါသည် ။

ဓာတ်ပုံများ အောက်တွင် ဆက်လက်ကြည့်ရှုနိုင်ပါသည်။




ပေးပို့လာသူ မြတ်လေးငုံအား ကျေးဇူးတင်ပါသည်။