ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မင်းမြတ်ကျန်စစ်သားမင်းရဲ့ ရွှေစည်းခုံဘုရား ကျောက်စာ


မင်းမြတ်ကျန်စစ်သားမင်းရဲ့ ရွှေစည်းခုံဘုရား ကျောက်စာ

မင်းကောင်းမင်းမြတ် ကျန်စစ်သားမင်းရဲ့ ရွှေစည်းခုံဘုရား ကျောက်စာမှာ`ပုဂံကို ရန်သူတို့ ဖျက်ဆီးသောအခါ အမျိုးလေးပါးသည် စစ်သုံ့ပန်းဖြစ်၍ အချို့ လည်း အောက်အကြေသို့ ပါကြရသည်။ အချို့ လည်း အထက်အညာသို့ ပါကြရသည်။ ငါ၏ အကူအညီဖြင့် ထိုသူတို့ ပုဂံသို့ ပြန်ရောက်စေပါအံ့။ များစွာသော သူခပ်သိမ်းတို့သည် သားတကွဲ ၊မယားတကွဲ ၊ မိကွဲ ၊ ဖကွဲ ဖြစ်ကြရကုန်၏။ ထိုသူတို့၏ ဒုက္ခကို ငါငြိမ်းပါအံ့။ ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့၊ ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာ ကိုပေးအံ့၊ ငါ၏၀ဲလက်ဖြင့် ၀တ်စား တန်ဆာ ပေးအံ့။ အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်ပါအံ့၊´ ဟုတိုင်းသူပြည်သားတွေကို မိမိ၏ ရင်နှစ်သားများကဲ့သို့ မေတ္တာဂရုဏာ ဖြင့် ရေးသားခဲ့ပါတယ်....

(ကျန်စစ်သားမင်း၏ မူရင်း မွန်ဘာသာဖြင့် ရေးထိုးထားသော ရွှေစည်းခုံဘုရား ကျောက်စာကို မြန်မာပြန်မှ)

အဝိဇိချိုးကပ်မည့် အာဏာရှုး သန်းရွှေရဲ့ ကြပ်ပြေး သေတမ်းစာ..

ရန်ကုန်ကို ငါတို့ဖျက်ဆီးသောအခါ အမျိုးလေးပါး ဝန်ထမ်းတို့သည် အထက်ကြပ်ပြေး သို့ပါကြကုန်၏။ နေရာအသီးသီးမှ တိုင်းရင်းသားတို့လည်း ငါဖမ်းဆီးနှိပ်စက်သဖြင့် နယ်စပ်ဒေသသို့ ရောက်ကြကုန်၏ ။ ငါ၏အကူအညီဖြင့် တိုင်းတပါးမှ ပြန်မလာနိုင်အောင် ငါလုပ်ပါအံ့။ မတရား အပြစ်ဒဏ် ချခံရသော များစွာသောသူတို့သည် သားတကွဲ မယားတကွဲ ဖြစ်ကုန်၏။ ထိုအပြစ်ကျခံသူတို့အား နယ်ထောင်များသို့ပြောင်းရွှေ့အံ့... ။ ထိုသူတို့အား ဒုက္ခပင်လယ် ဝေစေအံ့.. ထိုသူတို့၏ မျက်ရည်ကျနေသည် ကိုထိုင်ကြည့်အံ့။ ငါ၏ညာလက်ဖြင့် မေတ္တာပို့ဆုတောင်းသော သံဃာတော် များအား ရိုက်နှက်အံ့ .. ငါ၏ဘယ်လက်ဖြင့် နာဂစ်ဒုက္ခသည် များ၏ အလှုငွေအား ဖြတ်စားအံ့... ကြံ့ဖွတ် စွမ်းအားရှင်များသည် ပြည်သူများအား ရိုက်နှက် နှိပ်စက်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့အား နည်းမျိုးစုံနဲ့ နှိပ်စက်အံ့...

ကြပ်ပြေးလိုဏ်ခေါင်းအတွင်း မြေမျို၍ အသေဆိုးနဲ့ သေသော တပ်ချုပ်ကြီး၏ ကြောက်စာ (ကျောက်စာမဟုတ်ပါ)