ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ အဖွဲချုပ်(ဒု)ဥက္ကဋ္ဌသူရဦးတင်ဦးရဲ့ နိုင်ငံရေးခံယူချက်နဲ့ စိတ်ဓာတ်တွေကို လေးစား ကျေးဇူးတင်ကြောင်း ပြောဆို...


လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ အဖွဲချုပ်(ဒု)ဥက္ကဋ္ဌသူရဦးတင်ဦးရဲ့ နိုင်ငံရေးခံယူချက်နဲ့ စိတ်ဓာတ်တွေကို လေးစားကျေးဇူးတင်ကြောင်း ပြောဆိုတယ်လို့ ယနေ့နေ့လည် (၁)နာရီမှ (၃)နာရီအထိ ယနေ့ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေဆုံခဲတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေနေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့နေ့လည် (၁)နာရီကနေ (၃)နာရီအထိ ဆရာဦးကြည်ဝင်းရယ် အန်ကယ်ရယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ (၂)နာရီလောက် တွေ့ခွင့်ရခဲ့ပါတယ်။ ရှေ့နေလေးယောက်လုံးတွေ့ဖို့ တောင်းထားပေမယ့် ဆရာဦးကြည်ဝင်းနဲ့ အန်ကယ်တို့ နှစ်ယောက်ပဲ တွေ့ခွင့်ရခဲ့ပါတယ်။ ဦအောင်ဆန်းဦးရဲ့နေအိမ်ပြင်ဆင်ခွင့် တားမြစ်ကိစ္စ၊ မစ္စတာကင်တားနား လာတဲ့ကိစ္စ၊ ပါတီကိစ္စတွေကို ဆွေးနွေးဖြစ်ပါတယ်။ အဓိကက ဦးအောင်ဆန်းဦးရဲ့ နေအိမ်တားဝရမ်းကိစ္စနဲ့ ပတ်သတ်ပြီး မတ်လ(၄)ရက်နေမှာပေးရမယ့် လျှောက်လဲချက် ရေးထားတွေကို ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြည့်စွက်စရာတွေကို ဖြည့်စွက်ပေးပါတယ်။ "

ပြီးခဲ့တဲ့ ဇန္နဝါရီလ(၂၁)ရက်နေ့က အကိုဖြစ်သူ ဦးအောင်ဆန်းဦးက နေအိမ်ပြုပြင်တာကို ရပ်ဆိုင်းပေးဖို့ လျှောက်ထားချက် ကိုတရားရုံးက တားဝရမ်းထုတ်ခဲ့ပါတယ်....။ ဖေဖော်ဝါရီလ (၄)ရက်နေ့မှာ နှစ်ဘက်ရှေ့နေများ လျှောက်လဲချက်ပေးခဲ့ပြီးလာမယ့် မတ်လ(၄)ရက်နေ့မှာ တရားရုံးကပြန်လည် ချိန်းဆိုခဲ့ပါတယ်။

ဆက်လက်ပြောဆိုရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တာနား တွေ့ခွင့်တောင်းတာ တွေ့ခွင့်မရတာနဲ့ ပတ်သတ်ပြီး ဘာမှမပြောဘူး ၊ ဝေဖန်ချက်မပေးဘူး ဒါပေမယ့် မစ္စတာကင်းတားနား အပြန်မှာ ပြောသွားတွေကိုတော့ သဘောကျတယ်။ ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ သဘောထား တွေလို့ပြောဆိုပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တာနားဟာ ရန်ကုန်က ပြန်မထွက်ခွာခင် ရန်ကုန်လေဆိပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ " စစ်အစိုးရ အနေနှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးမည့် အရိပ်အယောင် မတွေ့ရသေးကြောင်း ဒါကြောင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဟာ တရားမျှတ၊ လွတ်လပ်မည့် အနေအထား မတွေ့မြင်ရကြောင်း၊ လူ့အခွင့် အရေးကို လေးစားလိုက်နာမည့် အခြေအနေမတွေ့ရှိရကြောင်း မြန်မာနိုင်ငံ၏ လူ့အခွင့် အရေး အခြေ အနေများ ဆက်လက်ဆိုးရွား နေဆဲ ဖြစ်ကြောင်း" ပြောဆိုသွားပါတယ်။

" နောက်တစ်ခုပြောတာကတော့ အဖွဲ့ချုပ်(ဒု)ဥက္ကဋ္ဌ အန်ကယ်ဦးတင်ဦး နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီး အဖွဲ့ချုပ်မှာ နေ့စဉ် တာဝန်ထမ်းဆောင်နေတာ ကြားရလို့ အထူးဝမ်းသာတယ်။ နောက်နိုင်ငံရေး ခံယူချက်နဲ့ ပတ်သတ်ပြီး မီဒီယာတွေမှာ ကြားနေရတဲ့ အတွက်လည်းဝမ်းသာတယ် .. ကျေးဇူးလည်းတင်ကြောင်း အန်ကယ်ဦးတင်ဦးကို ပြောပေးပါဆိုလို့ အန်ကယ်ဒီနေ့ပဲ ချက်ချင်းသွားပြော ပေးပါတယ်။ အန်ကယ်ဦးတင်ဦးလည်းကျန်းမာပါတယ်.. ဒါပေမယ့် နှလုံးသိပ်မကောင်းတဲ့ အတွက် ဆရာဝန်နဲ့ တော့ ပြနေရတော့ရှိပါတယ်။ "

" နောက်ဆုံးတစ်ခု အနေနဲ့ကတော့ အခုအဖွဲ့ချုပ် CEC တိုးချဲ့ဖွဲ့စည်းတာနဲ့ ပတ်သတ်ပြီး အားရကျေနပ်ကြောင်းနဲ့ နောက်အခုလက်ရှိ အဖွဲ့ချုပ်က လုပ်နေတဲ့ ပြည်နယ်နဲ့တိုင်းတွေပါဝင်တဲ့ CECနဲ့ CC ရွေးချယ်နေတာနဲ့ ပတ်သတ်ပြီး ကြားရတဲ့ အတွက်ကျေနပ်အားရတယ်။ ပြင်းပြင်းထန်ထန် အကြေအလည် ဆွေးနွေးပြီး ကြေလည်မှုတွေ ရရှိတဲ့အတွက် ဝမ်းသာကြောင်း ပြောပါတယ်။ အဲ့ဒီအစည်းအဝေးက မနက်ဖြန်မှာ ပြီးပါမယ်။ နောက်ပါတီ ကိစ္စတွေလည်း ပြောဖြစ်ပါတယ်.. ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါတယ်။ နေအိမ်ကတော့ တပိုင်းတစ အခြေအနေအတိုင်းပေါ့ မျက်နှာကျက်တွေ ၊ ရေချိုးခန်းတွေက အစအကုန်ဖြုတ်လက်စ တန်းလန်းအတိုင်းပါပဲ။ မိုးရွာရင်တော့ အဆင်ပြေမယ့်ပုံ မပေါ်ဘူးပေါ့ "ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့နှစ်မေလက အမေရိကန်နိုင်ငံသား မစ္စတာယက်တော နေအိမ်ကို တိတ်တဆိတ် ဝင်ရောက်ခဲ့မှုနဲ့ ပတ်သတ်ပြီး မတရားအမှုစီရင်ချက ချမှတ်ခြင်းခံခဲ့ရပြီး။ ပျက်ဆီးယိုယွင်းနေတဲ့ နေအိမ်ကို ပြန်လည်ပြင်ဆင်ခွင့် ရပြီး ပြန်လည်ပြင်ဆင်နေချိန်မှာပဲ အကိုဖြစ်သူ အမေရိကန်နိုင်ငံသား ဦးအောင်ဆန်းဦးရဲ့ ကန့်ကွက်မှုကြောင့် တပိုင်းတစနဲ့ ရပ်တန့်ပြီး အမှုရင်ဆိုင်နေရပါတယ်။

သတင်း..ဒီမိုဝေယံ