ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

(Refugee) ပွဲတော်ကျင်းပနိုင်ရေးအစည်းအဝေးဖိတ်ကြားခြင်း..

BURMA DAY (ယာယီအမည်ဖြစ်ပါသည်) Refugee ပွဲတော်ကျင်းပနိုင်ရေးအစည်းအဝေးဖိတ်ကြားခြင်း။

ညီအကိုတော် ဒီမိုကရေစီရေးအဖွဲ့ အစည်းများခင်ဗျား-

Refugee International (Japan ) မှ BURMA DAY(ယာယီ) အမည်ဖြင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား ဒုက္ခသည်များကို ကိုယ်စားပြုသော ဒုက္ခသည်ဆိုင်ရာ ပွဲတော်တစ်ခုကျင်းပ လိုပါကြောင်း အဆိုပြုလာပါသည်။ အဆိုပါပွဲတော်တွင် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ ကိုထင်ဟပ်စေရန်၎င်း၊ သက်ဆိုင်ရာဒေသအလိုက် စစ်အာဏာရှင်တို့၏ ဖိနှိပ်ချုပ်ချယ်မှုများကို ထင်ဟပ်စေရန်၎င်း၊ သက်ဆိုင်ရာ ဒေသအလိုက် သရုပ်ဖော်ပွဲများ၊ ပြခန်းများ ၊ ဆိုင်ခန်းများအစရှိသည်ဖြင့် သိုက်မြိုက်စည်ကားစွာ ကျင်းပပြုလုပ်နိင်ရန်မှာ ဂျပန်နိုင်ငံရှိ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများနှင့် မြန်မာ့ဒီမိုကရေစီရေး အဖွဲ့အစည်းများ၏ စုပေါင်းဦးဆောင်မှုသည် အဓိကပဓါနကျသည့် အတွက် အဆိုပါပွဲတော်ကို အနှစ်သာရပြည့်ဝစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်တော်များ တက်ရောက် ဆွေးနွေးပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ ရက်-၀၆-ဖေဖော်ဝါရီ-၂၀၁၀(စနေနေ့ )
နေရာ -ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ (AUN)ရုံးခန်း
အချိန်-မွန်းလွဲ (၁) နာရီ မှ ညနေ(၄) နာရီ
လေးစားစွာဖြင့်-
မြန်မာနိုင်ငံသားအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(ဂျပန်ပြည်)-FWUBC


ပေးပို့လာသူ KO PHONE HLAING ဒုဥက္ကဋ္ဌ(၂) မြန်မာနိုင်ငံသားအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(ဂျပန်ပြည်)