ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြပွဲ..(ဂျပန်နိုင်ငံ)

ကိုမင်းကိုနိုင်နှင့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ



ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲကို..ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိနာဂါဝအရပ်ရှိ နအဖ စစ်အခွန်ရုံး ရှေ့၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားသို့ အဖွဲ့အစည်းအသီးသီးမှ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူ ၈၀ကျော်ခန့် တက်ရောက်ခဲ့ကြပါတယ်။ ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲကို ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ စတင်အဖမ်းခံရသည့် နေ့ဖြစ်တဲ့ လစဉ်(၂၁)ရက်နေ့တိုင်း ပြုလုပ်ခြင်းဖြစ်ပါသည်။ ကိုမင်းကိုနိုင်နှင့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များသည် ၂၀၀၇ ခုနှစ် လောင်စာဆီဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြပွဲတွင် ဦးဆောင်ခဲ့မှုဖြင့် ထောင်ဒဏ် ၆၅ နှစ်စီ မတရား ချမှတ်ခံထားရပြီး ရာသီဥတုဆိုးရွားပြီး ဝေးလံသည့် နယ်အကျဉ်းထောင်များသို့ ပို့ဆောင်ခြင်းခံနေရပါတယ်။