ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဒု)ဥက္ကဋ္ဌသူရဦးတင်ဦးပြန်လည်လွတ်မြောက်ပြီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝတ်စုံအပြည့်ဖြင့် ဖြေကြားနေသော ဘဘဦးတင်ဦး(ဓာတ်ပုံ.. ရိုက်တာ)

နေအိမ်အကျယ်ချုပ် ချထားခြင်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု)ဥက္ကဋ္ဌ သူရဦးတင်ဦး ဒီနေ့ည ၈နာရီကျော်က ပြန်လည်လွတ်မြောက် လာပြီဖြစ်ကြောင်းသိရှိရပါတယ်.. ၂၀၀၃ခုနှစ် မေလ ၃၀ ဒီပဲယင်းနိုင်ငံတော်လုပ်ကြံမှုကြီး အပြီး (၇)နှစ်နီးပါးခန့် အထိန်းသိမ်းခံခဲ့ရပြီး ယနေ့နေအိမ် အကျယ်ချုပ် (၆)နှစ်မြောက်နေ့မှာ ပြန်လည်လွတ်မြောက် လာခြင်းဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု)ဥက္ကဋ္ဌ သူရဦးတင်ဦး ပြန်လည်လွတ်မြောက်လာတာနဲ့ ပတ်သတ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲရဲ့ ဥက္ကဋ္ဌ တစ်ဦးလည်းဖြစ်ပြီး ဘဘဦးတင်ဦးရဲ့ သားဖြစ်သူ ကိုသန့်ဇင်ဦးမှ ပြောဆိုရာမှာတော့ " လွတ်ရက်စေ့တဲ့အချိန်မှာ ပြန်လွတ်ပေးတဲ့အတွက် ဝမ်းသာပါတယ်။ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် အရေးကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေး အကျဉ်းသားတွေအားလုံးကို အမြန်ဆုံးပြန်လည် လွတ်ပေးစေလိုပါတယ် "ဟုပြောဆိုသွားပါတယ်....
ဘဘဦးတင်ဦး ပထမဆုံးအသံဖိုင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု)ဥက္ကဋ္ဌ သူရဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း နိုင်ငံတော်လုပ်ကြံပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်း ကလေးထောင်၌ ၁နှစ်ခန့်ထိန်သိမ်းခံခဲ့ရပြီး နေအိမ်အကျယ်ချုပ်ဖြင့် ဆက်တိုက်ထိန်းသိမ်းခြင်းခံခဲ့ရတယ်။ ပြန်လည်လွတ်မြောက် လာချိန်၌ရွှေဂုံတိုင် ကြေငြာချက် ကိုဆက်လက်ထောက်ခံသွားပြီး အဖွဲ့ချုပ်လုပ်ငန်းများကို ဆက်လက်လုပ်ကိုင် ဆောင်ရွက်သွားမည်ဟုပြောဆိုပါသည်။