ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(ဒု)ဥက္ကဋ္ဌ သူရဦးတင်ဦးအား ဇိုမီးအမျိုးသားကွန်ဂရက်မှ ချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာ.။

မှတ်တမ်

ဦးပူကျင့်ရှင်းထန်မှ ဘဘဦးတင်ဦးအား အမျိုးသားပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆု ချီးမြှင့်နေစဉ်

" ပြည်သူလူထု လွတ်ငြိမ်းချမ်းသာခွင့်ရဖို့၊ ပြည်သူလူထုအတွက် ဒီမိုကရေစီရဖို့နဲ့ ဒီမိုကရေစီတိုက်ပွဲ အောင်မြင်ဖို့ လုပ်နေတဲ့အတွက်ကြောင့် သူ့ကို အမျိုးသားပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆု ပေးတာ ဖြစ်ပါတယ်” ဟု UNAထဲမှ အဖွဲ့အစည်းတခုဖြစ်သည့် ဇိုမီးအမျိုးသားကွန်ဂရက် ZNC ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်က ပြောပါသည်။ ကျနော်တို့ ချင်းပြည်နယ်ကိုလာပြီးအပြန် ဒီပဲယင်းမှာ အရိုက်ခံရတယ်။ အခုလို အရိုက်ခံရပြီးတော့ ပထမဦးဆုံး အင်းစိန်ထောင်မှာ မပို့ဘဲ ကလေးထောင်မှာ (၈)လလောက် ကျတယ်။ ဦးတင်ဦးကို ကျနော်တို့ ချင်းပြည်သူတွေက အသည်းစွဲ ဖြစ်နေတယ်။ အဲဒီအတွက် ဤဆုကိုဦးတင်ဦးအားပေးရခြင်း ဖြစ်တယ်” ဟု ဦးပူကျင့်ရှင်းထန်က ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌသူရဦးတင်ဦးမှ ဇိုမီးအမျိုးသားကွန်ဂရက် (ZNC) သို့ ကျေးဇူးတင် စကား ပြောကြားရာမှာ ........ " အမှန်ကတော့ဗျာ၊ ဒီလောက် သူရဲကောင်းလည်း မဟုတ်သေးပါဘူးဗျာ။ တကယ်တမ်း ပြောရလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်တို့ ခေါင်းဆောင်ပြီး သွားတဲ့အခါမှာ ကျနော်ရဲ့ လုပ်ကိုင်ဖူးတဲ့ အတွေ့အကြုံတွေအရ ဒေါ်အောင်ဆန်းစုကြည်ကိုကူညီဖို့ပဲ ပါလာတဲ့သူပါ” ဟု ပြောပါသည်။


“ချင်းတိုင်းရင်းသားများထဲက ပေးတာဆိုတော့ ကျေးဇူးတင်တယ်။ ဝမ်းသာတယ်။ သူတို့ရဲ့ နိုင်ငံရေးမျှော်မှန်းချက်၊ ရည်ရွယ်ချက်တွေကို တတ်နိုင်သမျှ ကူညီဖြေရှင်းပေးမယ်ဆိုတဲ့ သဘောဆောင်တယ်။ တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်နဲ့ ယုံကြည်မှုရမှာသာ ဒီနိုင်ငံတော်ကြီးဟာ ပြည်ထောင်စုနိုင်ငံတော် ထူထောင်နိုင်မှာပါ။ တိုင်းရင်းသားပေါင်းစုံ တဖက်နဲ့ တဖက် ယုံကြည်စိတ်ချစွာ ပါဝင်ပြီး ပေါင်းစပ်တဲ့ နိုင်ငံတော်ကြီးဖြစ်အောင် တစိတ်တဒေသအားဖြင့် ကူညီနိုင်ဖို့ စိတ်ကူးပါတယ်” ဟုပြောကြားခဲ့ပါသည်.။
ပေးပို့လာသူ မြတ်လေးငုံ....