ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

တောင်ဒဂုံမြို့နယ်မှ ရာဇ၀တ်မှုများအကြောင်း... (တိုင်ကြားစာ)

ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် (မူလတန်း၊ ပထမတန်း၊ ဒုတိယတန်း) စသည့် ငါးနှစ်နှင့် ဆယ်နှစ်ကြား ကလေးငယ်များ မကြာခဏ ပျောက်ဆုံးလျှက်ရှိပြီး ခန့်မှန်းခြေအရ အယောက်(၅၀) ၀န်းကျင်နီးပါး ရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်။

ခိုးမှုများနေ့စဉ်လိုလို ဖြစ်ပေါ်လျှက်ရှိပြီး သက်ဆိုင်ရာသို့ တိုင်ကြား ကြရာတွင်လည်း ထိထိရောက်ရောက် လုပ်ဆောင်ပေးခြင်း မရှိသည့်အပြင် နီးစပ်ရာမှ ဆက်သော ဖုန်းများကိုပါ ပိတ်ထားကြသည်။ ၁၂ . ၁၀ . ၂၀၁၁ တွင်လည်း တောင်ဒဂုံ ဂိတ်ဟောင်းမှတ်တိုင် အနီးဖုန်းနှင့် ဆက်စပ်ပစ္စည်း ဆိုင်တစ်ဆိုင်တွင် ဖောက်ထွင်းမှုဖြစ်ပွားရာ ကာလတန်ဖိုး ကျပ်သိန်းသုံးဆယ်ကျော် ဆုံးရှုံးခဲ့သည်။ သို့ရာတွင် အထက်တွင်ဖော်ပြထားသည့်အတိုင်း ဘာမှထူးမလာပေ။ ဆိုင်ဖွင့်ထားသူ တော်တော်များများအနေဖြင့် အခကြေးငွေဖြင့် လုံခြုံရေး ငှားရမ်းထားကြရပြီး အများစုမှာ တော်တော် စိုးရိမ်ထိတ်လန့် နေကြရသည်။
လူတဦး၊ ပုဂ္ဂိုလ်တစ်ယောက် အတွက် ဤသို့စွမ်းစွမ်းတမံ ဆောင်ရွက်ကြသည်.. 
အများပြည်သူ အတွက်ကတော့ စားရိတ်မျှပေး လုံခြုံရေး ဆိုလေမလား..
တစ်ခါတစ်ရံ တွင် ပတ်တရောင် လှည့်သော ရဲကား တစ်စီးတလေကို တွေ့ရတတ်သော်လည်း အရက်များ သောက်ထားကြခြင်း၊ အိပ်ပျော်နေကြခြင်း တို့ကြောင့် အကူအညီမရသည့်အပြင် ၎င်းတို့အနီးတွင် စကားကျယ်ကျယ်တောင် မပြောရဲကြပါ...။ ထို့ကြောင့် ထိုအဖြစ်အပျက်များကို သတိထားကြနိုင်ရန်နှင့် စီမံချက်ဆိုပြီး အရေးပေါ် ဆောင်ရွက်နေမည့်အစား မိမိတို့တာဝန်များအား အရင်ဦးဆုံး ကျေပွန်ကြစေရန် တိုက်တွန်း လိုက်ရပါကြောင်း.....

ဇီဝိတ