ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

BG သွေးကူညီပေးရေးအဖွဲ့၏ ကိုမင်းကိုနိုင်မွေးနေ့နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး သွေးလှူဒါန်းပွဲ... (ဓါတ်ပုံ)

ကျွန်တော်တို့ BG သွေးကူညီပေးရေး အဖွဲ့သည် အမေ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် သွေးလှုဒါန်းပွဲ ပြုလုပ်ခဲ့သည်မှာ အောင်မြင်ခဲ့သည် အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရပါသည်။ 

မကြာမီ ကျရောက်တော့မည် ဖြစ်တဲ့ ကိုမင်းကိုနိုင်မွေးနေ့ အထိမ်းအမှအတွက်နဲ့ ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်ရေး အတွက်ရည်မှန်းပြီး ၁၅.၁၀.၂၀၁၁ မနက်၁၀း၀၀ မှစတင်ပြီး ကျွန်တော် BG သွေးကူညီပေးရေး အဖွဲ့ဝင်များပာာ စံပြဆေးရုံမှာ စတင်လှုဒါန်းပြီး နေ့လည် ၁၂း၀၀ အထိ သတင်းရရှိချက်မှာ ၁၃လုံး လှုဒါန်းပြီးသွားပြီပာု ကြားသိရပါသည်။ အခြားဆေးရုံများတွင်လည်း ဆက်လက် သွေးလှုဒါန်း နေကြောင်းသိရပါတယ်..။ သတင်းများဆက်လက် ဖော်ပြပါဦးမည်..

BG သွေးအကူအညီပေးရေးအဖွဲ့...

သွေးလှူဒါန်းမည့်သူများ ဆက်သွယ်ရန်

ကိုညီညီ 09-49328055
ကိုလင်းထက် 09-73125885
ကိုသီဟန် 09-49308433
ဒေါ်သီတာဝင်းအောင် 01-396476
မယဉ်ယဉ်ထိုက် 09-73170165
မဥမ္မာဝင်း 09-73079792
ကိုအောင်စိုးလွင် 09-43038808