ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဒုတိယအကြိမ်မြောက် အညတရသူရဲကောင်းဆုရှင် (၅) ဦး၏ အမည်စာရင်းပါ သတင်းထုတ်ပြန်ချက်နှင့် အဘဦးဝင်းတင်ရဲ့ အညတြသူရဲကောင်း (၅)ဦး ကဗျာရှင် (ထွန်းဝေ တိုကျို)



ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်း(၁)ရက်နေ့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ချီးမြှင်ခဲ့တဲ့ ပထမအကြိမ်မြောက် အညတြ သူရဲကောင်းအဖြစ် ရွေးချယ်ခံရတဲ့ ပုဂ္ဂိုလ်(၃) ဦးကတော့ ဆရာတော်ဦးဣန္ဒက၊ ဘိုးတော်ခေါ် ဦးခင်ဝင်းနဲ့ ကိုသန်းနိုင်တို့ ဖြစ်ပါတယ်။ (ကိုယ်ရေးအကျဉ်း ပြန်ဖတ်ချင်ရင်)
ကိုမင်းထက်ဇော်အား ကျေးဇူးတင်ပါသည်...။

အဘဦးဝင်းတင်ရဲ့ အညတြသူရဲကောင်း (၅)ဦး 
ကဗျာရှင် (ထွန်းဝေ တိုကျို)
ငါဟဲ့ သူရဲကောင်းလား၊
သင်တို့ ၅ဦး မြင့်မြတ်ကြတယ်။
ပေးဆပ်ရဲတာ ကမ္ဘာကသိ
စစ်ဖိနပ်အောက် ဒူးမထောက်ဘဲ
တိုက်ပွဲဝင်ကာ မော်ကွန်းတင်မည်။

အညတရဟူသည် ပကာသန မစွက်
ကိုယ်ကျိုး မဖက်ဘဲ
ပလန်ဘဲလက်လက် ပက်လက်ပဲလန်လန်
လောကဓံကို တွန်းလှန်ဖယ်ရှား
အရှုံးပေးမသွားဘဲ ဇွဲနဲ့ တိုက်မယ်။

ခါးတောင်း မြဲမြဲကျိုက်ပြီး
အောင်ပွဲဆိုက်တဲ့အထိ
သတ္တိရှိရှိ ကိုယ်ထိလက်ရောက်
တိုက်နေသူကို ဂုဏ်ပြုပါ၏။

သူရဲကောင်းဟူသည်
တည်ကြည်စိတ်ထား ပြတ်သားရမည်။
မတရားတာကို မတရားဘူးလို့
ကျားကျားရားရား ပြတ်ပြတ်သားသား
ပြောကြားရဲ ထောက်ပြရဲတာ
သူရဲကောင်းပါ။

မမှန်တာကို မမှန်ဘူးလို့
တူးတူးခါးခါး ထူးထူးခြားခြား
ဝိုးမ၀ါးဘဲ ပြောကြားရဲ
ထုတ်ဖေါ်ရဲတာ သူရဲကောင်းပါ။

ငါတို့ပြည်သား သူရဲကောင်းများဖြစ်ဖို့
မဆုတ်မနစ် အားမာန်သစ်နှင့်
အပြစ်ကို အပြစ်ပြော
အစစ်ကို အတုမပြော။

အဖြစ်မှန်ကို မမှောက်မလှန်
ထောက်ခံရဲသလို
အပြစ်ကိုလဲ အပြစ်အမှန်
မထောက်ခံဘဲ မှောက်လန်ရဲရမည်။

သဘောတည်ကြည် အပြောညီညီနှင့်
တိုင်းပြည်နှင့်လူမျိုး ကောင်းကျိုးအတွက်
အသက်ကိုပင်ပေးလှူ
ရဲရင့်သူကိုသာ ပြည်သူတွေရဲ့
အသဲကျော် သူရဲကောင်းခေါ်မှာ။

မပေါ်လွင် မထင်ရှား မကျော်ကြားလေသော
လူတောက အညတရ အပမွှား
သူရဲကောင်းများကို အမြင်မစောင်းဘဲ
ဂျပန်ကရဲဘော်များက အသွင်ပြောင်းလာအောင်
သူရဲကောင်းများကို ရေလောင်းပျိုးထောင် ပေးကြပါစို့။

ထွန်းဝေ တိုကျို 
မနက် ၃.၁၄မိနစ် ၂၀၁၁