ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကော့သောင်းကမ်းလွန်ပြင်မှသည် စင်ကာပူနိုင်ငံဆီသို့..... (အပိုင်း ၂)


 စင်ကာပူနိုင်ငံမှ သဲစုပ်ရေယာဉ်များ၏ မဆင်မခြင် သဲစုပ်ယူနေမှုကြောင့် ကော့သောင်း ဝန်းကျင်ကျေးရွာတွေမှာ ဤသို့ ကမ်းခြေနိမ့်ကျမှုများနှင့် အပျက်အစီးများ ကြုံတွေ့နေရပြီး... အောက်မှာတော့.. မြင်ရတဲ့ အတိုင်း...
စင်ကာပူနိုင်ငံရဲ့ တိုးချဲ့ကျွန်းမြေပေါ်မှာတော့ မြန်မာပြည်မှ သဲများအား သဲသင်္ဘောကြီးမှ သဲတင်လာပြီး ရေပြင်ထဲ လိုက်ဖြည့်နေသော သင်္ဘောငယ် တစ်စီးပုံကို တွေ့မြင်ရမှာပါ...  ကိုယ့်မြေပေါ်မှာ ပြည်သူတွေ ပျက်စီးဆုံးရှုံးမှုတွေကို မည်သူကို တိုင်တန်းရမှန်း မသိ၊ အရေးယူ ဆောင်ရွက်ပေးသူ မရှိနဲ့ ကြုံတွေ့နေရချိန်မှာ စင်ကာပူ နိုင်ငံမှာတော့ အဆောက်အဦးတွေ တည်ဆောက်ဖို့ အတွက် ကိုယ့်မြေမှ သဲများနဲ့ ပင်လယ်ကို မြေဖို့နေပါပြီ..။  ဦးနှောက် ယိုစီးမှု၊ လုပ်အား ယိုစီးမှု၊ ရွှေ့ပြောင်းအလုပ်သမားတွေ အပြင်၊ ရွှေ့ပြောင်း သက်မဲ့ကျွန်းတွေလို့ ခေါ်ဆိုနိုင်မလားပဲ..။ ကိုယ့်မြေ ကိုယ့်ပြည်မှာ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ကြုံ့တွေ့နေရ... ကိုယ့်ဆီမှာ အပျက်တရား၊ တိုင်းတပါးမှာတော့  မြင်ရတဲ့ အတိုင်း အဖြစ်တရားပေါ့။ မြန်မာပြည်က အာဏာပိုင်ဆိုသူတွေ လုပ်ရပ် တရားပါသလား...
 jurong ကျွန်းမြေပုံ
တည်ဆောက်နေဆဲ ပြမြေပုံ..
 ၁မိုင်ကျော်ပတ်လည် သဲဖြည့်ရန် ကျန်နေသေးသော နေရာ
 ၁၂.၀၉.၂၀၁၁ မှာ ကုန်ချနေသော သဲသင်္ဘောကြီး HEILAN STAR
၁၂.၀၉.၂၀၁၁ မှာ ကုန်ချပြီး မြန်မာပြည်ကို ထွက်ခွာရန် ရေကြောင်းပြ စောင့်နေသော သဲသင်္ဘောကြီး  SERENITY I
၁၃.၀၉.၂၀၁၁ ၌ ကုန်ချနေသော HEILAN STAR နှင့် SIN OCEAN သဲသင်္ဘောကြီး ၂-စီး
 ၂၅.၀၉.၂၀၁၁ မှာ  စင်ကာပူကို ရောက်ရှိလာပြီး သဲချနေသော PAULOWNIA သဘောင်္ကြီး
၂၆.၀၉.၂၀၁၁၌ သဲများချပြီး ပြန်လည်ထွက်ခွာရန် ရေကြောင်းပြ စောင့်နေသော သဲတင်သင်္ဘော  Star Zeta .. ကုန်တန်ချိန် ၅၀၀၀၀ကျော် တင်နိုင်တဲ့ အဆိုပါ သင်္ဘောကြီးများ  ၁လကို ၂ခေါက် ၃ခေါက် မြန်မာပြည်မှ ဝင်ပါတယ်....။ (ဓာတ်ပုံ ပြည်သူ့သတင်းထောက်)
 ၂၀၀၇ မှာ ဆီဈေးထိုးတက်အပြီး ၂၀၀၈၊ ၂၀၀၉၊ ၂၀၁၀ မှာ အပြိုင်အရိုင်းနှင့် တည်ဆောက်ပြီးသွားတဲ့  စင်ကာပူ တိုးချဲ့ကျွန်း Jurong Isalnd (ကော့သောင်းသဲကျွန်းလို့ ခေါ်လေမလား) ပေါ်က ဆီလှောင်ကန်များ...
 HAM 318 သဲစုပ်သင်္ဘောမှ မှုတ်တင်ပေးထားသော သဲများကို ကုန်းတွင်းပိုင်း ဆောက်လုပ်ရေးခွင်သို့ ကုန်တင်ကားများဖြင့် ပြောင်းရွှေ.နေစဉ်...
၂၀၀၉ခုနှစ်မှာ တိုးချဲ.မြေပေါ်၌ တည်ဆောက် ပြီးစီသွားတဲ့ ဆီလှောင်ကန်များ နှင်.  ယနေ. (၈.၉.၁၁) မှာ တိုးချဲ့မြေပေါ်၌ဆောက်နေသော ဆီလှောင်ကန်မြင်ကွင်းတခု...

ယခင် နအဖလက်ထက်၌ တိုင်းပြည်ရဲ့ သယံဇာတများနဲ့ သဘာဝရင်းမြစ်များအား မြန်မာပြည် မြောက်ဘက်စွန်း ကချင်ပြည်နယ် မြစ်ဆုံမှ အမိဧရာဝတီမြစ်ကြီးအား လက်ညှိုးထိုး ရောင်းစားခဲ့သလို တောင်ဘက်စွန်း ကော့သောင်းမြို့မှ သဲပါမချန် ရောင်းစားခဲ့ကြတာပါ...။ အရှေ့တောင် အာရှနိုင်ငံများမှ စင်ကာပူနိုင်ငံရဲ့ ကျွန်းမြေချဲ့ထွင်မှုအား ကန့်ကွက်သည့် အနေဖြင့် သဲရောင်းချမှုအား ပိတ်ပင်တားဆီး ခဲ့သော်လည်း မြန်မာပြည်မှ အင်မတန် အဖိုးနှုန်းချိုသာသော ဈေးနှုန်းနဲ့ ဆက်လက်ဝယ်ခဲ့ပါတယ်....။ တလတလ အတိုင်းအဆ မည်မျှ ပမာဏအား ရောင်းချနေသည် မသိရသော်လည်း ကုန်တန်ချိန် ၅သောင်းကျော် တင်နိုင်တဲ့ သဘောင်္ကြီးများ စင်ကာပူသို့ လစဉ် ၂ခေါက် ၃ခေါက်ခန့် ဝင်ရောက်နေတဲ့ အကြောင်းကို စင်ကာပူနိုင်ငံရောက် တာဝန်သိ မျိုးချစ်မြန်မာ တစ်ဦးမှ အထောက်အထားများနဲ့ ပေးပို့လာပါတယ်.။

အဆိုပါ စင်ကာပူနိုင်ငံမှ သဲတင် သဘောင်္များရဲ့ ယခင် ကမ်းလွန်ပင်လယ်ပြင်မှ ယခုကမ်းခြေ အနီး ၁၀ဖာလုံခန့် အကွာထိ လာရောက် စုပ်ယူနေတဲ့ အတွက် ကမ်းပါးပြိုမှု၊ သဲသောင်ပျက်စီးမှု၊ သဲခုံများ လျော့ကျခြင်းနှင့် ပြိုကျခြင်းများကို ဆိုးဆိုးရွားရွား ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်...။ 
 အပျက်အစီးများနဲ့ ကြုံတွေ့နေရတဲ့ ပုလုံးတုံးတုံးကျွန်း (ဓာတ်ပုံ ဒီမိုဝေယံ)
(၆.၉.၂၀၁၁) တွင် သမ္မတ ဆီသို့လိပ်မူကာ သက်ဆိုင်ရာ တိုင်းဝန်ကြီးချုပ်၊ ခရိုင်အုပ်ချုပ်ရေးမှုး၊ မြို့နယ်အုပ်ချုပ်ရေးမှုး၊ စစ်ဗျူဟာနှင့် သက်ဆိုင်ရာ ဌာန အသီးသီးသို့ စကာင်္ပူနိုင်ငံမှ ဧရာမ သဲစုပ်သင်္ဘောကြီးများ ကော့သောင်းမြို့နှင့် အလွန်နီးကပ်စွာ သဲစုပ်ယူနေမှုကြောင့် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်ရှိ ရပ်ကွက်အချို့တွင် ကမ်းပါးပြိုမှုများ ငါးနှင့်၊ ပုဇွန်များ ရှားပါးနေသည့် အပေါ် အရေးယူ ဆောင်ရွက်ပေးပါရန် စာရေးသားပေးပို့ တိုက်တွန်း နိုးဆော်ထားသော်လည်း ယုခုထက်ထိ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသည့် အပြင် နောက်ထပ် သဲတင်သဘောင်္ကြီး (၂) စီးပင်ထပ်တိုး စုပ်ယူ လာနေတယ်လို့ ဆိုပါတယ်..။ (ကော့သောင်းအဖွဲ့ချုပ်)

အချုပ်အားဖြင့် ဆိုရသော် မိမိတိုင်းသူပြည်သား လူအများ၏ အကျိုး၊ သဘာဝရင်းမြစ်များ ပျက်ဆီး ဆုံးရှုံးနေမှုဆိုးကျိုး၊ ဂေဟစံနစ်များပျက်စီးနေရသည့် ဆိုးကျိုး၊ အသက်အိုးအိမ် စည်းစိမ်ဆုံးရှူံးမှုဆိုးကျိုး၊ အစရှိသည့်ဆိုးကျိုး အပေါင်းကို လျစ်လျူရှုကာ တိုင်းတပါးအတွက် သဲပါမချန်ရောင်းစားနေတဲ့ အာဏာပိုင်များ၏ လုပ်ရပ်အား အများပြည်သူသိရှိစေရန် ရေးသားတင်ပြလိုက်ရပါတယ်...။

ဒီမိုဝေယံ..

သတင်း၊ ဓာတ်ပုံများအား ဆက်လက်ဖော်ပြပေးပါမယ်..။

ဓာတ်ပုံများအတွက် ကော့သောင်း(NLD)နဲ့ စင်ကာပူရောက် ပြည်သူ့သတင်းထောက်အား  ကျေးဇူးတင်ပါသည်...။
ယခင်သတင်းများ မြစ်ဆုံမှသည် ကော့သောင်းဆီသို့ Click)
ကော့သောင်း အိမ်နဲ့ ကမ်းပါးပြိုမှု သတင်း Click
ကော့သောင်းကမ်းလွန်ပြင်မှသည် စင်ကာပူနိုင်ငံဆီသို့..... (အပိုင်း ၁) Click