ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဒီကနေ့မှာ ကျရောက်တဲ့ (၄၉)နှစ်ပြည့် ကိုမင်းကိုနိုင်မွေးနေ့ အမှတ်တရ (ရုပ်သံ၊ ကဗျာများ)

သံမဏိစိတ်ဓာတ်နဲ့ အနုပညာနုလုံးသားပိုင်ရှင် ကိုမင်းကိုနိုင်ရဲ့ ငယ်ဘဝပုံရိပ်တခု... (ဓာတ်ပုံ ကိုဇေလတ်)



ရုပ်သံ Burma VJ Media မှကူးယူဖော်ပြသည်။
ကျွန်တော်တို့ အမြဲအလေးထားရတဲ၊့ ကိုမင်းကိုနိုင် မကြာခင်မှာ ပြန်လည်လွတ်မြောက် လာတော့မယ်လို့ ယုံကြည်မျှော်လင့်ရင်း ကိုမင်းကိုနိုင်ရဲ့ (၄၉)နှစ်ပြည့် မွေးနေ့မှာ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေကြောင် ဆုမွန်ကောင်း တောင်းလိုက်ပါတယ်.။  ကိုမင်းကိုနိုင်နဲ့ ကျောင်းသားခေါင်းဆောင်များ အပါအဝင်၊ ယုံကြည်ချက် မတရားအကျဉ်းကျခံ နိုင်ငံရေး အကျဉ်းသားများ ပြန်လည်လွတ်မြောက်လာမယ့် ကြယ်တွေစုံပြီး ပြိုင်တူလင်းမယ့် ကောင်းကင်ကို ကျွန်တော်တို့ ပြည်သူတွေ ပြုံးပန်းဆင်ပြီး မြင်တွေ့နိုင်တော့မယ်လို့ ယုံကြည်မိပါတယ်...။ ကိုမင်းကိုနိုင် အမြန်လွတ်မြောက်ပါစေ.....

ဒီမိုဝေယံ

ကိုမင်းကိုနိုင်ရဲ့ ၄၉နှစ်ပြည့် မွေးနေ့ အမှတ်တရ အဖြစ် ကဗျာရှင်များ ဖြစ်ကြတဲ့ကိုဗလိုင် ဒိန်းမတ်ရဲ့ (ပေးဆပ်သူရဲ့ မြင့်မြတ်တဲ့နှလုံးသား)၊ ကိုကိုအောင် ဆန်ဖရန်စ္စကိုရဲ့ (ဒေါင်းတို့ပျော်စံရာ)၊ ကဗျာများအား အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်...။

(ပေးဆပ်သူရဲ့ မြင့်မြတ်တဲ့နှလုံးသား)
ကိုဗလိုင် ဒိန်းမတ်

တိုးမပွါးချင်နေ

ရိုးသားကြိုးစားရမှာက ငါ့တာဝန်...လို့

ခံယူထားတဲ့ မြင့်မြတ်သူတို့ရဲ့နှလုံးသား

ပေါ်ဦးဆီမှာရှိတယ်။

ကိုယ်ကျိုးမပါ အတ္တဗလာနဲ့

ဘဝကိုပေးဆပ်

ရဲရဲတောက် သံမဏိစိတ်ဓါတ်ပိုင်ရှင်

မင်းကိုနိုင်....

ကျောင်းနံရံတဝိုက်မှာ ဒေါင်းအလံပြန်စိုက်မယ့်

ရဲရဲတောက် သူ့ရဲ့ ကဗျာ၊

သမိုင်းတခေတ် အကောင်းအမှန်ပြောင်းဖို့

သမိုင်းရေးမယ့် သူ့ရဲ့လက်များ၊

အမှန်တရားကို ချစ်မြတ်နိုးတဲ့ သူ့ရဲ့စိတ်ဓါတ်၊

ကိုယ်ကျင့်တရားကို အသက်ထက်တန်ဖိုးထားတဲ့

မြင့်မြတ်တဲ့ သူ့ရဲ့နှလုံးသား၊

မကြောက်တရားကို ကျောပိုးထားတဲ့ သူ့ရဲ့ခံယူချက်၊

ယုံကြည်ချက်ကို မြဲမြဲဆုတ်ကိုင်ထားတဲ့ သံမဏိလူသား၊

ရည်ရွယ်ရာခရီးကို

မရောက်အရောက်လျှောက်လှမ်းမည့်ူသူ့ရဲ့ဦးတည်ချက်၊

ကမ္ဘာကုန်တည်သ၍ တည်စေမယ့်

သမိုင်းတွင်ရစ်ကျန်မယ့် သူ့ရဲ့လုပ်ရပ်၊

ဒါတွေအကုန်လုံးဟာ....ပေးဆပ်သူ မင်းကိုနိုင် (ခေါ်) ကိုပေါ်ဦးရဲ့

မြင့်မြတ်တဲ့ နှလုံးသားအစစ်အမှန်ဆိုတာတွေပဲ မဟုတ်ပါ....တကား။

(၄၉)နှစ်ပြည့် ကိုမင်းကိုနိုင်ရဲ့မွေးနေ့အား ဤကဗျာဖြင့် ဂုဏ်ပြုအပ်ပါသည်)

ဒေါင်းတို့ပျော်စံရာ..
ကိုကိုအောင် ဆန်ဖရန်စ္စကို