ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရွှေညဝါဆရာတော်ကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(မန္တလေးတိုင်း)ရုံးမှာ ဟောကြားခဲ့တဲ့ ညီညွတ်ရေး တရားတော်... (ရုပ်သံ)

၂၀၁၁ခုနှစ် စက်တင်ဘာလ ၁၅ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(မန္တလေးတိုင်း)ရုံးမှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနား၌ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးဆောင်ချုပ် (ကြည့်မြင်တိုင် သာဓုပရိယတ္တိ စာသင်တိုက်ကြီး၏ နာယကဆရာတော်) ဘဒ္ဒန္တ ပညာသီဟ (ရွှေည၀ါဆရာတော်)ကြီး ဟောကြားခဲ့တဲ့ ညီညွတ်ရေးတရားတော်.. ရုပ်သံဖိုင်...။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အခမ်းအနားသို့ အမှာစကား ဆက်သွယ် ပြောဆိုချက်ပါ ပါဝင်ပါတယ်..။

အမျိုးဘာသာ သာသနာအတွက်
ဘဝတစ်ခုလုံးထိုးကျွေးဖို့
ဘယ်တော့မှ ဝန်မလေးဘူး
ကြုံလာစမ်း၊ လောကဓံ
အညံ့မခံ အားမန်နဲ့
အမြဲတမ်းပဲ ရှင်သန်နေမယ်
မိုးပေါ်တက်မယ့် မီးပုံးပျံဆိုတာ
မှိုင်းဒဏ်လောက်တော့
ခံနိုင်ရမယ်....

ရွှေညဝါဆရာတော်...

တရားတော် (၃)ပိုင်း အစအဆုံး ဆက်တိုက် နာယူနိုင်ပါတယ်..။
ဗီဒီယိုဖိုင် အများကြည့်နိုင်အောင် ကူညီဖော်ပြပေးတဲ့ ညီငယ်ဇေယျာအား ကျေးဇူးတင်ပါသည်...