ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ခမရ (၃၂၁) လက်အောက်ခံ မို့ဘွမ်ရှေ့တန်းစခန်းမှ မတရားဖမ်းဆီး ခေါ်ဆောင်သွားခြင်းခံရတဲ့ ကချင်တိုင်းရင်းသူ ကလေးမိခင်တစ်ဦးအကြောင်း....

အမေပြန်အလာကို မျှော်နေရှာသည့် သမီးလေး လွမ်းနော၏ သနားစရာအဖြစ်

အစိုးရစစ်တပ်က နို့မဖြတ်ရသေးသည့် နို့စို့အရွယ်ကလေးမိခင် ကချင်အမျိုးသမီးတဦးအား ဖမ်းဆီး ထိန်းသိမ်းထားပြီး (၇)ရက်မြောက်သည့် တိုင်အောင် ပြန်လည်လွတ်မြောက်လာခြင်း မရှိသေး...

အခင်းဖြစ်သည့်အချိန်၊... ၊ ၂၀၁၁ခုနှစ်အောက်တိုဘာလ (၂၈)ရက်နေ့ ညနေ ၃နာရီကျော်
အခင်းဖြစ်သည့်နေရာ၊... ၊ မိုးမောက်မြို့နယ်။ လွယ်ဂျယ်မြို့နယ်ခွဲ၊ ခိုင်ဗန်ကျေးရွာ။ ဦးမရူဒေါင်လွမ်း. ပြောင်းဖူးခင်း၊

အဖမ်းခံရသည့်သူများ၊ 

(၁) ဒေါ်ဆွမ်လွတ်ရွယ်ဂျာ... အသက် (၂၈)နှစ်(ဦးဒေါင်လွမ်း.ဇနီး)
(၂) ဦးမရူဒေါင်လွမ်း- အသက် (၃၁)။ ဒေါ်ဆွမ်လွတ်ရွယ်ဂျာ.ခင်ပွန်း (၃) ဦးမရူဇေဒေါင် - အသက် (၇၀)နှစ် ဦးမရူဒေါင်လွမ်း.ဖခင်

အခင်းဖြစ်ပုံ၊ ၊ ၂၀၁၁ခုနှစ်။ အောက်တိုဘာလ (၂၈)ရက်နေ့က ဒေါ်ဆွမ်လွတ်ရွယ်ဂျာနှင့် အတူတကွ သူမ၏ ခင်ပွန်းဖြစ်သူ ဦးမရူဒေါင်လွမ်း။ သူမ.ယောက်ခထီး ဦးမရူဇေဒေါင်တို့သည် ခိုင်ဗန်ကျေးရွာအစွန်။ မို့ဘွမ်တောင်ခြေရှိ ၎င်းတို့ ပြောင်းဖူးခင်း ပြောင်းဖူးရိတ် နေရာသို့ တပ်မတော်စစ်သား(၃)ဦးရုတ် တရက်ရောက်ရှိလာပြီး သေနတ်နဲ့ ချိန်ရွယ်ကာ ဘာမှပြန်မပြောဖို့နဲ့ ခူး၍ထားသည့် ပြောင်းဖူးများကို သိမ်း ခိုင်းသည်၊ ထို့နောက် ၎င်းတို့ (၃)ယောက်အား ပြောင်းဖူးများ တောင်ထိပ်ရှိ စစ်တပ်သို့ လိုက်ထမ်းပို့ရန် ပြောသည်၊ ဦးမရူဇေဒေါင်နှင့်သူ့သား ဦးမရူဒေါင်လွမ်းတို့အား ကေအိုင်အေစစ်သား ဟုတ်မဟုတ် စစ်ဆေးမေးမြန်းသည်။ ဦးမရူဇေဒေါင်တို့ သားအဖမှလည်း မိမိတို့ KIA စစ်သားများ မဟုတ်ကြောင်း ပြန်ပြောဆိုသည်၊ အစ ပထမ ဦးမရူဇေဒေါင်တို့ သားအဖအား မချည်ပါ၊ ပြောင်းဖူးခင်း အစွန်နားရောက်တော့ ကေအိုင်အေ စစ်သားတွေ လုံခြုံရေးလာယူစဉ်က တူးသွားသည့် ကတုတ်ကျင်းကို တွေ့သည့်အခါ မင်းတို့ကအိုင်အေ ပြည်သူ့စစ်ပဲ ဟုဆိုကာ မာန်မဲသည်။ သတ်ပစ်မည်ဟု ပြောသည်။

ထို့နောက် သားအဖနှစ်ယောက်အား ပလိုင်းကြီးနှင့် အတူတူချည်သည်၊ ထိုနေရာ၌ နောက်ထပ်စစ်သား (၃)ဦးကစောင့်နေသည်၊ ထို့နောက်မို့ဘွမ်စစ်တပ် တောင်ကုန်းဘက်သို့ ထွက်လာရာလမ်းသို့ ဒေါ်ဆွမ်လွတ်ရွယ်ဂျာက ထွက်ပြေးကြရအောင်ဟု သူမခင်ပွန်းနှင့် ယောက္ခထီးကို တိုင်ပင်သည်၊ နောက်တော့ သူမခင်ပွန်းနှင့် ယောက္ခထီးကို စစ်သားတွေရဲ့ ရှေ့မှာ လျှောက်ခိုင်းသည်။ ဒေါ်ဆွမ်လွတ်ရွယ်ဂျာနှင့် သူမခင်ပွန်းတို့ကား စစ်သားတွေခြား သွားသည်၊ လျှောက်လာရင်း ဦးမရူဇေဒေါင်တို့ သားအဖကတော့ ထွက်ပြေးကြဖို့ တိုင်ပင်ပြီး လက်ချည် ထားသည့် သားကို ဖက်ကာစစ်သားတွေ ရှေ့တင်မျက်စိစုံမှိတ်ကာ လျှက်တပြက်အတွင်း ထွက်ပြေးသွားသည်၊။  ထွက်ပြေးသွားစဉ် သေနတ်အော်တိုဆွဲကာ (၂)ခေါက်လိုက်ပစ်သည်။ မထိပဲ လွတ်မြောက်လာခဲ့သည်၊ သို့သော် စိတ်မကောင်းစွာဘဲ ဒေါ်ဆွမ်လွတ်ရွယ် မထွက်ပြေးနိုင်ပဲ စစ်တပ်က ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံရသည်၊ သေနတ်နဲ့ပစ်တဲ့ အချိန် ညနေ ၄နာရီခန့်ရှိပြီး။ 
 မတရား ဖမ်းဆီးခေါ်ဆောင်ခံထားရသည့် နို့စို့အရွယ် ကလေးမိခင် ဒေါ်ဆွမ်လွတ်ရွယ်ဂျာ

မကြာခင် ၄နာရီခွဲခန့်၌ အဆိုပါအမျိုးသမီးနှင့်အတူ စစ်သားများ မို့ဘွမ်စခန်းသို့ ၀င်ရောက်လာသည်ကို မိုင်ဘွမ်ဘေး ပတ်ဝန်းကျင်ရှိ ကေအိုင်အေရှေ့တန်းစခန်း တပ်သားများကလည်း တွေ့ခဲ့သည်၊ ထိုစဉ်သူမ၀တ်သည့် အ၀တ်အစားမှာ အင်္ကျီအနီရောင် အစင်းကျား။ ဘောင်းဘီမီးခိုးရောင်ဖြစ်သည်၊ ထီးဆောင်း စစ်သားတွေနဲ့ အတူ ရောက်လာသည်ဟုဆိုသည်၊ အခင်းဖြစ်သည့်နေရာ အောက်တိုဘာ(၂၉)ရက်နေ့ မနက်နေတက်ချိန်။ နေ့လည် နေ့ခင်းပိုင်းအထိ သူမအား ဘေးပတ်ပတ်လည့် စစ်သားများမှ သူမအား စခန်းရှိကျောက်တုံးပေါ် နေပူဆာ လှုံခိုင်းသည်၊ နေပူဆာလှုံနေသည့် အချိန်စစ်သား(၄)။ (၅)ယောက်က သူမအားသွားဖက်လိုက်။ ဆွဲလိုက်၊ နမ်းလိုက်လုပ်ကာ စစ်တန်းလျားထဲသို့ ပြန်ခေါ်သွားသည်ဟု အဝေးမှ မှန်ပြောင်းဖြင့် ကြည့်မြင်ခဲ့သည့် မျက်မြင်သက်သေများက ပြောသည်၊ 

အောက်တိုဘာလ(၃၀)ရက်နေ့ကလဲ သူမအားနေပူဆာလှုံခိုင်းသည်၊ သူမနေပူဆာလှုံနေစဉ် ကြောက်ရွံ့ နေသူတဦး ထိုင်နေသကဲ့သို့ ကျုံ့ကာခေါင်းငုံ ထိုင်နေသည်ကို တွေ့နေရသည်၊ ထိုသို့ထိုင်နေစဉ် ဘေးကဖြတ်သွား သည့်စစ်သားတွေက တို့လိုက်၊ စလိုက်၊ ဖက်လိုက်လုပ်သည်၊ စစ်သား၂ယောက်ကသူမ အားထူပြီး လမ်း ခေါ်တွဲလျှောက်သည်ကိုလဲ မြင်ရသည်၊ သူမသည် လမ်းကောင်းကောင်း မလျှောက် နိုင်တော့သည့် ပုံမျိုး တွေ့ရသည်၊ အောက်တိုဘာ(၃၀)ရက်နေ့အထိသူမ. မူလအ၀တ်အစား ၀တ်သေးသည်၊ အောက်တိုလဘာ(၃၁)ရက်နေ့တွင် စောင့်ကြပ်လေ့လာနေသည့် ဒေသခံအမျိုးသမီး အဖွဲ့မှလဲ မို့ဘွမ်တပ်စခန်း နားသို့သွားကာ အနီးကပ်စောင့် ကြည့်နေခဲ့သည်၊ ထိုနေ့တွင် သူမအား အပြင်သို့ ခေါ်ထုတ်လာသည်၊ သို့သော် သူမအား အရင်အ၀တ်အစားများ ဝတ်ဆင်လျှက်မဟုတ် တော့ဘဲ။ စစ်အင်္ကျီဝတ်ထားသည်ကို တွေ့ခဲ့ရသည်၊ ညနေပိုင်း ၄နာရီခန့်တွင် သူမအား စစ်သား(၄)ယောက်က စခန်းတွင်းတူးထားသည့် လှိုဏ်ခေါင်းပေါက်ထဲဆွဲခေါ် သွားကြသည်ကို နောက်ဆုံးတွေ့မြင်ခဲ့သည်၊။ 

နိုဝင်ဘာလ(၁)ရက်နေ့ အထိစောင့်ကြည့်နေခဲ့ရာ ယနေ့တော့ ထိုအမျိုးသမီး အရိပ်အရောင်ကို မတွေ့ရပါ၊
ထို့ကြောင့် ဒေါ်ဆွမ်လွတ်ရွယ်ဂျာအား စစ်တပ်က လွတ်ပေးလိမ့်မည်ဟု မျှော်လင့်နေသေးရာ။ ယခုသူမ. အရိပ်အရောင် မတွေ့ရတော့သဖြင့် စောင့်ကြည့်နေသူများနှင့် ဒေသခံများ မိသားစုဝင်များမှာ စိုးရိမ်မကင်း ဖြစ်နေလျှက်ရှိပါသည်။ နိုဝင်ဘာလ(၂)ရက်နေ့ ယနေ့ထိ ပြန်လွတ်လာခြင်း မရှိသေးပါ။ သို့သော်ယနေ့တွင် လွတ်ပေးမည်ဟု လွယ်ဂျယ်တပ်ရင်းက ပြောခဲ့သည်။ လွတ်ပေးမည်ဆိုသဖြင့် စောင့်မျှော်လျှက်ရှိရာ (သွားစောင့်နေတဲ့ သူတွေလဲလာပို့မည့် လမ်းဘက်စောင့်နေတာ) ညအထိ မပေါ်လာပါ။ ယနေ့ နိုဝင်ဘာလ(၃)ရက်နေ့အထိ မလွတ်ပေးသေးသဖြင့် ပိုစိုးရိမ်မကင်း ဖြစ်နေကြရပါတယ်။
သနားစရာ မိခင်ပျောက် နို့စို့အရွယ် သမီးလေး

မိသားစုဝင်များဒုက္ခ
အမေမရှိသောကြောင့် သမီးလေးမှာ စိတ်အားငယ်နေပုံကို တွေ့ရတယ်။ နေ့ခင်းမှာ အဖိုးအသက်(၇၀)နဲ့ အတူနေရတယ်၊ ဦးမရူဇေဒေါင်ရဲ့ညီမနဲ့ ဇနီးက (ကလေးလေးရဲ့ အဖွား၂ယောက်က ကောက်ရိတ် သွားရတယ်)။ ညမှာတော့ အဖွားတွေ ၀ိုင်းပြုစုရ။ တညကို၂ခေါက်.. ၃ခေါက်ထငိုပြီး အမေကို ခေါ်တာကြောင့် ချီပိုးပြီးပြန်သိပ်ရတယ်လို့ အဖွားဖြစ်သူက ပြောပါတယ်။ သူမအမျိုးသားမှာ စိတ်ဒုကျှခံစားရဲပီး စိတ်မတည်မငြိမ် ကယောင်ကတမ်း ဖြစ်နေသည့် အနေအထား ရှိနေပါသည်။ နို့စို့သမီးလေးကလေး အမေကိုသာ တကြော်ကြေ်ခေါ်ကာ ဩအမီးလာ အမီးလာဩ (ဗမာလို အမေပြန်လာ။ အမေပြန်လာ) ဆိုပြီးငိုငိုနေတတ်တယ်လို့ ပြောပါတယ်။ သမီးလေးက သူ့အမေအရွယ် အမျိုးသမီးတွေကို တွေ့ရင်လဲ အမီးလာ အမီးလာလို့ ပြောတတ်ကြောင်း အဖွားကပြောပြပါတယ်။

နိုဝင်ဘာလ(၂)ရက်နေ့ ကြားသိရသည့် သတင်းတခုမှာ မို့ဘွမ်မှ ထွက်ပြေး လွတ်မြောက်လာသည့် ပေါ်တာ (၂)ယောက်က သက်သေထွက်ဆိုထားသည်မှာ မို့ဘွမ်တွင် ဆွတ်လွတ်ရွယ်အပြင် အခြားကချင်အမျိုး သမီး(၃)ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်း ထားသည်ဟုသိရပါသည်။ ထိုအမျိုးသမီးများအား စစ်သားများက သားမယားပြုကျင့်ခြင်း။ အ၀တ်အစားများ လျှော်ခိုင်းခြင်း။ ထမင်းချက်ပေးခြင်း စသည့် အလုပ်များ လုပ်ရသည် ဟုပြောပါသည်။ မို့ဘွမ်ဆိုတာ မိုးမောက်မြို့နယ်။ လွယ်ဂျယ်မြို့နယ်ခွဲ တွင်းမှာဖြစ်ပြီး တရုတ်နယ်စပ်နဲ့ ကပ်ရပ်စစ်တပ်ရှေ့တန်း စခန်းဖြစ်ပါတယ်။ ထိုတောင်ခြေတ၀ိုက် အနောက်ဘက်မှာ ကချင်ပြည်နယ်ဘက်တွင် ခိုင်ဗန်ရွာ။ လွယ်လုံရွာ.. မုန်ခါပါရွာဆိုတာတွေ ၀ိုင်းရံထားပြီး။ အရှေ့ဘက်ခြမ်းမှာတော့ တရုတ်နယ်စပ်နဲ့ ကပ်ရပ်ဖြစ်ပါတယ်၊

မြန်မာအစိုးရက တဘက်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပေမဲ့ စစ်တပ်ကတော့ တိုင်းရင်းသားတွေအပေါ်... ပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေက အစစ်အမှန် ဖြစ်နေတယ်ဆိုတာ သက်သေပြနေပါတယ်။ ပြောင်းလဲမှုက ရန်ကုန်နဲ့ နေပြည်တော်တ၀ိုက် အတွက်ဘဲ ဖြစ်နေသလို ဖြစ်ပါတယ်။

လိုအပ်လို့ထပ်မေးချင်ရင် အောက်ပါနံပါတ်မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်၊

မိုင်းဂျာ   -၀၀၈၆- ၁၅၃ ၆၈၉ ၆၉၃ ၇၆
အားပရီ  ၀၀၈၆-၁၃ ၅၇၈ ၂၇၁ ၉၆၀
ဖမ်းဆီး ခေါ်ဆောင်သွားသည့် တပ်မှာ ခမရ (၃၂၁) လက်အောက်ခံ မို့ဘွမ်ရှေ့တန်းစခန်းမှ စစ်သားများဖြစ်ပါသည်။

သူမမိသားစုဝင်များလည်း သူမပြန်လွတ်လာဖို့ မျှော်လင့်လျှက်ရှိသည်။ ဒေါ်ဆွမ်လွတ်ရွယ်ဂျာတွင် တနှစ်နှင့် နှစ်လအရွယ် နို့စို့ကလေး သမီးလေးတဦးရှိသည်။ သမီးလေး နာမည်မှာ လွမ်းနောဖြစ်သည်၊ ယခုအချိန်တွင် သမီးလေးခမျာ အမေ.နို့ရည်ကို မတိုက်ကျွေးရသည်မှာ (၆)ရက်တိတိရှိပြီ ဖြစ်သည်၊ စကားတလုံးစ ၂လုံးစသာ ပြောတတ်သေးသည့် သမီးလေး လွမ်းနောက သူမအမေအရွယ် အမျိုးသမီးတွေကိုတွေဏ္ဍရင် သူမအမေပါမည်ထင် ဩအမေလာ။ လာဩဟု ပြောကာ ငိုလေ့ရှိသည့်ဟု သူမကို စောင့်ရှောက်နေသူ သူမအဖွားက ပြောပြပါသည်၊ ညစဉ် အမေကို ထထရှာ အော်ငိုသဖြင့် တညလျှင် ၂ခေါက်။ ၃ခေါက်ထထ ပိုးပေးရသည်ဟု ပြောပြပါသည်၊ နေ့ခင်းပိုင်းဆိုလျှင် အဖွားက တောင်ယာကို သွားရသဖြင့် သူမအားအသက် (၇၀)အရွယ် အဖိုးဖြစ်သူနှင့် အိမ်မှာထားခဲ့ရသည်ဟုဆိုသည်၊ သူမမျက်နှာမှာ အထီးကျန် အားငယ်နေသည့် မျက်နှာ။ တစုံတယောက်အား စောင့်မျှော်နေသည့် မျက်လုံးများကို တွေ့ခဲ့ရပါသည်၊ သူမအဖေဖြစ်သူမှာ အမေလွတ်လာဖို့ အတွက် ကြိုးပမ်းဖို့ လမ်းစရှာရန်။ ဆွေမျိုးတွေဆီ ထွက်သွားသည်ဟု ဆိုသည်၊ လွယ်ဂျယ်မြို့ရှိ ခမရ (၃၂၁) တပ်ရင်းမှူးဆီလဲ သွားခဲ့သည်ဟု သိရသည်၊ ယနေ့ထိ အိမ်ကို ပြန်ရောက်မလာသေးပါ၊
မိသားစု နေအိမ်..
ထပ်မံစုံစမ်းလိုပါက
(၁) မိုင်းဂျာ ၀၀၈၆ ၁၅၃၆၈၉၆၉၃၇၆
(၂) အားပရီ ၀၀၈၆ ၁၃၅၇၈၂၇၁၉၆၀