ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမေ့အိမ် ပညာဒါနကျောင်း (လှိုင်သာယာ) ပထမအကြိမ် စုပေါင်း ဘုံကထိန်...

အမေ့အိမ် ပညာဒါနကျောင်း (လှိုင်သာယာ) ပထမအကြိမ် စုပေါင်း ဘုံကထိန်

(၁၀.၁၁.၁၁) တန်ဆောင်မုန်း လပြည့်နေ့ မွန်းလွဲ (၂း၃၀) မှာ အမေ့အိမ် ပညာဒါနကျောင်း (လှိုင်သာယာ)မှ ကျောင်းသူ ကျောင်းသားများ၊ မိဘများ၊ ဆရာဆရာမများ၊ အလှုရှင်များ စုပေါင်းလှုဒါန်းသော ကထိန်ပဒေသာပင် (၃)  ခုအား မစိုးရိမ်ကျောင်းတိုက်သို့ ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်း နှင့်အညီ ပို့ဆောင်လှုဒါန်းသော အခမ်းအနားတစ်ခုကို အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

(ကထိန်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်)
(၁) ကလေးများရဲ့ ရင်တွင်းသို့ စစ်မှန်သော ဗုဒ္ဓဘာသာ ဓလေ့ထုံးစံများ မျိုးစေ့ချပေးရန်။
(၂) စစ်မှန်သော ဗုဒ္ဓဘာသာ ယဉ်ကျေးမူ ဓလေ့ထုံးစံများကို တန်ဘိုးထား ချစ်မြတ်နိုးတတ်စေရန်။
(၃) ကလေးများအား စုပေါင်းညီညာစွာ လုပ်ကိုင် ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည် ။

ကျွန်ူပ်တို့ ပြုသမျှ ကုသိုလ်ဒါန အစုစုတို့ ကို အားလုံး ထပ်တူထပ်မျှ ရကြပါစေ အမျှဝေပါသည်။
အားလုံး အမျှ - အမျှ - အမျှ ယူတော်မူကြပါ ခင်ဗျား။

ကိုငယ် (095162060)
အမေ့အိမ် ပညာရေး ကော်မတီ
လှိုင်သာယာ