ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

UK သံအရာရှိ ဦးဆောင်သောအဖွဲ့ အမေ့အိမ်ပညာဒါနကျောင်း(လှိုင်သာယာ) သို့လာရောက် လေ့လာကြည့်ရှူ...

သူငယ်ချင်းများအားလုံးမင်္ဂလာပါ..

အမေ့အိမ်(လှိုင်သာယာ)ကျောင်းလေးသို့ ဒီနေ့ နိုဝင်ဘာ(၂)ရက်နေ့ မနက် (၈)နာရီခန့်က UK သံရုံးမှ Mr.Paul Whiltinghan(Head, UK Department for International development, Rangoon) ဦးဆောင်ပြီး၊ အဖွဲ့ဝင်နှစ်ဦးဖြစ်သော Mr.Dominic Ashton(UK Department for International Development, Rangoon) နှင့် Mr.Joe Fisher(British Embassy,Rangoon) အတူ အမေ့အိမ်ကျောင်းများ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လာရောက် လေ့လာခဲ့ကြပါသည်။ အဖွဲ့ချုပ်ရုံးမှ ဦးနိုင်းနိုင်း၊ ဒေါက်တာမျိုးအောင်နဲ့ ကိုဖြိုးမင်းသိန်းတို့လည်း တက်ရောက်ခဲ့ကြပါသည်။

ခင်မင်စွာဖြင့်
ကိုငယ်( ၀၉ ၅၁၆၂၀၆၀ )
အမေ့အိမ် ပညာဒါနကျောင်း( လှိုင်သာယာ)