ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ယူနန်ပြည်နယ် ကူမင်းမြို့က မြန်မာကောင်စစ်ဝန်ရုံး မြင်ကွင်း၊ ပဟေဠိ အဖြေမရှိတဲ့ ဧရာဝတီမြစ်အစနဲ့ အီတလီလုပ် ပြိုင်ကားတစ်စီး..

ကူမင်းမြို့မှာ ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ် စက်တင်ဘာ ၁၂ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့ မြန်မာကောင်စစ်ဝန်ရုံး
အထက်က ပုံတွေကတော့ ယခုနှစ် ဧပြီလက ရိုက်ကူးခဲ့တဲ့ ကောင်စစ်ဝန်ရုံးနဲ့ ဧည့်ခန်း အတွင်းပိုင်းမြင်ကွင်း.. ဖြစ်ပါတယ်..။ ပေးပို့လာတဲ့ပုံ အောက်မှာ ရက်စွဲ ရေးသားချက်အရ...
ကောင်စစ်ဝန်ရုံး ဖွင့်ပွဲအခမ်းအနားရဲ့ မြန်မာပြည်မြေပုံမှာ ဧရာဝတီမြစ်ကို တရုတ်ပြည်က စတင် မြစ်ဖျားခံသယောင် ပုံဖော် ထားတာကို စာဖတ်ပရိတ်သတ် တစ်ဦး ကွန်မာန့်ပေးထားလို့ ပြန်လည် ဖော်ပြလိုက်ပါတယ်...။
ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ် စက်တင်ဘာလ ၁၂ရက်နေ့က တရားဝင်ဖွင့်လှစ်ခဲ့တဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့က ကောင်စစ်ဝန်ရုံး ဖွင့်ပွဲအခမ်းအနားမြင်ကွင်းပါ...။ ကောင်စစ်ဝန်ကတော့ ဗိုလ်သန်းရွှေရဲ့ သားမက် သန္တာရွှေရဲ့ ခင်ပွန်း တရုတ်ပြည်ကို နောင်ရေးအတွက် ကြိုတင်ပို့ထားတဲ့ ကောင်စစ်ဝန် ဦးဇော်ဖြိုးဝင်းပါ..။ ကောင်စစ်ဝန်ရုံးဖွင့်ပွဲမှာ မြင်တွေ့ရတဲ့ ဧရာဝတီမြစ်အစကို တရုတ်ပြည်က စတင်သယောင် လိမ်လည်ဖော်ပြချက်နဲ့ ယခုထက်တိုင် ဦးထိပ်ထား ကိုးကွယ်နေတဲ့ ဗိုလ်သန်းရွှေပုံ မြင်ကွင်းကို ကြည့်မယ် ဆိုရင်တော့ မြန်မာပြည်ကို ကိုယ်စားပြုတဲ့ သံရုံးလား အာဏာရှင်နဲ့ တရုတ်ကို ကိုယ်စားပြုတဲ့ မြန်မာပြည်သူတွေနဲ့ သက်ဆိုင်မှုမရှိတဲ့ သီးခြားအဖွဲ့အစည်း ရုံးလားဆိုတာ သုံးသပ်ကြည့်နိုင်ပါတယ်...။
 ထားတော့ ဒီအထိဓာတ်ပုံ ပေးပို့လာတာ ပြဿနာမရှိ.. ခက်တာက တပါတည်း အတူတွဲ ပေးပို့လာတဲ့ ဓာတ်ပုံတွေထဲက အီတလီနိုင်ငံလုပ် Lamborghini Sport ပြိုင်ကား.. အဝါရောင် အမျိုးအစားကားတစီး ပါပဲ..။ ၂၀၀၉မော်ဒယ်လောက် ဖြစ်မယ်ထင်ပါတယ်..။ ရောင်းဈေး ဒေါ်လာ (၂)သိန်းအထက်မှာ ရှိပါတယ်..။ ပြီးခဲ့တဲ့ ၂၀၁၀နှစ်ကုန်လောက်က တရုတ်မှာ ပြိုင်ကားဝယ်စီးတယ်ဆိုပြီး သတင်းထွက်နေတဲ့ ဦးဇော်ဖြိုးဝင်းကားလား ဘာလားတော့မသိပါ..။ ဒီပြိုင်ကားပုံနဲ့ အပေါ်က ပုဂ္ဂိုလ် ဘယ်လို ဆက်စပ်နေပါသလဲ..။ ဓာတ်ပုံတွေ ပေးပို့ပေးနေသူနဲ့ ကျွန်တော်နဲ့ကတော့ ငယ်ငယ်က မူလတန်းမှာ သင်ကြား ရွတ်ဆိုခဲ့ရတဲ့ စာသားလေးလို သူစကား ကိုယ်မသိ၊ ကိုယ့်စကားသူမသိ သနားပါဘိ ဆိုသလိုပါပဲ..။ မေးရင်လည်း ပြန်မဖြေ ဘာဘာသာနဲ့ ပြောရမှန်း မသိတော့ ခက်တော့ ခက်သားနော်..။ ဒီပြိုင်ကားနဲ့ ဗိုလ်ရွှေ သားမက် ဘယ်လို ဆက်စပ်နေတယ်ဆိုတာ သိတဲ့သူတွေ အများသိအောင် လက်တို့ ပေးကြပါဦး..။

ဒီမိုဝေယံ
ပေးပို့ပေးတဲ့ ရှောင်မိန်(Kunming)ရေ 謝謝ပါ...