ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အဝေးရောက် မီးအိမ်ရှင်မိသားစု (စင်္ကာပူ)ရဲ့ မွန်မြတ်တဲ့ ပညာဒါနအလှူ...

အဝေးရောက် မီးအိမ်ရှင်၏ (၁၁.၁၁.၁၁.)နေ့ ပညာ့အလင်း မြတ်ဒါန

ထူးခြားသော (၁၁.၁၁.၁၁.) တစ်ခြောက်လုံးနေ့တွင် မွန်မြတ်သောကုသိုလ်ဒါနပြုရန် ရည်ရွယ်၍ အဝေးရောက် မီးအိမ်ရှင် မိသားစု(စင်္ကာပူ) Differ Illumination Family (DIF) S'pore မှ အမေ့အိမ် ပညာဒါနကျောင်းတွင် ပညာသင်ကြားလျှက်ရှိကြသော ကလေးငယ်များအတွက် ပညာသင် ထောက်ပံကြေး အလှုငွေကျပ် (၁,၀၀၀,၀၀၀) ဆယ်သိန်းတိတိကို အမေ့အိမ် ပညာရေးကော်မတီထံသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက် လှုဒါန်းသွားခဲ့ပါသည်။ ထိုအတူ ဗေဒါ သင်တန်းကျောင်း (Bayda Institute) သို့လည်း ပညာသင် ထောက်ပံကြေး အဖြစ် အလှုငွေကျပ် (၁,၀၀၀,၀၀၀) ဆယ်သိန်းတိတိကို ထောက်ပံ့ လှုဒါန်းသွားခဲ့ပါသည်။ ပညာရေးတွင် ထောက်ပံ့ လှူဒါန်းခြင်းသည် တိုင်းပြည် တည်ဆောက်ခြင်းမည်၏။ ဘာသာရေးအရလည်း ပညာပါရမီမြောက်သော ဒါနကုသိုလ်ဖြစ်၏။

အားလုံး သာဓုခေါ်နိုင်ရန် မျှဝေလိုက်ပါသည်။

ကိုငယ်(၀၉ ၅၁၆၂၀၆၀)
အမေ့အိမ် ပညာရေးကော်မတီ
လှိုင်သာယာ