ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူအား (D.H.S.S – Doctor of Humane Social Services)ဘွဲ့နှင့်ဇနီး ဒေါ်မြင့်မြင့်ခင်ဖေအား (M.H.S.S – Master of Humane Social Services)ဧမာနွေလ နှစ်ခြင်း ခရစ်ယာန် ဘုရား ရှိခိုးကျောင်းမှ ဆုချီးမြှင့်ပေးအပ်...

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံလမ်း ဆူးလေစေတီတော်နှင့် ရန်ကုန်မြို့တော်ခန်းမ အနီးရှိ ဧမာနွေလ နှစ်ခြင်း ခရစ်ယာန် ဘုရားရှိခိုးကျောင်းမှ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူအား (D.H.S.S – Doctor of Humane Social Services)ဘွဲ့ နှင့်ဇနီး ဒေါ်မြင့်မြင့်ခင်ဖေအား (M.H.S.S – Master of Humane Social Services) ဆုချီးမြှင့်ပေးအပ်ခဲ့ပါတယ်..။ အဆိုပါ အခမ်းအနားအား ယနေ့ညနေ ၄နာရီမှ ညနေ(၆)နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါတယ်..။

(အထက်ဖော်ပြပါ ဘွဲ့များအား IMMANUEL THEOLOGICAL INSTITUTE (ပင်မကျောင်းတော်ကြီး)၊ UNION BIBLICAL SEMINARY (ရန်ကုန်)၊ INTERNATIONAL SCHOOL OF THEOLOGY (ဘန်ကောက်)၊ ONLINE BIBLE COLLEGE INTERNATIONAL (သြစတြေးလျ)တို့မှ ပေးအပ်ချီးမြှင့် ဂုဏ်ပြုခြင်းဖြစ်သည်) (သတင်း FFSS)

ဓာတ်ပုံ ... ဒီမိုဝေယံ၊ ဒီမိုကောင်းကင်