ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နိုဝင်ဘာလ ၉ရက်နေ့က မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာတဲ့ ရုရှားနိုင်ငံမှ Jumbo Air Cargo ကုန်တင်လေယာဉ် Antonov An-124-100 / 224 Flight Unit တစ်စီး..

ယခုလ ၉ရက်နေ့က မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဆိုက်ရောက် ရပ်နားပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ကုန်တင်၊ ကုန်ချပြုလုပ်နေတဲ့ ရုရှားနိုင်ငံမှ Jumbo Air Cargo Antonov An-124-100/ 224 Flight Unit တစ်စီးရပ်နားထားပုံ မြင်ကွင်းပါ..။ လာမည့် ၂၀၁၂ခုနှစ်အတွင်း ရုရှားနိုင်ငံမှ  ဝယ်ယူထားတဲ့ အမေရိကန်ဒေါ်လာ သန်း၅၇၀ တန်ဘိုးရှိတဲ့ ရုရှားနိုင်ငံလုပ် MiG-29 တိုက်လေယာဉ် အစီး(၂၀)အား မြန်မာနိုင်ငံသို့ ပေးပို့ပေးမှာ ဖြစ်ပါတယ်...။
ထပ်မံပေးပို့လာချက်အရ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖြစ်ပါတယ်..။
 (ဓာတ်ပုံ ဒီမိုဝေယံ)
ထပ်မံရရှိတဲ့ ဓာတ်ပုံများဖြစ်ပါတယ်..။ အဆိုပါ အင်မတန်ကြီးမားတဲ့ Jumbo Air Cargo များဟာ မန္တလေးလေဆိပ်ကဲ့သို့ ပြေးလမ်းအရှည် ပေ၁သောင်းကျော် ရှည်ပြီး ပြေးလမ်းကျယ်တဲ့ လေယာဉ်ကွင်းများမှာသာ ဆင်းသက်နိုင်ပါတယ်..။ ၇ရက်နေ့ ညကတည်းက ရောက်ရှိလာတာလို့ ဆိုပါတယ်..။

ဆက်စပ် သတင်းများ ဆက်လက် ရေးသားဖော်ပြပေးပါမယ်...။