ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကိုယ်စားပြုသူတွေ အချိန်မှီ ရောက်မလာနိုင်သေးတဲ့ ခုံနံပါတ် (၁၁)

Eleven Media Group မှ ကျင်းပတဲ့ ၁၁.၁၁.၂၀၁၁ တစ်ခြောက်လုံးနေ့ အခမ်းအနား....
(ကိုယ်စားပြုသူတွေ အချိန်မှီ ရောက်မလာနိုင်သေးတဲ့ ခုံနံပါတ် ၁၁)
မနေ့က တန်ဆောင်မုန်း လပြည့်နေ့အမှီ သက်ဆိုင်သူတွေ ပြန်ရောက်လာခဲ့မယ် ဆိုရင်တော့ ဒီကနေ့ အခမ်းအနားမှာ ဒီထိုင်ခုံလေးတွေ အသက်ဝင်ပြီး အရာရာတိုင်းဟာ လှပစိုပြေသွားမှာပါ...။

၁၁.၁၁.၂၀၁၁ တစ်ခြောက်လုံးနေ့ ထူးခြားတဲ့နေ့ အထိမ်းအမှတ်အဖြစ် ဆီဒိုးနားဟိုတယ်မှာ Eleven Media Groupမှ ဦးစီးကျင်းပတဲ့ အနာဂတ်အတွက် ဖယောင်းတိုင်မီးညှိ ဆုတောင်းခြင်း အခမ်းအနား၌  သက်ဆိုင်ရာ နယ်ပယ်မှ ကိုယ်စားလှယ် ၁၁ဦးမှ ကိုယ်စားပြု ဆုတောင်းပေးခဲ့ကြပါသည်..။
နိုင်ငံကျော် ပြည်သူ့အချစ်တော် ဟာသအနုပညာရှင် (၁) ဦးဇာဂနာ၊ လူမှုရေးအသင်းအဖွဲ့များ ကိုယ်စား နာရေးကူညီမှုအသင်းဥက္ကဋ္ဌ (၂)ဦးကျော်သူ၊ သတင်းမီဒီယာကိုယ်စား ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ် (၃)ဒေါက်တာဖေမြင့် NGO အဖွဲ့များကိုယ်စား (၄) ဒေါက်တာကျော်သူ၊ စီးပွားရေး လုပ်ငန်းရှင်များကိုယ်စား ဒဂုံဆိပ်ကမ်းစက်မှုဇုန် အတွင်းရေမှုး (၅)ဦးကျော်သူယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ ကိုယ်စား ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ကိုဌေးကြွယ် ညီမ (၆)မခင်မိမိကြွယ်၊ လူငယ်နိုင်ငံရေး ခေါင်းဆောင်များ ကိုယ်စား GWမှ (၇)ဇေယျာသော်၊ လူငယ်အနုပညာရှင်များကိုယ်စား (၈)ချစ်သုဝေ၊ အလုပ်သမားများကိုယ်စား လှိုင်သာယာမြို့နယ်မှ (၉)ကိုအောင်ထွန်း၊ တိုင်းရင်းသားများကိုယ်စား ချင်းတိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ (၁၀)ဦးဇိုဇမ် လယ်သမားများကိုယ်စား တွံတေးမြို့နယ်မှ တက်ရောက်လာသူ (၁၁)ကိုဇော်မင်းထွန်း တို့မှ ဖယောင်းတိုင် မီးထွန်းညှိ ပေးခဲ့ကြသည်။
ယင်းနောက် အခမ်းအနားတွင် ခုံနံပါတ် (၁၁)အား ယုံကြည်ချက်ကြောင့် မလွတ်မြောက် သူများအတွက် ၀ိုင်းအလွတ် အဖြစ်ထားရှိပြီး ဂုဏ်ပြုခဲ့ကြပါသည်...။ အခမ်းအနားသို့ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ကျော်ကြားသူများ စုံစုံလင်လင် တက်ရောက်ခဲ့သည်။

အားလုံးသောလူတွေရဲ့ ဆန္ဒတွေအားလုံး ဒီကနေကစပြီး ပြည့်ကြပါစေလို့ ကိုဇာဂနာမှ ဆုတောင်းခဲ့ပါသည်။

သတင်း... ဇော်တူး ရေးသား ပေးပို့ပါသည်..