ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဂျပန်နိုင်ငံရောက် မြန်မာစေတနာဝန်ထမ်းတွေရဲ့ ဆူနာမိရေးဘေးသင့်ဒဏ် ခံရတဲ့ Miyagiခရိုင်၊ Yamaguchiမြို့သို့ လုပ်အားပေးခရီးစဉ် (သတင်း၊ ဓာတ်ပုံ)

 မြန်မာလူမျိုး စေတနာ့ ဝန်ထမ်းများရဲ့ လုပ်အားပေးအလှူ
နိုဝင်ဘာလ၁၃ရက်နေ့က ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား၂၈ဦးမှ ဆူနာမီ ငလျင်ဘေးသင့်ရာ ဒေသတွင် အကြီးမားဆုံး ပျက်စီးဆုံးရှုံးခဲ့သည့် Miyagiခရိုင်၊ Yamaguchiမြို့သို့  သွားရောက် လုပ်အားပေးခဲ့ကြပါတယ်..။  ၁၂ရက်နေ့ စနေနေ့ ည၁၂နာရီ၃၅မိနစ်တွင် စုရပ်ရှိရာ တကာနားဒိုဘာဘာမှ  ခရီးစတင် ထွက်ခဲ့ကြပါတယ်..။
အပြည်ပြည်ဆိုင်ရာ သာသနာ့ဥသျှောင် မြန်မာရဟန်းတော်များ အဖွဲ့ချုပ်-ဂျပန်ဌာနခွဲ တာဝန်ခံ ဆုဂါမိုဆရာတော် ဦးဓမ္မဇောတိ အပါအဝင် စေတနာ့ ပရိတ မြန်မာဒီမိုကရေစီအရေး လှုပ်ရှားသူ (၂၈)ဦးမှ Miyagi Kan yamaguchi မြို့သို့ တရက်တာ ငလျင်ခိုလှုံရေးစခန်းမှာ  သန့်ရှင်ရေးလုပ်အား ကုသိုလ်ပြုခဲ့ကြတာဖြစ်ပါတယ်..။ အပြည်ပြည်ဆိုင်ရာ သာသနာ့ဥသျှောင် မြန်မာရဟန်းတော်များ အဖွဲ့ချုပ်-ဂျပန်ဌာနခွဲ တာဝန်ခံ ဆုဂါမိုဆရာတော် ဦးဓမ္မဇောတိမှ ငလျင်ဒေသတွင်း ဆုံးရှုံးသွားသော မိသားစုများနှင့် လုပ်အားပေး လိုက်ပါလာကြသော မြန်မာလူမျိုးများအား ဗုဒ္ဓဘာသာ ထုံးစံနဲ့အညီ သြဝါဒကထာငါးပါး သီလပေးပြီး မေတ္တာဘာဝနာ တရားတော်ချီးမြှင့် ဟောကြားတော်မူကာ ဆူနာမိရေလှိုင်း ဒဏ်ကြောင့် သေဆုံးသွားခဲ့ရသော (၇)ရက်သားသမီးများအား အမျှပေးဝေ ခဲ့ကြပါတယ်...။
ထို့နောက် ဆူနာမိကြောင့် စက်ရုံ၊ အလုပ်ရုံဝန်းကျင်များ မှာ ကျန်ရှိနေတဲ့ ရွံ့နွံများအား  သန့်ရှင်းရေး ပြုလုပ်ပေးခဲ့ကြပါတယ်။ တက်ညီလက်ညီနဲ့ မြန်မြန်ဆန်ဆန် သေသေသပ်သပ် ပြုလုပ်ခဲ့ကြတဲ့ အတွက် သက်ဆိုင်ရာ ဒေသခံ ဂျပန်များမှ နှစ်ခြိုက်ခဲ့ကြပြီး ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်..။
ပြီးခဲ့တဲ့ မတ်လ ၁၁ရက်နေ့က ဂျပန်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်နဲ့ ဆူနာမိဒဏ်ကြောင့် ကြီးမားတဲ့ ပျက်ဆီးဆုံးရှုံးမှုဒဏ် ခံခဲ့ရတဲ့ မီယာဂိခရိုင်အတွင်းရှိ ဆူနိမာရေဘေးသင့်ရာ ဒေသများသို့ ဂျပန်နိုင်ငံရောက် မြန်မာလူမျိုး စေတနာ့ဝန်ထမ်းများမှ အလျဉ်းသင့်သလို အစားအသောက်၊ သန့်ရှင်းရေးနဲ့ လုပ်အားပေးခရီးစဉ်များဖြင့် သွားရောက်ကူညီ ပံ့ပိုးပေးခဲ့ကြပါတယ်..။ မိမိတို့ရဲ့ ကိုယ်ပိုင် ငွေကြေး၊ အချိန်နဲ့ ကိုယ်ရော၊ စိတ်ပါ တက်ညီလက်ညီ သွားရောက်ကူညီကြပြီး သေသပ်မြန်ဆန်စွာ ၊စေတနာ အရင်းခံဖြင့် လုပ်ကိုင်ဆောင်ရွက် ပေးခဲ့ကြတဲ့ မြန်မာလူမျိုးများအား ဒေသဆိုင်ရာ ဂျပန်လူမျိုးများ၏ ချီမွမ်း၊ နှစ်ခြိုက်ခြင်းကို ရရှိခဲ့ကြပါတယ်..။

ဗွီဒီယိုကို အောက် ပါ လင့်ခ်များတွင်မကြာမှီ ရယူနိုင်ပါပြီ။
 ဗွီဒီယို... ကိုဌေးသစ်၊ သတင်း... ကိုထွန်းဝေ
 ဓာတ်ပုံ.. ကိုခင်အောင်