ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပညာရေးကွန်ယက်(၁)နှစ်ပြည့် ဈေးရောင်းပွဲတော်(ယုဒဿန်ရိပ်သာ)

၂၀၁၁ခု နိုဝင်ဘာလ ၂၁ ရက်

ရန်ကုန်မြို့၊ကမာရွတ်မြို့နယ်၊ ပြည်လမ်းမပေါ်ရှိ အမှတ်(၆၀၁) ယုဒဿန် ရိပ်သာခန်းမတွင် ပညာရေးကွန်ယက် (၁)နှစ်ပြည့် ဈေးရောင်းပွဲတော်ကို ပြုလုပ်ခဲ့ပြီး အဆိုပါဈေးရောင်းပွဲတော် သို့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး ပညာရေးနှင့်ပတ်သက်သည့် အဆိုအမိန့်များကို ပြည်သူလူထုအား ဟောကြားသွားခဲ့ပါသည်။ 
ထို့နောက် အဆိုတော်များ ဖြစ်ကြသော ဆောင်းဦးလှိုင်၊ ရင်ဂို၊ အနဂ္ဂ၊ ထူးအယ်လင်း၊ ကဗျာဘွဲ့မှူး၊ ချောစုခင်၊ မီးမီးခဲ၊ သံသာဝင်းတို့က တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ပါသည်။ ဈေးအရောင်းဆိုင်များတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနှင့် ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံပါတီရှပ် အင်္ကျီများ၊ ဗိုလ်ချုပ်အောင်ဆန်းပုံပါ ဘေးလွယ်အိတ်များ၊ ပိုစတာများနှင့် သော့ချိတ်အစရှိသည့် အမှတ်တရပစ္စည်းများကို ခင်းကျင်း ရောင်းချခဲ့ပြီး ကြွရောက်လာသော ပြည်သူများမှလည်း အမှတ်တရ ပစ္စည်းများကို ၀ယ်ယူအားပေး ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်း၊ ဓာတ်ပုံ... ဒီမိုကောင်းကင်၊ ဒီမိုဝေယံ