ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဘလော့(ဂ်)ဒေး အမှတ်တရ...


 တလောက ပျူနိုင်ငံ ဘလော့ဂ်ပိုင်ရှင် ကိုအောင်က ဘလော့(ဂ်)ဒေး အတွက် အမှတ်တရ ရေးပေးဖို့ Tags ထားတဲ့ နာမည်ထဲမှာ ဒီမိုဝေယံဆိုတာ ပါနေတာ အမှတ်တမဲ့ တွေ့လိုက်ရတယ်...။ သူကိုယ်တိုင်လည်း ကွန်မာန့် တခုမှာ Tags ထားတဲ့ အကြောင်း တကူးတက လာရေးထားပါတယ်...။ ကျွန်တော်ကိုယ်တိုင်လည်း (၃၁)ရက်နေ့ မနက် ၅နာရီ ရောက်တဲ့အထိ ဘာမှ မရေးရသေး၊ ခေါင်းထဲမှာတော့ ရှိနေသည်။ ပျူနိုင်ငံ ကိုအောင်၊ ဘလော့(ဂ်)ဒေး ပျူနိုင်ငံ ကိုအောင်၊ ကိုအောင်ပျူနိုင်ငံဆိုပြီး တချက်ချက် ဝင်ဝင်လာတယ်...။ ကိုယ်ကိုယ်တိုင် ပြီးခဲ့တဲ့ ၅လပိုင်း (၃၀)ရက်နေ့က ဘလော့(ဂ်)လေး စလုပ်တာ ၂နှစ်ပြည့်ခဲ့ပေမယ့် ဘာမှ မရေးဖြစ်ခဲ့၊ ခုတလော သတင်းတွေ၊ ဓာတ်ပုံတွေနဲ့ အတူ လုံးလည် ချာလည်လိုက်ပြီး မိုးလင်းခဲ့ရတဲ့ နေ့တွေ မနည်းတော့။ ခေါင်းထဲမှာ အမိဧရာဝတီအရေး ရတက်မအေးနိုင် ဖြစ်နေရတော့ ကိုယ်လုပ်နိုင်တာလေး သိတာလေးတွေ ရှာကြံတင်ပြပေါ့...။

ရသဘလော့(ဂ်) မဟုတ်တဲ့ အတွက် နိုင်ငံရေးတွေ ပါလာရင်တော့ ခွင့်လွှတ် ကိုအောင်ရေ...။ ဘလော့(ဂ်) ဒေးဆိုတော့ ကိုယ့်ဘလော့(ဂ်) ဖြစ်ပေါ်လာတာလေး ပြောပြပါရစေ။ ဒီဘလော့(ဂ်)လေး စဖြစ်လာတာကတော့ ၂၀၀၉ခုနှစ် မေလ အမေစု တရားရင်ဆိုင်နေရတဲ့ အချိန် မတရားတာတွေကို ခံပြင်းမိရာကနေ ကိုယ်သိတာလေးတွေ အားလုံးသိအောင် ရေးမယ်ဆိုပြီး စခဲ့တာပါ...။  မှတ်မှတ်ရရ ဘလော့(ဂ်)လုပ်ပြီး နောက်တနေ့ညီငယ် ဖြိုးဝေ (Human Right Myanmar) အိမ် အလည်သွားအိပ်ပြီး ပိုစ့်တင်ပုံ တင်နည်းတွေကအစ သူ့ဆီက သင်ယူလေ့လာပေါ့...။ ပထမဦးဆုံး သင်ဆရာဆိုလည်း မမှားပါဘူး၊ မရေးတတ်ရေးတတ်နဲ့ ဘာဆိုဘာမှ မသိပဲ စခဲ့တာပါ။ မေလ(၃၀) ဒီပဲယင်း လုပ်ကြံမှု (၆)နှစ်ပြည့်သတင်းနဲ့ အတူ စတင်ခဲ့ချိန်မှာကိုကောင်းကင်ကိုရဲ့ အငိုဒုက္ခတိုင်းပြည် ကဗျာကို တောင်းယူခဲ့ပြီး တင်ဖြစ်ခဲ့ပါတယ်..။ ညီငယ်တယောက်ပေးတဲ့ ဘီလူးဆိုတဲ့ ကဗျာကို တင်ချိန်မှာတော့ ဘာဆိုဘာမှ မဟုတ်တဲ့ ကျွန်တော့်ကို ကိုကောင်းကင်ကိုက ပထမဦးဆုံး ကွန်မာန့်လာရောက် ရေးသားခဲ့တာလေးကို ပီတိဖြစ်ခဲ့ရတာပါ...။ ဘလော့ဂ် စတင်ရေးသားချိန်မှာ နာမည်ကြီး ဘလော့(ဂ်)ကြီးတွေရဲ့ စီဘောက်မှာ သွားသွားရေးရတာ အမောပေါ့ဗျာ။ လူကြည့်များတဲ့ စီနီယာ ဘလော့(ဂ်)ဂါကြီးတွေ ဖြစ်တဲ့ ကိုနစ်နေမန်း၊ ဒေါက်တာလွဏ်းဆွေ၊ ကိုဖိုးတရုတ်နဲ့ အာဇာနည်ဘလော့ဂ်တွေမှာ သတင်းအသစ်တွေ တက်တိုင်း သွားသွားရေးရတာ အမောပေါ့...။

လေးစားရတဲ့ ဘလော့ဂ်ဂါတွေကတော့ ကျွန်တော်တို့ နိုင်ငံရေး ဘလော့ဂ်ဂါတွေ စံထားရတဲ့ အာဏာရှင်တွေရဲ့ မတရားဖမ်းဆီးထောင်ချ ခံနေရတဲ့ ဘလော့ဂ်ဂါ နေဘုန်းလတ်ပါပဲ...။ နောက်တယောက်ကတော့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီး အတွင်းမှာ အချိန်ပြည့် မလွတ်တမ်း ကြည့်ခဲ့ပြီး အားကျခဲ့ရတဲ့ ဘလော့ဂ်ဂါ ကိုနစ်နေမန်းပါပဲ...။ ကျွန်တော်လို နည်းပညာ ကိုလေ့လာဖို့ထက် သတင်းကိုသာ အဓိကလုပ်နေတဲ့ ဘလော့ဂ်ဂါ တစ်ယောက်အနေနဲ့ ဘလော့ဂ်စတင်ချိန်မှာ နည်းပညာပိုင်းတွေမှာ အမြဲလုပ်ဆောင်ပေးတဲ့ ညီငယ် ခမိခဆဲနဲ့ ယခုအချိန်ထိ ကူညီပေးနေတာကတော့ ညီငယ်ကောင်းစုလင်း (မေတ္တာမီးအိမ်)ပါ။ ဒုတိယအကြိမ် ဘလော့(ဂ်) ပြန်လည် ပြင်ဆင်ရာမှာတော့ ညီငယ်စောကျော်ခွီး (ကော်သူလေးဘလော့ဂ်) ကပါဝင် လုပ်ဆောင်ပေးခဲ့တာပါ..။

မျိုးချစ်ပုဂ္ဂိုလ်ကြီးတွေရဲ့ အကြောင်းတွေ ပြန်လည် ဖော်ထုတ်ရေးသားရာ မှာတော့ ဘလော့ဂ်ဂါ ညီငယ် အလင်းဆက်က အထူးအားကိုးရသူ တစ်ယောက်ပဲ...။ သံဃာတော်နိုင်ငံရေး ဘလော့ဂ်ဂါတွေ ထဲကတော့ ရွှေဝါရောင် ဦးဆောင် ဆရာတော်တပါးဖြစ်တဲ့ ဘလော့ဂ်ဂါ အရှင်ထာဝရပါ..။ အစ်ကို တယောက်လို လေးစားရတဲ့ ဘလော့ဂ်ဂါ ကိုနစ်နေမန်း၊ ရီစရာတွေ ပြောတတ်တဲ့ ကိုလွင်ပြင်ကြီး (အတ္တကင်းစင် ဒီမိုကရေစီလွင်ပြင်)၊ ရန်ဖြစ်ဖော် ရန်ဖြစ်ဖက် သူငယ်ချင်း ဘလော့ဂ်ဂါ မြတ်လေးငုံဘလော့ဂ်ဂါ ဒေါင်းမာန်ဟုန် တို့နဲ့ကတော့ ဆွေးနွေးဖော် တိုင်ပင်ဖော် တိုင်ပင်ဖက်တွေပါပဲ...။ စာရေးကောင်းတဲ့ ပျူနိုင်ငံကိုအောင်နဲ့ မငယ်နိုင်တို့ကိုလည်း စာတွေကြိုက်တဲ့ အတွက် ဒီမိုဝေယံ ဘလော့ဂ် ဖြစ်ပေါ်လာပြီးကတည်းက ယခုထက်ထိအောင် ဆိုဒ်ဘားမှာ လင့်ခ်ထားခဲ့တာပါ...။ ဘလော့ဂ်စလုပ်တုန်းက အားပေးကူညီခဲ့ပြီး အပြင်မှာလည်း တွေ့ဘူးခဲ့တဲ့ ကိုရင်နော်ကိုလည်း ကျေးဇူးတင်ပါတယ်...။ တချို့ဘလော့ဂ်ဂါ နာမည်တွေ ကျန်ခဲ့ရင် ခွင့်လွှတ်ပါဗျာ...။ ၂၀၁၀က မဲဆောက်သွားစဉ် ခေတ္တတွေ့ဆုံခွင့်ရတဲ့ ဒေါက်တာလွဏ်းဆွေနဲ့ ကိုဖိုးတရုတ်တို့ကိုလည်း ခုထိအမှတ်ရနေဆဲပါ..။

ကိုအောင်ရေ ဘလော့ဂ်ဒေး ရေးရင်းနဲ့ ကိုယ့်ဘလော့ဂ် အကြောင်းဖော်ပြနေမိတာ ခွင့်လွှတ်ပါဗျာ...။ တခါတခါ သတင်းရေး၊ သတင်းတင်တာနဲ့ အလုပ်တဖက်နဲ့ ပင်ပန်းလွန်းလို့ ဘလော့ဂ်ကို ရပ်နားဖို့ အဆင့်အထိ စဉ်းစားမိတာလည်း အကြိမ်ကြိမ်ပါ...။ ၂နှစ်ကျော်ကာလအတွင်း မိုးလင်းခဲ့ရတာ အကြိမ်ကြိမ်ကြုံခဲ့ရပြီး အိပ်မှုန်စုံမွှားနဲ့ အလုပ်ထပြေးခဲ့ရတာ မရေမတွက်နိုင်အောင်ပါပဲ...။ တခါတရံဘူတာရုံ ပလက်ဖောင်းပေါ်မှာ၊ တခါတရံ ရထားထဲမှာ၊ တခါတရံ ပန်းခြံထဲမှာ၊ တခါတရံ အစည်းအဝေးခန်းမထဲမှာ ကွန်ပြူတာတလုံးနဲ့  ကျင်လည်နေမိသလို၊ မနက်အိပ်ယာထ အင်တာနက်နဲ့ မျက်နှာသစ်၊ အိပ်ချိန်မှ အင်တာနက်ကို ခေါင်းအုံးအိပ်ခဲ့ရတာ နေ့စဉ်လိုပါပဲ..။ သေချာတာကတော့ ယခင် နှစ်နှစ်ခြိုက်ခြိုက် ဖတ်ဖြစ်တဲ့ စာအုပ်စာတမ်းတွေ သေချာ မဖတ်ဖြစ်တော့တာပါပဲ...။ တခါတရံ ဘလော့ဂ်ကို ရပ်နားဖို့အထိ စဉ်းစားမိခဲ့ပေမယ့်လည်း အားလုံးအတွက် ကိုယ်တတ်နိုင်တာလေးတွေ ဆက်လက်တင်ပြမယ် ဆိုပြီးလုပ်ခဲ့တာ ၂နှစ်နဲ့ ၃လကျော်ခဲ့ပါပြီ..။ တလက်စတည်း ဘလော့ဂ်ဒေးမှာ စာဖတ်ပရိသတ်ကြီးနဲ့ သတင်းဓာတ်ပုံတွေ ပေးပို့လာတဲ့ ပြည်တွင်းပြည်ပက ညီအကိုမောင်နှမများ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်...။ ပြည်တွင်းက အန္တရာယ်ကြားက ပေးပို့ပေးကြတဲ့ ညီအစ်ကို မောင်နှမအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြောပါရစေ...။ နောက်တခုကတော့ အီးမေးလ်ထဲကနေ  ကွန်ပြူတာတလုံး ကိစ္စချောသွားအောင် အကြိမ်ကြိမ် VIRUS တွေထည့်ပြီး ပေးပို့ခဲ့တဲ့ သတင်းမှားတွေ အမြဲပေးပို့နေတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ထူးထူးခြားခြား အမှတ်ရနေပါတယ်...။

ကျွန်တော်တို့ ကြီးတော်နွားကျောင်း အပင်ပန်းခံ သတင်းရေးတဲ့ ဘလော့ဂ်ဂါတွေရဲ့ စာမူခလို့ သဘောထား သတ်မှတ်ရတာကတော့ ကိုယ်ရေးတင်တဲ့ သတင်းဆောင်းပါးတွေကို မှတ်ချက်ပေးတဲ့ ကွန်မာန့်တွေပါပဲ...။ ကွန်မာန်ရေးသား ထောက်ပြသူတွေကိုလည်း ကျေးဇူးတင်ကြောင်း ထပ်လောင်းပြောဆိုပါရစေ...။ ကိုယ့်ဘလော့ဂ် အကြောင်းများများ ရေးလိုက်ရတဲ့ ဘလော့ဂ်ဒေးမှာ နောက်ဆုံး ပြောချင်တာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နောင်တချိန် စစ်မှန်တဲ့ ဒီမိုကရေစီ စံနစ်အောက် အင်တာနက်ဆိုတာ အများပြည်သူသုံး ဖြစ်လာမယ့် တနေ့မှာ ပြည်သူတွေ အသိဥာဏ်ကို ဖွင့်လှစ်ပေးမယ့် ကဏ္ဍစုံမှ မြန်မာဘလော့ဂ်ဂါတွေ အများအပြား လိုအပ်ပါတယ်...။ ကိုယ်သိထားတဲ့ အသိဥာဏ်တွေ၊ အတွေ့အကြုံတွေ၊ ဗဟုသုတတွေကို ပြန်လည်မျှဝေပေးရမှာ ဖြစ်ပါတယ်။ တိုင်းပြည်ဖွံဖြိုးရေးအတွက် ခုကတည်းက မိမိတို့ သိထားတတ်ထားတာတွေ မျှဝေပေးဖို့ ကဏ္ဍစုံက ဘလော့ဂ်တွေ အများအပြား ထပ်မံပေါ်ပေါက် စေလိုပါတယ်...။
 
နိဂုံးချုပ်အနေနဲ့ ဘလော့ဂ်ဒေးမှာ ပြောချင်တာကတော့ ယခုအချိန်မှာ နိုင်ငံအတွက် အင်မတန် အရေးကြီးနေတဲ့ ကျွန်တော်တို့ အကျဉ်းကျခံ ဘလော့ဂ်ဂါ ကိုနေဘုန်းလတ် အပါအဝင်၊ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေး၊ အမျိုးသားရေးတာဝန် ဖြစ်တဲ့ အမိဧရာဝတီကို ကယ်တင်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတို့ အတွက် ကျွန်တော်တို့ ဘလောဂ်ဂါတွေအားလုံး နိုင်ငံရေး ဘေလာ့ဂ္ဂါ၊ နည္းပညာဘေလာ့ဂ္ဂါ၊ ရသဘေလာ့ဂ္ဂါ၊ သုတဘေလာ့ဂ္ဂါ  စတာတွေ မခွဲခြားပဲ အမျိုးသားရေး တာဝန်အဖြစ် ကျွန်တော်တို့ ဘလော့ဂ်ဂါတွေ အားလုံး တတ်နိုင်သလောက်  ဝိုင်းဝန်းပံ့ပိုးပေးကြပါလို့ ဘလော့ဂ်ဒေးမှာ ကိုအောင် ပျူနိုင်ငံ တက်ဂ် ထားတာလေးကို ရေးသားလိုက်ရပါတယ်...။

ဒီမိုဝေယံ