ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြန်မာပြည်ရဲ့ အတော်ဆုံး ရေအားလျှပ်စစ် ပညာရှင် လျှပ်စစ်ဝန်ကြီး Dr. Zaw Min (Phd; Hydropower Yunnan University) နှင့် သူ၏ လျှပ်စစ်ဓာတ်အားပေး စီမံကိန်းများ..

 ၂၀၁၁ခုနှစ် ဇန္နဝါလ ၁၈ရက်နေ့က  အာဏာရှင် တပ်ချုပ်ကြီးပုံအား (ယခုထက်တိုင် ချိတ်ဆွဲထားပါတယ်) ဦးထိပ်ထား၍ ဒေါက်တာဇော်ဖျင်းမှ ပြည်တွင်း ရေအားလျှပ်စစ် စီမံကိန်း ၆ခုအား လက်မှတ်ရေးထိုးနေစဉ်....။

ဓာတ်ပုံတွေကို ကြည့်မိရင်းက ငယ်စဉ် ကျောင်းမှာသင်ခဲ့ဘူးတဲ့ စာလေးတချို့ သွားသတိရမိပါတယ်...။ အလယ်ကလူ စကားဝဲ၏တဲ့..။ အခုခေတ်သစ်မှာတော့ အလယ်ကလူ စကားရိုင်း၏လို့ ပြင်ရမလိုပါပဲ...။ ဒေါက်တာဘွဲ့ရခဲတဲ့ စာတမ်း ၂ခုကတော့....

 ၂၄ရက် နိုဝင်ဘာလ ၂၀၁၀က လက်မှတ်ရေးထိုးခဲ့တဲ့ ဘီးလင်း ရေအားလျှပ်စစ်စီမံကိန်း
 ၂၀၁၀ခုနှစ် နိုဝင်ဘာလ ၁၀ရက်နေ့က မြန်မာ၊ တရုတ်၊ ထိုင်း တို့နဲ့ လက်မှတ် ရေးထိုးခဲ့တဲ့ သံလွင် အထက်ပိုင်း မောင်းတုန် ရေအားလျှပ်စစ် စီမံကိန်း..
၂၀၁၀ခုနှစ် ဇူလိုင်လက လက်မှတ်ရေးထိုးခဲ့တဲ့ Ngaw Chan Kha ရေအားလျှပ်စစ် စီမံကိန်း 
 ဒါကတော့ ၂၀၁၀ခုနှစ် စက်တင်ဘာလက မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း စာချွန်လွှာ လဲလှယ်စဉ်ကပါ..
ပြီးခဲ့တဲ့ ၁၁ရက်နေ့က ကြပ်ပြေး သတင်းစာ ရှင်းလင်းပွဲမှာ ဒေါက်တာဘွဲ့ရရှိခဲ့တာဖြစ်ပါတယ်။ ဘီလူးချောင်းနှင် ဧရာဝတီအား အတူတူဟူသော စာတမ်းနှင့်

ကျွန်တော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့။ သုံးစရာမရှိရင် ရောင်းစားရမယ်။

ဟူသောစာတမ်း ၂ခုဖြင့် ဒေါက်တာဘွဲ့ ရရှိခဲ့တာ ဖြစ်ပါတယ်...။

ဒေါက်တာဇော်ဖျင်း၏ ဓာတ်ပုံများအား ဆက်လက် ဖော်ပြပေးပါမယ်။။