ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နိုင်ငံတော် လျှို့ဝှက်သတင်းများအား ကြိုတင် သိရှိနေကြသူများ...

နိုင်ငံတော် လျှို့ဝှက်သတင်းများအား ကြိုတင် သိရှိနေကြသူများ
သူရဦးရွှေမန်း၏ သားဖြစ်သူ ဦးအောင်သက်မန်း ပိုင်ဆိုင်တဲ့
(RED LINK) အင်တာနက် ဆက်သွယ်ရေး ကုမ္ပဏီ

ယခင်ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ ယခုပြည်သူ့လွှတ်တော် ဥက္ကဌသူရဦးရွှေမန်း၏ သားဖြစ်သူ ဦးအောင်သက်မန်း ပိုင်ဆိုင်သော(RED LINK) အင်တာနက် ဆက်သွယ်ရေး ကုမ္ပဏီသည် အောက်တိုဘာလ(၁၅)ရက်နေ့မှ စတင်ပြီး အင်တာနက်လိုင်း ငှားရမ်းသုံးစွဲခများအား FECဖြင့် ပေးဆောင်ခြင်းကို လုံးဝလက်မခံတော့ကြောင်း သိရှိရပါသည်။ ပြည်သူ့လွှတ်တော်တွင် နိုင်ငံခြားငွေကြေးကိစ္စနှင့် ပတ်သက်သည့် အဆိုကို​တင်သွင်း ဆွေးနွေးခဲ့ပြီးနောက်FEC ကိုဒေါ်လာငွေနှင့် အစားထိုး လဲလှယ်ပေးမည်ဟု ပြောကြားခဲ့ပြီးသည့် နောက်ပိုင်းတွင် ယခုကဲ့သို့FECငွေကို ကုမ္ပဏီ အများစုမှ လက်ခံခြင်းမရှိတော့ပေ။

RED LINK အင်တာနက်လိုင်းကို စတင်သုံးစွဲခြင်းပြုရာတွင် FEC ၁၅၀၀ စတင် ပေးသွင်းခဲ့ရပြီး လစဉ်အင်တာနက် သုံးစွဲခမှာFEC ၄၅ဖြစ်သည်။ ယခင်လစဉ် အင်တာနက်သုံးစွဲခကို ပေးသွင်းရာတွင် FECဖြင့်သာ ပေးသွင်းခဲ့ရပြီး၊ သို့ရာတွင် FECငွေကြေးကိစ္စအား ပြည်သူ့လွှတ်တော်တွင် ထည့်သွင်းဆွေးနွေး ခြင်းသာဖြစ်ပြီး ငွေကြေးဆိုင်ရာ အပြောင်းအလဲအမိန့်ကို နိုင်ငံတော်မှ ထုတ်ပြန်ကြေငြာခြင်း လုံးဝမရှိသေးဘဲ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း၏ သားဖြစ်သူ ဦးအောင်သက်မန်းမှ မည်သည့်အကြောင်းကြောင့် FECငွေကို လက်ခံခြင်း မပြုတော့သည်မှာ နိုင်ငံတော်၏ လျှို့ဝှက်အက်ဥပဒေကို ကြိုတင်သိရှိပြီး ဖြစ်သောကြောင့်သာ ဖြစ်မည်ဟု ၎င်းပိုင်ဆိုင်သည့် RED LINK Wi-Max အင်တာနက်လိုင်းကို သုံးစွဲသော သူများမှ သုံးသပ် ဝေဖန်နေကြပါသည်။

 သတင်း၊ ဓာတ်ပုံ...။....။ ဒီမိုဝေယံ၊ ဒီမိုကောင်းကင်