ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးသားသည့် (မြန်မာပြည်ကရေးတဲ့စာ အပန်းဖြေနားရက်များ_ ၁) ယခုအပတ်ထုတ် ပြည်သူ့ခေတ် သတင်းဂျာနယ်တွင် ပထမဆုံးအကြိမ် ထည့်သွင်း ဖော်ပြခွင့်ရရှိ...

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးသားသည့် (မြန်မာပြည်ကရေးတဲ့စာ အပန်းဖြေနားရက်များ-၁-) ဆောင်းပါးကို ပြည်သူ့ခေတ် သတင်းဂျာနယ်တွင် ပထမဆုံးအကြိမ် ထည့်သွင်း ဖော်ပြခွင့်ရရှိခဲ့ပါသည်။ ယင်းဆောင်းပါးကို လွန်ခဲ့သည့် (၂)ပတ်ကျော်က ၎င်းပြည်သူ့ခေတ်ဂျာနယ်တွင် ဖော်ပြရန်အတွက် စာပေစိစစ်ရေးသို့ တင်ပြရာတွင် မူရင်းဆောင်းပါးမှ စာပိုဒ်အချို့အား စိစစ်ရေးမှ ဖြုတ်ပစ်ခဲ့သည့်အတွက် ထည့်သွင်းဖော်ပြခြင်း မပြုခဲ့ကြောင်း သိရှိရပါသည်။ 


ယနေ့ ဖြန့်ချိလိုက်သော ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာလူငယ်များအပေါ် အမြင်သဘောထားများအား ပြည်တွင်းထုတ် Messenger ဂျာနယ်က မေးမြန်းထားသည့် အင်တာဗျူးဖော်ပြ ခွင့်ရခဲ့ပြီး၊ 7 days News၊ The voice၊ Weekly Eleven၊ လျှပ်တပြက်၊ ဗီးနပ်စ် စသည့် ပြည်တွင်း ဂျာနယ်များကလည်း ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံ မေးမြန်းထားသည်များကိုလည်း ထည့်သွင်းဖော်ပြ ခဲ့ကြသည်ဟု သိရှိရသည်။ နိုင်ငံရေးသတင်း၊ ဆောင်းပါးများ အသားပေးဖေါ်ပြ ရေးသားပေးနေသည့် ပြည်သူ့ခေတ်ဂျာနယ်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ပုဂံခရီးသွား ဆောင်းပါးအား ပထမဆုံးအကြိမ် ဖော်ပြခွင့်ရသည့်အတွက်  ဂုဏ်ယူမိပါကြောင်း ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံ ဆရာမောင်ဝံသက ပြောကြားခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ရေးသားသည့် (မြန်မာပြည်က ရေးတဲ့စာ အပန်းဖြေနားရက်များ) ဆောင်းပါးအား (၁၉.၇.၂၀၁၁) နေ့ထုတ် Mainichi ဂျပန်သတင်းစာတွင် ဂျပန်၊ အင်္ဂလိပ်နှစ်ဘာသာနှင့် ဖော်ပြခဲ့သေးကြောင်း သိရှိရပါသည်။

သတင်း၊ ဓာတ်ပုံ ... ဒီမိုကောင်းကင်၊ ဒီမိုဝေယံ